တချို့သော ဖက်ရှင်အသုံးအဆောင်တွေရဲ့ ပါဝါက အရမ်းကြီးတယ်။ ဘယ်လိုမျိုးလဲဆိုရင် ဘယ်လောက်ခေတ်တွေပြောင်းပြောင်း ၊ နှစ်တွေ ဘယ်လောက်ကြာကြာ ရိုးမသွားတဲ့ဒီဇိုင်းမျိုးပါ။ အဲ့ဒီလိုမျိုး အမြဲတမ်း ဆန်းသစ်နေတဲ့ ဒီဇိုင်းနဲ့ အိတ်တွေကို တချို့က ပြန်ရောင်းဖို့အတွက်တောင် ရင်းနှီးမြှုပ်နှံကြတယ်။ ဝယ်ထားပြီး ပြန်ရောင်းရင်တောင် ဈေးပိုရလို့ တချို့လူတွေဆို ဝယ်ပြီးသိမ်းထား၊ နှစ်နည်းနည်းကြာမှ ပြန်ထုတ်ရောင်းကြတယ်။
Céline ရဲ့ Box Bag အိတ်လေးက ဒီဇိုင်းအရမ်းရှင်းတယ်။ ၂၀၁၁ ခုနှစ်က စတင်ဖြန့်ချိခဲ့တဲ့ ဒီဇိုင်းပါ။ Céline က ထုတ်တဲ့ အိတ်တွေထဲမှာ လူကြိုက်အများဆုံးအိတ်လည်းဖြစ်တယ်။ နေ့တိုင်းလွယ်လို့ အဆင်ပြေတဲ့ အရွယ်အစားလည်းဖြစ်ပြီး စလွယ်သိုင်းလွယ်လို့ရသလို လက်ကိုင်လို့လည်းရတယ်။ ပုခုံးမှာချိတ်ပြီး သုံးနိုင်တဲ့ shoulder bag အနေနဲ့ပါ သုံးလို့ရတယ်။ သားရေပြောင်နဲ့ လုပ်ထားတာဖြစ်ပြီး အရောင်စုံရနိုင်ပါတယ်။ ဆိုဒ်က အသေးနဲ့ အလတ် နှစ်မျိုးရှိတယ်။ ဈေးကတော့ ဒေါ်လာ ၃၉၀၀ အထက်ပါ။
၁၉၅၅ ခုနှစ်မှာ Coco Chanel ဖန်တီးခဲ့တဲ့ ဒီဇိုင်းပါ။ ခုချိန်ထိအောင် ပွဲလမ်းတွေမှာရော အပြင်မှာပါ မြင်နေရတာကိုက ဒီအိတ်ရဲ့ လွှမ်းမိုးမှုအားကို သိနိုင်တယ်။ ချစ်စရာကောင်းတဲ့ အိတ်လေးရဲ့ ဝယ်လိုအားဟာ ၂၀၁၀ ခုနှစ်ကစပြီး တဖြည်းဖြည်း မြင့်တက်လာတာ ၇၀ % အထိ ဖြစ်လာတယ်။ ဆိုဒ်လေးမျိုးရှိပြီး အသေးဆုံးဆိုဒ်ကတောင် ဒေါ်လာ ၄၇၀၀ ရှှိပါတယ်။ ဆိုဒ်ကြီးဆိုရင်တော့ ဒေါ်လာ ၆၀၀၀ ပါတဲ့။

ဓာတ်ပုံ - ဝတ်မှုံရွှေရည်ဖေ့စ်ဘုတ်
ပုံထဲမှာ ကစ်ကစ်ကိုင်ထားတဲ့ အိတ်လေးက Christian Dior ရဲ့ Lady Dior အိတ်လေးပါ။ ၁၉၉၄ ခုနှစ်တုန်းက ဒိုင်ယာနာမင်းသမီးအတွက် ဖန်တီးခဲ့တဲ့ဒီဇိုင်းတဲ့။ ဘယ်သူကိုင်ကိုင် လိုက်တဲ့ ဒီဇိုင်းမျိုးပါ။ ဈေးကတော့ ဆိုဒ်သေးကို ဒေါ်လာ ၂၉၅၀ ရှိပါတယ်။ နောက်ဆို ဒီ့ထက်ဈေးတက်လာဦးမှာ။
ဆယ်လီတွေတိုင်းမှာ အနည်းဆုံး တစ်အိတ်တော့ ရှိကိုရှိတယ်။ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ ကင်မ်ကာဒါရှီယန်တို့ဆီမှာ ဒီအိတ်မျိုး အလုံးရေ ရာနဲ့ချီ ရှိပါတယ်။ ခန့်ထည်ထည်နဲ့ စမတ်ကျတဲ့ဒီဇိုင်းမျိုးပါ။ Hermès ရဲ့ နာမည်ကြီးအိတ်တွေမှာ Kelly နဲ့ Birkin ဆိုပြီးရှိတယ်။ Birkin နဲ့ Kelly ရဲ့ ဒီဇိုင်းက ခပ်ဆင်ဆင်တူပါတယ်။ ဈေးကတော့ ဒေါ်လာ ၈၄၀၀ ဝန်းကျင်ကနေစတယ်။
Prada ရဲ့ ဒီဇိုင်းတွေက လူကြီးဆန်တဲ့ဘက်ကိုသွားတယ်။ Galleria Bag ကျတော့ လက်ကိုင်အိတ်အနေနဲ့ ခန့်ထည်ထည်ရှိတယ်။ Saffiano Lux bag လို့လည်း ဒီအိတ်ကို ခေါ်ကြတယ်။ ဒေါ်လာ ၁၂၉၀ နဲ့ ဆိုဒ်အလိုက် ဈေးကွာသွားတယ်။
Fendi ဖက်ရှင်တွေက လူငယ်တွေအကြိုက်ပါ။ Peekaboo အိတ်လေးကတော့ နာမည်အကြီးဆုံးပဲ။ ၂၀၀၉ ခုနှစ်မှ စထုတ်ခဲ့တာဖြစ်ပါတယ်။ ဆိုဒ် ၄ မျိုးရှိပြီး အသေးဆုံးက ဒေါ်လာ ၁၅၅၀ ကနေ စပါတယ်။
Source : Elle