လူတစ်ယောက်ရဲ့စိတ်နေစိတ်ထား၊ အပြုအမူနဲ့ သူ့ရဲ့အကြိုက်၊ သူ့ကိုလွှမ်းမိုးထားတဲ့အရာတွေကို သူမွေးဖွားတဲ့ ရက်၊ လ၊ ရာသီခွင်တွေကိုကြည့်ပြီး သုံးသပ်ခန့်မှန်းနိုင်ပါတယ်။

လူတစ်ယောက်ရဲ့စိတ်နေစိတ်ထား၊ အပြုအမူနဲ့ သူ့ရဲ့အကြိုက်၊ သူ့ကိုလွှမ်းမိုးထားတဲ့အရာတွေကို သူမွေးဖွားတဲ့ ရက်၊ လ၊ ရာသီခွင်တွေကိုကြည့်ပြီး သုံးသပ်ခန့်မှန်းနိုင်ပါတယ်။ ဘယ်ရာသီဖွား ဖြစ်တယ်ဆိုတာပေါ် မူတည်ပြီးတော့လည်း အဲ့ဒီလူဟာ ဘယ်လိုဖက်ရှင်မျိုးနဲ့ လိုက်ဖက်တယ်၊ ဘယ်လို အရောင်မျိုးလေးတွေ ရွေးချယ်ဆင်မြန်းသင့်တယ်ဆိုတာ ပြောပြနိုင်တာမျိုးရှိပါတယ်။

မဒီတို့အတွက် ရာသီဖွားနဲ့ ဖက်ရှင် ဘယ်လိုဆက်စပ်နေတယ်ဆိုတာလေး ရေးပေးချင်ပါတယ်။ ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ပထမဆုံး မိဿရာသီခွင် (Aries) နဲ့ဖက်ရှင်အကြောင်း စရေးပေးသွားပါ့မယ်။ မဒီတွေထဲမှာ မတ်လ ၂၁ရက်နဲ့ ဧပြီလ ၁၉ရက်ကြားမွေးဖွားသူတွေပါရင် အဲ့ဒီမဒီတွေဟာ မိဿ ရာသီဖွားတွေပါ။

အရိုးဆုံးတွေနဲ့ အဆန်းဆုံးဖြစ်အောင် ဝတ်ပြတတ်တဲ့ ပြိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်

စိတ်အခြေအနေပေါ်မူတည်ပြီး အဝတ်အစားတွေကို တွဲစပ်ဝတ်ဆင်တတ်တဲ့ မေထုန်ရာသီဖွားတွေရဲ့ ဖက်ရွင်

ဖက်ရှင်ကို ဘယ်သူနဲ့မှမတူအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေအကြောင်း တစေ့တစောင်း

ရိုးရာထည်တွေနဲ့ ချည်သားဒီဇိုင်းတွေကို နှစ်ခြိုက်တဲ့ ကန်ရာသီဖွားတွေရဲ့ ဖက်ရှင်အကြောင်း

မိဿ ရာသီဖွားတွေဟာ ဖက်ရှင်နဲ့ပတ်သက်ရင် အမြင်ရှိပြီး ဘယ်လိုလေးတွဲစပ်လိုက်ရင် လိုက်ဖက်ပြီး ကိုယ်နဲ့ အဆင်အပြေဆုံးဖြစ်မယ်ဆိုတာ သိတဲ့သူတွေလို့ ဆိုရပါလိမ့်မယ်။ သူတို့တွေဟာ များသောအားဖြင့် အရမ်းခေတ်စားနေတဲ့ ဒီဇိုင်းမျိုးတွေ လိုက်ဝတ်ပြီး စတိုင်လ်ကျတာမျိုးထက်၊ သိပ်တိုတဲ့ dress တွေဝတ်ပြီး လူကြည့်ခံရတာမျိုးထက် သူတို့ဘာသာသူတို့ ယုံကြည်မှုရှိတဲ့အရာမျိုးတွေကို တွဲစပ်ဝတ်ဆင်တတ်ကြ တာကြောင့်လည်း အားလုံးက ဖက်ရှင်အမြင်ရှိတဲ့သူလို့ လက်ခံထားတတ်ကြပါတယ်။

နောက်တစ်ချက်က ဒီရာသီဖွားတွေဟာ ဖက်ရှင်နဲ့ပတ်သက်ရင် trendsetter တွေလို့ဆိုရလောက်အောင် သူတို့ဝတ်လိုက်တာနဲ့ အားလုံးကသဘောကျပြီး လိုက်ဝတ်တာမျိုးလည်း အမြဲခံရသူတွေပါ။ သူတို့မှာ အမြဲပုံမှန်ဝတ်ဆင်နေတဲ့ အဝတ်အစား ဒီဇိုင်းတွေရှိနေတတ်ပေမယ့် အဲ့ဒါတွေကိုတစ်ခါနဲ့တစ်ခါ မထပ်အောင် ဘယ်လိုဝတ်ဆင်ရမယ်၊ သူများနဲ့မတူအောင် ဘယ်လို ဆင်မြန်းရမယ်ဆိုတာ သိနေတာက မိဿရာသီဖွား တွေရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ထူးခြားတဲ့အချက်လို့ ဆိုရပါလိမ့်မယ်။

