ရာသီဥတု ပူပေမဲ့ လန်းလို့ရပါသေးတယ်နော်။

ပူအိုက်တဲ့နွေရာသီ ရောက်ပြီဆိုတာနဲ့ မဒီတို့အတွက် အဝတ်အစားရွေးချယ်ရတာကလည်း လွယ်မယောင်နဲ့ ခက်ခဲတဲ့ကိစ္စတစ်ခုပါ။ အထူးသဖြင့် ကိုယ်က ကာလာအရင့်တွေ ဒါမှမဟုတ် အနက်ရောင်ကို သဘောကျနှစ်ခြိုက်တဲ့သူဆို ပိုလို့ရွေးချယ်ရခက်သေးတာနော်။ ဒီတော့ ဒီနှစ်နွေရာသီအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ အထာကျကျလေးလည်း ဖြစ်မယ်၊ ကိုယ့်ဗီရိုထဲမှာလည်း မရှိမဖြစ် လိုအပ်မယ့်အပြင် ရာသီဥတုနဲ့ ကွက်တိဖြစ်စေမယ့် ဒီဇိုင်းလေးတွေ ပြောပြပေးချင်ပါတယ်။



(၁) အဖြူရောင်နဲ့ပတ်သက်တဲ့အကျီ၊ အဝတ်အစားများ

အပြင်ထွက်တဲ့အခါ ကိုယ်ရွေးချယ်ဝတ်ထားတဲ့ အဝတ်အစားကတစ်ဆင့် အပူစုပ်ပြီး ကျန်းမာရေးအတွက်ပါ ထိခိုက်မှုတွေ မဖြစ်စေဖို့အတွက် အဖြူရောင်ကတော့ နွေရာသီမှာ အရွေးချယ်သင့်ဆုံးအရောင်ပါပဲ။

ကိုယ်က ရှင်းရှင်းလင်းလင်း ပေါ့ပေါ့ပါးပါးလေးတွေ ဝတ်နေကျဆိုရင် အဖြူရောင်တီရှပ်၊ ရှပ်အကျီလေးတွေနဲ့ အောက်က ဂျင်းဘောင်းဘီအတို ဒါမှမဟုတ် အရှည်စတာလေးတွေနဲ့ တွဲဝတ်ပါ။ ဒီတွဲစပ်မှုက ဘယ်တော့မှရိုးမသွားတဲ့ တွဲစပ်မှုဖြစ်တယ်ဆိုတာ အားလုံးအသိပါပဲ။ ဒါ့အပြင် အဖြူရောင်ချည်ထည် dress လေးတွေ၊ အပေါ်အောက် အကျီနဲ့ဘောင်းဘီ ဝမ်းဆက်စတာလေးတွေကလည်း နွေရာသီဖက်ရှင်တစ်ခုပါပဲ။ သူက ကမ်းခြေသွားတဲ့အခါ မှာလည်း ယူသွားနိုင်တာမို့ ဘာပဲဖြစ်ဖြစ် အသုံးဝင်ပါတယ်။

Photo - Pinterest

(၂) Floral အပွင့်အခက် ဒီဇိုင်းများ

နွေရာသီနဲ့လိုက်ဖက်တဲ့ ဖက်ရှင်နောက်တစ်မျိုးကတော့ အရောင်လွင်လွင်လေးတွေနဲ့ အားလုံးရဲ့အကြည့်ကို ဖမ်းစားပစ်နိုင်တဲ့ အပွင့်အခက်ဒီဇိုင်းတွေပါပဲ။ ကိုယ်က မိန်းကလေးဆန်ဆန် သဘောကျတယ်ဆိုရင်တော့ ခုနောက်ဆုံးခေတ်စားနေတဲ့ Mixed Floral Dress ဒီဇိုင်းလေးတွေေ ရွးချယ်စေချင်ပါတယ်။ မဟုတ်ပဲ ကိုယ်က ရှပ်အကျီဘာညာပဲ ဝတ်တယ်ဆိုရင်လည်း အရင်နှစ်က နေကြာပန်းရှပ်တွေ ခေတ်စားခဲ့သလို ဒီနှစ်မှာလည်း တခြား အနွယ်အခက် print ဒီဇိုင်းလေးတွေ၊ ပန်းပွင့်ဒီဇိုင်းစတာလေးတွေနဲ့ ဘောင်းဘီ၊ စကတ် စတာတွေနဲ့ တွဲဝတ်နိုင်ပါတယ်နော်။

