Chanel ကို ချန်နယ်လို့ခေါ်နေတာမြင်ရင် စိတ်ထဲ ကျလိကျလိဖြစ်နေလား

ဖက်ရှင်အမြင်ရှိဖို့ဆိုတာ သိပ်ကို ခက်ခဲတယ်။ ပေါ်သမျှ အဝတ်အစားတွေ မလွတ်တမ်းဝယ်၊ ဈေးကြီးတဲ့ branded တွေကိုမှ ဝတ်ဆင်သုံးစွဲတာ ဖက်ရှင်မဟုတ်ဘူးနော်။ ပြီးတော့ ကိုယ်ဟာ ဖက်ရှင်ကိုစိတ်ဝင်စားပြီး ဖက်ရှင်အမြင်ရှိသူတစ်ဦးဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိဘူး ဖြစ်နေကြတယ်။ အခုပြောပြမှာက ဖက်ရှင်အမြင်ရှိတဲ့ မိန်းကလေးတွေအကြောင်းပါ။



 

၁။ ကမ္ဘာကျော် အမှတ်တံဆိပ်တွေရဲ့ အမည်ကို တလွဲတွေခေါ်နေရင် ကိုယ့်စိတ်က မနေနိုင်ဘူး။ မှားနေတယ်ဆိုတာ ပြောလိုက်ရမှ ကျေနပ်တယ်။ ဥပမာ Chanel ကို ချန်နယ်လို့ ခေါ်နေတာမျိုးမြင်ရင် သိပ်အသည်းယားတာ။

၂။ ပွဲကို ဒေါက်ဖိနပ်မစီးဘဲ ခြေညှပ်ဖိနပ်စီးလာရင် မျက်စိက အလိုလိုကြည့်မိတယ်။ စိတ်ထဲမှာတော့ " ဘယ်လိုတွေဂွမ်းနေတာလား" ဆိုပြီး တွေးနေမိတာ။

၃။ လူတွေကို လိုက်ကြည့်ရတာ ကိုယ့်အတွက်တော့ အိုလံပစ် အားကစားနည်းတွေလိုပဲ။ စိတ်ဝင်စားစရာကောင်းလွန်းတယ်။

 

၄။ ဖက်ရှင်ရှိုးတွေက ညဉ့်နက်သန်းခေါင်ကျော်မှလာလည်း ထကြည့်တယ်။ ပြန်လွှင့်မယ့်အချိန်ကို မစောင့်နိုင်တော့ဘူး။ ချက်ခြင်းကို ကြည့်ရမှ။

၅။ ကိုယ်ဝတ်ဆင်ထားတာကို ဘယ်သူတွေ ဘာပြောပြော ၊ ဘယ်လိုကြည့်ကြည့် ဂရုကိုမစိုက်တာ။ ကိုယ့်စိတ်ကြိုက်ပဲ ကိုယ်ဝတ်တယ်။

၆။ အဝတ်အစားတွေ ဘယ်လောက်ဝယ်ဝယ် ကိုယ့်သူငယ်ချင်းတွေကလည်း မတားဘူး။ တားလို့မှမရတာ။

၇။ ဖိနပ်ကောင်းကောင်းစီးတာ ရင်းနှီးမြှုပ်နှံမှု၊ အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့ ဖက်ရှင်ကျကျဝတ်တာဟာ ရင်းနှီးမြှုပ်နှံမှုလို့ ယူဆတယ်။ အလုပ်ထဲကလူတွေ ကိုယ့်အပေါ် မထေမဲ့မြင် မလုပ်ရဘူး။ ပြီးတော့ ကိုယ့်စိတ်ကြိုက်ဝတ်ထားလို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်း ပိုရတယ်။

၈။ သူငယ်ချင်းတွေရဲ့ ဖက်ရှင်အကြံပေး ဖြစ်မှန်းမသိ ဖြစ်လာတယ်။ တစ်ခုခုဝယ်ဖို့အတွက် အကြံတောင်းပြီဆို ကိုယ့်ဆီကပဲတောင်းကြတယ်။ ဒါက ကိုယ့်ရဲ့ဖက်ရှင်အမြင်ကို သူတို့လက်ခံယုံကြည်လို့ပဲလေ။

၉။ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ကိုယ့်ကို အဝတ်အစားတွေ အရမ်းဝတ်လွန်း၊ ပဲများလွန်းတယ်လို့ မြင်တယ်။ ကိုယ်ကတော့ သူတို့ကို သပ်သပ်ရပ်ရပ် မနေတတ်သူတွေ၊ ဖြစ်ကတတ်ဆန်းသမားတွေလို့ မြင်မိတယ်။

၁၀။ ဈေးလျှော့ပေးနေတယ်ဆိုတဲ့ သတင်းဟာ ထီပေါက်သလို ပျော်ရပါတယ်။

၁၁။ Street style ဆိုတာ ကိုယ့်အကြိုက်ဆုံး ဖက်ရှင်ပဲ။ ပေါ့ပါးလွတ်လပ်ပေမဲ့ အထာကျကျ လှလှပပလေးလည်း ဝတ်ရတာမျိုးကိုး။

၁၂။ အွန်လိုင်းမှာဆိုလည်း ဖက်ရှင်ပေ့ချ်တွေ၊ ဘလော့တွေကို follow လုပ်ထားတယ်။ ပြီးတော့ ဖက်ရှင်နဲ့ပတ်သက်တဲ့ စာအုပ်၊ မဂ္ဂဇင်းတွေဆိုလည်း ဝယ်မိသေးတယ်။ အိမ်မှာဆို မဂ္ဂဇင်းတွေ ပုံနေပြီလေ။

Source : Bazaar


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က