ဒီနှစ် Met Gala မှာတော့ Heavenly Bodies: Fashion and the Catholic Imagination ဆိုပြီး ဖက်ရှင်ကို ကက်သလစ်ဘာသာဝင်တို့ရဲ့ အဆောင်အယောင်ဝတ်စုံတွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ပြင်ဆင်ထားကြတာကိုတွေ့ရပါတယ်။

မေလ ၄ရက်နေ့က ကျင်းပတဲ့ Met Gala ပွဲဟာဆိုရင် Red Carpet ကော်ဇောနီအခမ်းအနားတွေထဲက ဖက်ရှင်တွေထဲမှာ မလွတ်တမ်းစောင့်ကြည့်ရတဲ့ ပွဲတစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာကျော်ဒီဇိုင်နာကြီးတွေနဲ့ သူတို့ဖန်တီးထားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်လာတဲ့ ဟောလိဝုဒ်အနုပညာရှင်တွေ အစုံအလင်တက်ရောက်ကြတဲ့ပွဲလည်းဖြစ်ပါတယ်။ Met Gala ပွဲကို နယူးယောက်မြို့က Metropolitan ပြတိုက်မှာ မှာ နှစ်စဉ် မေလရဲ့ ပထမဆုံး တနင်္လာနေ့မှာ ကျင်းပတဲ့ Metropolitan Costume Institute အတွက် ရံပုံငွေပွဲဖြစ်ပါတယ်။



ဒီနှစ် Met Gala မှာတော့ Heavenly Bodies: Fashion and the Catholic Imagination ဆိုပြီး ဖက်ရှင်ကို ကက်သလစ်ဘာသာဝင်တို့ရဲ့ အဆောင်အယောင်ဝတ်စုံတွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ပြင်ဆင်ထားကြတာကိုတွေ့ရပါတယ်။

Met Gala 2018 က လူပြောများတဲ့ ဖက်ရှင်တချို့

 

ကြက်သွေးရောင် Versace evening gown မှာ ကျောက်တွေစီထားပြီး ခေါင်းမှာ စူးလေးပန်ဆင်ထားတဲ့ Blake Lively ပါ။

 

ဝတ်စုံတစ်ခုလုံးကို ပုလဲဆင်မြန်းထားတဲ့ Cardi B ပေါ့။

 

ပြင်သစ် နာမည်ကျော် ဖက်ရှင် Balmain ရဲ့ evening gown နဲ့ J.Lo ပဲဖြစ်ပါတယ်။

 

Madonna ကတော့ Gothic ဆန်ဆန်အနက်ရောင်ဝတ်စုံမှာ သရဖူဆောင်းပြီး၊ မျက်နှာကို ပိုက်ကွန်နဲ့ အုပ်ထားပါတယ်။

 

ပုပ်ရဟန်းမင်းရဲ့ ဝတ်စုံကို Inspiration ယူထားတဲ့ Rihanna ရဲ့ ဖက်ရှင်ကတော့ သူများနဲ့မတူပါဘူ။ ဝတ်စုံကို ခေါင်းကအစ၊ ကိုယ်မှာ ခြုံတဲ့ ဝတ်ရုံကိုပါ ပုလဲတွေဆင်မြန်းထားပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က