(၃) ချည်သားနဲ့ချုပ်လုပ်ထားတဲ့ အဝတ်အစားများ

ဒီရာသီအတွက် အရွေးချယ်သင့်ဆုံးအရာကတော့ ချည်ထည်လေးတွေပါ။ ခုနောက်ပိုင်း ချည်ထည်လေးတွေကို ဒီဇိုင်းမျိုးစုံနဲ့ ဈေးကွက်ထဲမှာ တွေ့မြင်လာရသလို အားလုံးကလည်း သူ့ထက်ကိုယ် ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်း တွေနဲ့ ဖန်တီးထားကြတာမို့ ကိုယ်သဘောကျတဲ့ ဒီဇိုင်းမျိုးကို ရွေးချယ်လိုက်ရုံပါပဲ။ ကိုယ်က ရိုးရာစင်ဒီဇိုင်းလေးတွေ သဘောကျလား၊ ချည်ပေါင်းသားဗြောင်လေးတွေ ဝတ်ချင်တာလား၊ ဒါမှမဟုတ် ကာလာလေးတွေစပ်ပြီး ချုပ်ထားတဲ့ အကျီ၊ dress စတာတွေ ရွေးဝတ်ချင်တာလား အားလုံးအဆင်ပြေပြေေ ရွေးချယ်နိုင်တယ်လေ။

Photo - Pinterest

(၄) စပန့်သား အကျီ၊ ဘောင်းဘီများ

စပန့်သားလို့ ပြောလိုက်ရင် စပန့်သားတွေက ပွဲမှမတိုးတာလို့ ဆိုကြပါလိမ့်မယ်။ တကယ်တော့ စပန့်သားေ ဘာင်းဘီအပွလေးတွေနဲ့ အပေါ်က tee ဒါမှမဟုတ် ကြိုးတစ်လုံးအကျီလေးတွေ တွဲဝတ်ပြီး boho ဖက်ရှင် ပုံစံတောင် ဆင်မြန်းပစ်နိုင်ပါသေးတယ်။ တွဲတတ်ဖို့ပဲ လိုတာပါ။



Photo - Pinterest

(၅) အဆင်တန်ဆာများ

နွေရာသီဖြစ်တာကြောင့် အပြင်ထွက်တဲ့အခါ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စတာတွေကတော့ ပါကိုပါမှရပါလိမ့်မယ်။ ဒီလိုအရာတွေထဲမှာ ကိုယ့်အနေနဲ့ ဖက်ရှင်ကျချင်တယ်ဆိုရင်တော့ ဦးထုပ် ဒီဇိုင်းလေးတွေထဲက ကိုယ်နဲ့လိုက်မယ့် ဒီဇိုင်းကို ရှာဆောင်းဖို့ပါ။

ခုနောက်ပိုင်း Newsboy ဦးထုပ်လေးတွေ၊ Gatsbay ပုံစံလေးတွေအပြင် Panama လိုဦ းထုပ်အဝိုင်းတွေလည်း ပြန်ဆောင်းလာကြပါတယ်။ ကမ်းခြေမှာဆိုရင်တော့ Floppy ဦးထုပ်လေးတွေကိုမှ ကိုယ့်နာမည်ထိုးပြီး ဆောင်းတာမျိုးတွေလည်း ခုတော်တော်လေး

ဟော့နေတယ်နော်။ မျက်မှန်ကိုတော့ ကိုယ့်မျက်နှာနဲ့ လိုက်ဖက်မယ့် ဒီဇိုင်းမျိုးတွေ သေချာတပ်ကြည့်ပြီး ရွေးချယ်ဖို့ တိုက်တွန်းပါရစေ။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က