ဒီနစ်ထွက် စမတ်ဖုန်းတွေမှာ သုံးလာဖို့ ရှိပါတယ်
Nyein Min Wai

မှန်ပြင်အောက် ဆယ်လ်ဖီကင်မရာတွေဟာ စမတ်ဖုန်းတွေအတွက် အထူးအဆန်း ဖြစ်မှာ မဟုတ်တော့ပါဘူး။


တရုတ် screen ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Visionox ဟာ ကမ္ဘာ့ပထမဆုံး မှန်ပြင်အောက် ဆယ်လ်ဖီကင်မရာထုတ်လုပ်မှု စတင်နေပြီလို့ Android Pit သတင်းမှာ ဖော်ပြထားပါတယ်။ နာမည်ကြီး သတင်း leaker တစ်ယောက်ဖြစ်တဲ့ Ice Universe ရဲ့ Tweet မှာ Visionox ဟာ ကမ္ဘာ့ပထမဆုံး မှန်ပြင်အောက်ကင်မရာစနစ်ကို အကြီးအကျယ် ထုတ်လုပ်တော့မယ်လို့ ကြေညာထားတယ်လို့လည်း ဆိုပါတယ်။



in-display ဆယ်လ်ဖီကင်မရာနည်းပညာဟာ လက်ရှိသုံးနေကြတဲ့ notch နဲ့ punch-hole ပြဿနာကို လုံးဝဖြေရှင်းနိုင်မယ့် နည်းပညာပါ။ ရှေ့ကင်မရာကို မှန်ပြင်ပေါ်ကနေ ဖျောက်ဖို့ စမတ်ဖုန်းကုမ္ပဏီတွေဟာ pop-up ကင်မရာတွေ သုံးတာမျိုး ရှိပါတယ်။ Visionox သာ in-display ဆယ်လ်ဖီကင်မရာကို ထုတ်နေပြီဆိုရင်တော့ ၂၀၂၀ နှစ်ကုန်နဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာ မှန်ပြင်အောက် ကင်မရာသုံး စမတ်ဖုန်းတွေ မြင်ရတော့မှာပါ။

ITHome သတင်းအရ Visionox ဟာ မှန်ပြင်အောက်ကင်မရာစနစ်ကို ပိုမိုချောမွေ့စေဖို့အတွက် hardware စနစ်ပိုင်းတွေကိုလည်း အဆင့်မြှင့်ထားတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ မှန်ပြင်အောက်က ကင်မရာနေရာမှာ ပိုပြီး ထွင်းဖောက်မြင်နိုင်စွမ်းကောင်းအောင် လုပ်မယ့် Screen Transparency စနစ် ၊ Pixel နဲ့ ဆားကစ် တည်ဆောက်ပုံ ဒီဇိုင်းသစ်တွေလည်း ပါဝင်ပါတယ်။

Photo: todaynewspost


Visionox ဟာ စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ပုံအရည်အသွေး ပိုမို တောက်ပကောင်းမွန် ရှင်းလင်းစေဖို့အတွက်လည်း ဆော့ဖ်ဝဲလ်အယ်လ်ဂိုရစ်သမ်တစ်ခု ထုတ်နေတယ်လို့ ဆိုပါတယ်။ Xiaomi မန်နေဂျာတစ်ဦးဖြစ်တဲ့ လုဝေဘင်းကတော့ မှန်ပြင်အောက် ဆယ်လ်ဖီကင်မရာအတွက် အလင်းဖောက်ပြီး ဖမ်းနိုင်တဲ့ screen မျိုးကို အကြီးအကျယ်ထုတ်လုပ်နိုင်ဖို့ဆိုတာ အဆင်သင့် မဖြစ်သေးဘူးလို့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ပြောခဲ့တာ ရှိပါတယ်။

မှန်ပြင်အောက် ကင်မရာပါ Concept ဖုန်းတွေကို OPPO နဲ့ Xiaomi တို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက မိတ်ဆက်ပြသခဲ့တာ ရှိပါတယ်။ Visionox ရဲ့ in-displayဆယ်လ်ဖီနည်းပညာဟာ မကြာတော့တဲ့ အနာဂါတ်အတွင်း စမတ်ဖုန်းလောကအတွက် အပြောင်းအလဲတစ်ခု ဖြစ်လာမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က