election ads မူသစ်များလည်း ကြေငြာထားပါတယ်။

     ၂၀၁၈ ခုနှစ်အတွက် Google ရဲ့ Bad Ads Report ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

 Google Bad Ads Report 2018 မှာ ထူးခြားတာက အရင် ၂၀၁၇ ခုနှစ်ကထက် ကြော်ငြာရှင်အကောင့်၂ ဆနီးပါး ပိုပြီး အရေးယူမှု လုပ်ဆောင်ခဲ့တာပါ။ ကြော်ငြာမူဝါဒချိုးဖောက်တဲ့ ads ပေါင်း ၂.၃ ဘီလျံကျော်ကို တစ်နှစ်အတွင်း Google ဘက်မှ ဖြုတ်ချခဲ့သလို စည်းကမ်းဖောက်ခဲ့တဲ့ အကောင့် ၁ သန်း ကိုလည်း အရေးယူမှု လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။



Photo: Duwun Tech

         Google ရဲ့ Bad Ads သတ်မှတ်ချက်မှာတော့ သုံးစွဲသူကို အသိအမြင်လွဲစေပြီး မသင့်လျော်တဲ့ အန္တရာယ်ရှိတဲ့ ads တွေကို ကြော်ငြာမငဝါဒကို ချိုးဖောက်လို့သတ်မှတ်ပါတယ်။ Bad Ads တွေထဲမှာ malware ၊ phishing scams နဲ့ad fraud တွေလိုမျိုး အလိမ်အညာသုံးပြီး ကြော်ငြာတဲ့ ads တွေလည်း ပါဝင်ပါတယ်။

         ၂၀၁၇ ခုနှစ်အတွင်း Google ဟာ တစ်စက္ကန့်ကို bad ads ပေါင်း ၁၀၀ ကျော် ဖြုတ်ချခဲ့ပြီး စုစုပေါင်း ကြော်ငြာ ၃.၂ ဘီလျံအထိ ဖယ်ရှားခဲ့ရတယ်လို့ဆိုုပါတယ်။ ၂၀၁၈ မှာတော့ တစ်စက္ကန့်ကို bad ads ပေါင်း ၇၅ ခု ဖြုတ်ချခဲ့တာကြောင့် အရင်နှစ်ကထက် ၂၈% ပိုနည်းသွားခဲ့တာပါ။ Google ဟာ စည်းကမ်းဖောက်တဲ့ ကြော်ငြာရှင်အကောင့်တွေကိုတော့ mechine learning နည်းပညာသုံးပြီး ဖယ်ရှားခဲ့တယ်လို့ဆိုပါတယ်။

Photo: Adlibweb

         ဒီနည်းပညာနဲ့ဖယ်ရှားခဲ့တဲ့ အထဲမှာ publisher နဲ့app developers ပေါင်း ၇၃၄၀၀၀ နီးပါးအပါအဝင် အကောင့်စုစုပေါင်း ၁ သန်း ခန့်ပါဝင်ခဲ့တာပါ။ ဒီလို စည်းကမ်းဖော်နေတဲ့ အကောင့်တစ်ခုဟာ bad ads ထောင်ပေါင်းများစွာ run နိုင်တယ်လို့လည်း ဆိုပါတယ်။ Google ဟာ ၂၀၁၈ ခုနှစ်ထဲမှာ ကြော်ငြာလိမ်လည်မှုတွေ ဖော်ထုတ်ဖို့detection classifier ပေါင်း ၃၃၀ ထုတ်ခဲ့ကြောင်း ကြေညာထားပါတယ်။

         Google ဟာ manual နဲ့mechine learning နည်းပညာနှစ်ခုသုံးပြီး ေြက်ာညာစည်းကမ်းချိုးဖောက်မှုများကို ထောက်လှမ်းခဲ့ရာကနေ app ပေါင်း ၁.၅ သန်းနီးပါးနဲ့စည်းကမ်းပျက်တဲ့ ပေ့ချ်ပေါင်း ၂၈ သန်း ခန့်ကို ဖယ်ရှားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Google ဟာ Google Ads မှာ Policy Manager သစ် ဖြန့်ချိထားသလို ပြီးခဲ့တဲ့နှစ်အတွင်း ads policy သစ်ပေါင်း ၃၁ ခုကို မိတ်ဆက်ခဲ့ပါတယ်။

         သတင်းတုနဲ့နိုင်ငံရေး ကြော်ငြာအရောင်းအဝယ် မဖြစ်စေဖို့Google ဟာ ၂၀၁၈အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအကြိုကစပြီး ကြော်ငြာမူဝါဒပိုင်း ပွင့်လင်းမြင်သမှုရှိဖို့အတွက် ရွေးကောက်ပွဲကြော်ငြာ မူဝါဒသစ်ကို ကြေညာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က