May Sandy Aye

မော်ဒန်အရမ်းကျလွန်းတဲ့ ၁၉၂၀ဖက်ရှင်မှာ Flapper dress လို့ခေါ်တဲ့ ဂါဝန်တွေဟာ အနုစိတ်ပြီး စီးကွင့်တွေ၊ ကျောက်တွေနဲ့ အဆင်တန်ဆာ အမျိုးမျိုးကို ချိတ်ဆွဲတတ်ဆင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် တခြားအဆင်တန်ဆာတွေဖြစ်တဲ့ ငှက်မွှေးဦးထုပ်၊ ပဝါတွေကိုလည်း ဝတ်ဆင်ကြသလို၊ လက်ဝတ်ရတနာဆိုလည်း ပုလဲ နဲ့ စိန်ကို အများဆုံး ဆင်ယင်ကြတာကို တွေ့ရပါတယ်။



 

ဒီလိုဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ အလားသဏ္ဍန်တူတဲ့ ဝတ်စုံတွေကို မတ်လ ၂၃ရက်နေ့မှာ ကျင်းပသွားတဲ့ အကယ်ဒမီပေးပွဲမှာ အဆင်စုံ၊ ဒီဇိုင်းစုံနဲ့ ဖက်ရှင်အမျိုးမျိုးတွေထဲမှ ၁၉၂၀ခေတ်က ဖက်ရှင်တချို့ကို သတိထားမိလိုက်ပါတယ်။

 

အရင်ဆုံး ရင်ဘက်ထဲကဓား ရုပ်ရှင်မှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရရှိသွားတဲ့ ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင်က အစ်မဖြစ်သူ ဒီဇိုင်နာ အိကျော်ဇင်ဖန်တီးတဲ့ Rose Gold အရောင်ဝတ်စုံလေးကို ဝတ်ဆင်ခဲ့ပါတယ်။ Handmade စီးကွင့်လေးတွေ တွဲလောင်းကျနေပြီး စိန်စီထားသလားထင်ရလောက်အောင် ပျိုးပြက်လင်းလက်ပြီး အင်မတန်လှပတဲ့ ဝတ်စုံလည်းဖြစ်ပါတယ်။

 

အဒေါ်နဲ့အတူအပြိုင်လှနေတဲ့ တူမလေးမေတိုးခိုင်ရဲ့ ဝတ်စုံကလည်း ဒီဇိုင်နာ အိကျော်ဇင်ကပဲ ဖန်တီးပေးထားတာပါ။ ဆင်စွယ်ရောင်ဝတ်စုံလေးကို ပုလဲပုတီးလေး ဆင်မြန်းထားပြီး၊ ပုလဲကလစ်လေးကိုထိုးထားတာဟာ ၁၉၂၀ခုနှစ်တွေက အမျိုးသမီးတွေရဲ့ ဖက်ရှင်မှာ မပါမဖြစ်တဲ့ ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။

 

အကယ်ဒမီဝတ်မှုံရွှေရည်ရဲ့ အနောက်တိုင်းဆန်ဆန် Evening Gown လားထင်ရတဲ့ ဝတ်စုံလေးကတော့ တန်ဖိုးကြီး ဖက်ရှင်တစ်ခုဖြစ်တဲ့ Haute Couture ကို မြတ်နိုးတဲ့ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်ရဲ့ ဒီဇိုင်းလေးလည်းဖြစ်ပါတယ်။ ငွေရောင်ဝတ်စုံစိန်အပြည့်စီထားပြီး ငှက်မွှေးပဝါလေးကို လွှမ်းခြုံထားတာဟာ ၁၉၂၀မှာ မပါမဖြစ်တဲ့ accessories တစ်လည်းဖြစ်ပါတယ်။

 

Gothic ဆန်ဆန် မိတ်ကပ်နဲ့ ငွေရောင်ဝတ်စုံမှာ အနက်ရောင်ပဝါလွှမ်းခြုံထားတဲ့ ဖွေးဖွေးရဲ့ ဖက်ရှင်ကတော့ သူများထက်ထူးခြားပါတယ်။ ဒီဇိုင်နာ မပုံဖန်တီးပေးထားတဲ့ ဝတ်စုံနဲ့ ဇာဦးထုပ်ဆောင်းထားတဲ့ ဖွေးဖွေးရဲ့ ဖက်ရှင်ဟာ vintage ဆန်ပြီး  ပိတ်ကားခေတ်က အဖြူအမဲရုပ်ရှင်ကားထဲက ရှေးခေတ်မင်းသမီးတစ်ဦးလား ထင်ရပါတယ်။

 

ဆက်စပ်အကြောင်းအရာများ


Author


က္က