လူကပိန်ပေမယ့် ဗိုက်ခေါက်ရှိတဲ့သူတွေ အများကြီးပါပဲ။

ဗိုက်ခေါက်ရှိတယ်၊ ဗိုက်ပူတယ်ဆိုတာဟာ ဝတဲ့သူ၊ ပိန်တဲ့သူနဲ့ သိပ်မဆိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လူကပိန်ပေမယ့် ဗိုက်ခေါက်ရှိတဲ့ မဒီတွေ အများကြီးရှိနေတာကြောင့်ပါ။

ဗိုက်ခေါက်ထွက်တာ၊ ပူတာမျိုးဟာ လူတစ်ယောက်ရဲ့ နေ့စဉ်ပုံမှန်ပြုလုပ်တဲ့အရာတွေ၊ အနေအထိုင်၊ အစားအသောက်စတာတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဥပမာ တစ်နေ့လုံး ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်ရတဲ့သူမျိုးတွေပေါ့။ ဗိုက်ကျဖို့ဆို လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရပါလိမ့်မယ်။ ဒါကလည်း စိတ်ရှည်ပြီး အချိန်တစ်ခုတော့ ကြာပါလိမ့်မယ်။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးပြီး နောက်ပိုင်း ဗိုက်ကျန်ခဲ့တာမျိုးတွေလည်း တွေ့ရဖူးပါတယ်။ ကလေးမွေးပြီးခါစမှာ ဗိုက်စည်းသေချာမစည်းဖြစ်ခဲ့တဲ့ သူတွေလည်း ဗိုက်နည်းနည်းလေး ကျန်နေခဲ့ကြပါတယ်။ ဒီတော့ ဗိုက်နေရာ ပြသနာကြောင့် ကိုယ်နဲ့ ဘယ်လိုဖက်ရှင်မျိုး လိုက်သလဲ၊ ဘယ်လိုအဝတ်အစားတွေ ရွေးရမလဲဆိုတဲ့ ပြဿနာလေးတွေ ရင်ဆိုင်လာကြရပြီပေါ့။ ဒီပြဿနာကို အလွယ်ကူဆုံး ဒီနည်းလေးတွေနဲ့ ဖြေရှင်းကြည့်လိုက်ပါ။



 (၁) လည်ပင်းပုံစံဆန်းတဲ့ အကျီ ရွေးပါ။ ဒါမှမဟုတ် လည်ပင်းမှာ အဆင်တန်ဆာဆန်းတာလေး တွေ ဝတ်ပါ။

ဒီအချက်ကတော့ အားလုံးရဲ့အကြည့်တွေကို မဒီတွေရဲ့ ဗိုက်နေရာကနေ လည်ပင်းကို ပြောင်းပစ်စေ ချင်တဲ့ အတွက်ကြောင့်ပါ။ ကိုယ့်အကျီက လည်ပင်းပုံစံဆန်းဆန်းလေး ဝတ်ထားမယ်၊ ဒါမှမဟုတ် ဆွဲကြိုးကို လူတွေစိတ်ဝင်စားစေမယ့် ဆွဲကြိုးမျိုးလေး ဆင်မြန်းထားမယ်ဆိုရင် အဲ့ဒီ အမျိုးသမီး ဗိုက်ပူနေရင်တောင် လူတော်တော်များများက ဗိုက်ပူလို့ပူမှန်းတောင် သတိမထားမိတတ်ကြပါဘူး။

 (၂) ချက်လျှောဂျင်းဘောင်းဘီတွေ မရွေးဘဲ ချက်အပေါ် High Rise ဂျင်းလေးတွေ ရွေးပါ။

ကိုယ့်ဗိုက်သားကို ပင့်တင်ထားသလို ဖြစ်စေမယ့် ချက်လျှောဘောင်းဘီမျိုးတွေ ရှောင်ဝတ်ရပါမယ်။ ဖြစ်နိုင်ရင် ချက်အပေါ်ရောက်တဲ့ High Rise ဂျင်းတွေသာ ရွေးချယ်စေချင်ပါတယ်နော်။

 (၃) sweatshirt အစင်းလေးတွေ ရွေးချယ်ပါ။

ခန္ဓာကိုယ်ကို ကြပ်တောင့်မနေစေဘဲ ဗိုက်ပူလို့ပူမှန်း လုံးဝမသိသာစေတော့မယ့် နောက်ထပ် ရွေးချယ်မှုကတော့ sweatshirt လေးတွေပါ။ အဲ့ထဲကမှ အစင်းလေးတွေကတော့ အသင့် တော်ဆုံးပါပဲ။

 (၄) ခါးနေရာ အတွန့်အကားလေးတွေပါ တဲ့ ဘလောက်စ်အကျီလေးတွေလည်း ဝတ်သင့်ပါတယ်။

ဘလောက်စ်အကျီဆို အရမ်းကြီး ပွတဲ့ဟာမျိုး မဟုတ်ပဲ ခါးနေရာ မကားတကားလေးနဲ့ အတွန့်ဘာညာ ပါတာလေး ရွေးဝတ်ထားရင် ဗိုက်ပူနေတာကို သူက ကာဗာလုပ်ပေးသလို ဖြစ်သွားစေပါတယ်။

