အွန်လိုင်းကနေ ဒေါက်ဖိနပ်ဝယ်မယ်ဆို ဒါကိုအရင်ဖတ်လိုက်ပါ။
 

ဒေါက်ဖိနပ်စီးတော့မယ်ဆို ပထမဆုံး ဦးစားပေးစဉ်းစားရတာ သက်တောင့်သက်သာဖြစ်ဖို့ပဲ။ ဘယ်လောက်ပဲ လှတယ်ဆိုဆို သက်တောင့်သက်သာမဖြစ်ရင် ကိုယ်ပဲခံရမှာ။ ဒေါက်ဖိနပ်လေး ၂ နာရီလောက်စီးမိပါတယ် ကိုယ်ကျိုးနည်းတဲ့အဖြစ်တော့ အရောက်မခံနဲ့။ စီးရတာ သက်တောင့်သက်သာဖြစ်စေမယ့် ဒေါက်ဖိနပ်တစ်ရံကို အမြန်ဆုံးနည်းနဲ့ သိနိုင်ဖို့ ဒီနည်းကိုသုံးနိုင်ပါတယ်။ အပြင်မှာ လက်တွေ့စမ်းစီးကြည့်လို့မရဘဲ အွန်လိုင်းကနေ ဝယ်မယ်ဆိုရင် ဒီနည်းလေးနဲ့ စမ်းသပ်ကြည့်ပြီးမှ ဝယ်ပါနော်။



ဆက်စပ်ဖတ်ရှုနိုင်ရန် ---> ဒေါက်ဖိနပ်ကြိုက်သူတွေ သိထားသင့်တဲ့အချက် (၆) ချက်

 

ဒီနည်းက ဘာလဲဆိုတော့ ဖိနပ်အောက်ခံပြား (sole)နဲ့ ဒေါက်ရဲ့ကြားက အကွာအဝေးကို ကြည့်တဲ့နည်း ဖြစ်ပါတယ်။ ခြေဖျားထိပ်ဆိုးလ်နဲ့ ခြေဖနောင့်မှာရှိနေမယ့် ဒေါက်ရဲ့ ကြား အကွာအဝေးဟာ ၃ စင်တီမီတာနဲ့အထက်ဆိုရင် အိုကေပါတယ်။ ဒီအကွာအဝေးလောက်ဆို စီးရတာ သက်တောင့်သက်သာဖြစ်တယ်။ ဒီ့ထက်တိုရင် စီးရတာ သက်တောင့်သက်သာမဖြစ်ဘူး။ ခြေဖဝါးနာမယ်၊ ခြေသလုံးတွေတောင့်မယ်၊ ဇက်ကြောတက်လိမ့်မယ်။ ဆိုးလ်နဲ့ဒေါက်ရဲ့ကြား အကွာအဝးဟာ ၂.၅ စင်တီမီတာလောက်ထိ တိုနေရင်လည်း စီးလို့ရပါသေးတယ်။ စီးနေကျလူတွေကတော့ စီးနိုင်မှာပေါ့။ ဒီ့ထက်အကွာအဝေးနည်းရင် မစီးသင့်တော့ဘူး။

 

၂.၅ စင်တီမီတာထက် အကွာအဝေးပိုနည်းတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်က ခြေချောင်းလေးတွေဆီ သက်ရောက်သွားပါတယ်။ စီးပြီး မကြာခင်မှာပဲ ခြေချောင်းလေးတွေ နာလာလိမ့်မယ်။ နောက်တစ်ခါ ဖိနပ်ဝယ်မယ်ဆိုရင် ပေတံလေးဖြစ်ဖြစ် ပေကြိုးလေးဖြစ်ဖြစ် ဆောင်သွားပြီး မဝယ်ခင် အစမ်းစီးရင်း တိုင်းကြည့်ပါ။ အွန်လိုင်းက မှာမယ်ဆိုရင်တော့ ဖိနပ်ကို လက်တွေ့တိုင်းလို့ မရနိုင်ဘူးပေါ့။ အဲ့ဒီအခါကျရင် ကိုယ်စီးဖူးတဲ့ သက်တောင့်သက်သာဖြစ်တဲ့ဒေါက်ဖိနပ်ရဲ့ပုံနဲ့ ကွန်ပျူတာပေါ်မှာ နှိုင်းယှဉ်ကြည့်လို့ရပါတယ်။ အရေးကြီးတာက ဖိနပ်ဆိုဒ်နဲ့ အတိုင်းအတာတွေဟာ ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့အတိုင်း တိကျမှန်ကန်ဖို့တော့ လိုပါတယ်။

Source : She Finds


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က