 (၅) Baseball tee လေးတွေကလည်း လူငယ်ဆန်ဆန် ကြည့်ကောင်းနေစေပါလိမ့်မယ်။

ထသွားထလာအတွက်ပဲ ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး သွားလာရမယ့် နေရာတွေဆိုရင်တော့ လက်ဆက်baseball tee လေးတွေ ဒါမှမဟုတ် တစ်ဆက်တည်း ဒူးနီးပါးအရှည် baseball dress မျိုးရွေးပါ။ သူကလည်း ဗိုက်ခေါက်ရှိပြီး ဗိုက်ပူသူတွေအတွက် အဆင်ပြေစေတဲ့ အရာပါ။

 (၆) ရှေ့ကြယ်သီးတပ်ရှပ်အကျီတွေက လည်း ရှိကိုရှိသင့်တဲ့ အကျီပါ။

ဗိုက်ပူတဲ့ပျိုမေတွေအတွက် ရှေ့ကြယ်သီးတပ် ရှပ်တွေကို ရွေးစေချင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ သူ့ကိုပိုအထာကျစေချင်လို့ ဆိုပြီး ဘောင်းဘီထဲ ထည့်ဝတ်တာ ဘာညာတော့ မလုပ်ပါနဲ့။ ဒါဆို ဗိုက်နေရာကို အားလုံး သတိထားမိအောင် လုပ်သလို ဖြစ်သွားမှာပါ။ ဒီအတိုင်းပဲ အပြင်ထုတ်ဝတ်ပါနော်။

 (၇) ဗိုက်အပေါ်ပိုင်းနေရာမှာ အချည် အတွန့်လေးတွေပါတဲ့ အကျီမျိုး ရွေးနိုင်ပါ သေးတယ်။

ဗိုက်နေရာမဟုတ်ပဲ ဗိုက်အပေါ်နေရာမှာ ရှုံ့ထား ချည်ထား တွန့်ထားပြီး ဗိုက်ပေါ် အကားလေး ပြန်ကျတဲ့ ဒီဇိုင်းမျိုးကလည်း ဗိုက်ပူနေတာကို မသိသာစေတော့တာ ကြောင့် ဝတ်မယ်ဆို အိုခေပါတယ်။

 (၈) Denim Tunic ပုံစံလေးတွေကတော့ ဂျင်းချစ်သူတွေ အကြိုက်ပေါ့။

ဘလောက်စ်ပုံစံ jean tunic ဒီဇိုင်းလေးတွေ ကတော့ ဂျင်းချစ်သူတွေအနေနဲ့ ရွေးကို ရွေး ချယ်သင့်တဲ့ အရာပါ။ သူကလွတ်လွတ်လပ်လပ်နဲ့ ချစ်စရာလည်း ကောင်းပါတယ်။

 (၉) ခါးနေရာအောက်အကား peplum ဒီဇိုင်းလေးတွေ ရွေးပါ။

ခါးနေရာ ကျဉ်းပြီး ဗိုက်နေရာအကား ဒီဇိုင်း peplum လေးတွေကို အောက်ကနေ စကတ် အကျပ် ဒါမှမဟုတ် skinny ဘောင်းဘီမျိုးနဲ့ တွဲဝတ်နိုင်ပါတယ်နော်။

 (၁၀) legging အသားကပ် ဘောင်းဘီ လေးတွေကတော့ ဗိုက်ပူတဲ့သူတွေအတွက် မရှိမဖြစ်ပါပဲနော်။

အပေါ်က loose ဖြစ်တဲ့ အကျီလေးတွေ sweatshirt လိုဟာမျိုးလေးတွေနဲ့ တွဲဝတ်နိုင် တဲ့ legging လေးတွေကလည်း ဗိုက်သားရှိတဲ့ ပျိုမေတွေအတွက် တကယ်အသုံးဝင်တဲ့ အရာတွေပါနော်။

ထပ်ပြီးတော့ မဖြစ်မနေ ရှောင်ရမယ့် အရာတွေကို ထပ်ဖြည့်ပြောရရင်တော့ -

ဗိုက်နေရာဖုံးဖို့ဆိုပြီး ခါးပတ်အကြီးကြီးတွေ ပတ်တာ၊ ဗိုက်ကို တစ်ခုခုနဲ့ ဖုံးဖိပြီး ဝတ်တာ မျိုး လုံးဝမလုပ်သင့်ပါ။

နောက်ဆုံးပေါ်ဆိုတိုင်း ကိုယ့်ဘော်ဒီနဲ့ အဆင်မပြေတာကို လုံးဝမဝတ်ပါနဲ့။

သိပ်ကြပ်တဲ့ အဝတ်အစား၊ Fit ဖြစ်တဲ့ အကျီမျိုးတွေ မဖြစ်မနေ ရှောင်ပါ။

ကဲ ဒီလောက်ဆိုရင်တော့ ဗိုက်ပူတဲ့ မဒီတွေ အဝတ်အစားရွေးချယ်ရာမှာ အရင်ထက် အများကြီး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်က ဒီလိုအဝတ်အစား ဖက်ရှင်တွေ ရွေးပြီး မဝတ်ချင်ဘူး ဆိုရင်တော့ ဗိုက်ကျဖို့ အချိန်ပေး GYM ဆော့တာ ကျန်းမာရေးနဲ့ ညီညွတ်စွာပြုမူနေထိုင်တာ စတာတွေ အတွက် သေချာ အချိန်ပေးစေချင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့လည်း ရင်သွေး မွေးဖွားပြီးတာနဲ့ မပျင်းမရိပဲ ဗိုက်စည်း သေချာစည်းကြဖို့ အကြံပေးချင်ပါတယ်။

မေသော်

(I am Fashoin)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က