ကိုယ်က မိဿရာသီဖွားမဟုတ်ရင်တောင် ကိုယ့်သူငယ်ချင်းတွေထဲ မိဿရာသီဖွား တစ်ယောက်လောက် ပါမယ်ဆိုရင် ကိုယ့်ဖက်ရှင်နဲ့ပတ်သက်ပြီး သူ့အမြင်ကို မေးလို့ရပါသေးတယ်။ သူတွဲစပ်တဲ့ ပုံစံတွေထဲက ထူးခြားမှုဘာရှိတယ်ဆိုတာကိုလည်း ကိုယ့်အနေနဲ့ လေ့လာကြည့်နိုင်ပါတယ်။

အားသာချက်တွေရှိသလို မိဿရာသီဖွားတွေရဲ့ ဖက်ရှင်ပိုင်းဆိုင်ရာအားနည်းချက်တစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ ထသွားထလာမှာတောင် အမိုက်စားဆင်မြန်းတတ်သူမို့ သူ့ကိုပွဲအခမ်းအနားတွေမှာလည်း ဘာမှစဉ်းစားနေစရာမလိုဘဲ လွယ်လွယ်ကူကူ ကောက်ဝတ်သွားနိုင်မယ်လို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီအချက်ကတော့ မှားပါတယ်။ မိဿရာသီဖွားတွေဟာ unfinished look လို ကပိုကရိုပုံစံအတွဲအစပ်တွေ မှာ အမိုက်စားတွဲစပ်နိုင်သလောက် တကယ့်ပွဲတွေအတွက်ဆို သူတို့ဘာဝတ်ရမှန်းမသိ အာရုံစား တတ်ကြသူတွေပါ။ ဒါ့ကြောင့် မိဿရာသီဖွားတွေအနေနဲ့ ပွဲ၊ အခမ်းအနားသွားရမယ်ဆိုရင် အချိန်သေချာယူပြီး ပြင်ဆင်ဖို့လိုပါတယ်။

ဒါ့အပြင် မိဿ ရာသီဖွား မဒီတွေအနေနဲ့ ထပ်ပြီးသတိထားရမှာက ကိုယ့်ရဲ့ခန္ဓာကိုယ်အနေအထားရဲ့ အားနည်းချက်၊ အားသာချက်တွေကိုပါ။ ကိုယ်က လည်ပင်းအရိုးတွေကြီးတဲ့သူလား၊ လက်ပြင်ကိုင်းတယ်လို့ ခံစားရသလား၊ ဒါမှမဟုတ် ခါးနည်းနည်းတုတ်တယ်လို့ ခံစားရလား စတာတွေကို သတိထားပြီး ဆင်မြန်းနိုင်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ တဇွတ်ထိုးလုပ်တတ်တဲ့အပြုအမူ၊ မြန်ဆန်တဲ့စိတ်၊ ဆုံးဖြတ်ချက်တွေကြောင့် အဝတ်အစားဝယ်ယူတဲ့အခါ သေချာမရွေးချယ်ဘဲ ဝယ်ယူမိတာတွေရှိတတ်တာကိုလည်း သတိထားဖို့ လိုပါတယ်။

တစ်မျိုးဆိုတစ်မျိုး၊ တစ်ရောင်ဆိုတစ်ရောင်တည်းချည်း အမြဲဆင်မြန်းတတ်တဲ့ မိဿရာသီဖွားတွေအတွက် တစ်ခါတစ်လေတော့ ဒီဇိုင်းပိုင်းအပြောင်းအလဲလေးတွေ ဝတ်ကြည့်တာမျိုး၊ အဆင်တန်ဆာပိုင်းကို ပိုတိုးပြီး ဆင်မြန်းတာလေးတွေ လုပ်ကြည့်သင့်ပါတယ်။ အရောင်နဲ့ပတ်သက်လာရင် မိဿရာသီဖွားတွေဟာ အရောင်တောက်တာထက် မှိုင်းတာမျိုးတွေကို သဘောကျတတ်ကြတာကြောင့် အရောင်ရင့်ရင် တောက်တောက်လေးတွေကိုလည်း စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မိဿရာသီဖွားတွေအတွက် အလိုက်ဖက်ဆုံးအရောင်က အနီရောင်ပါ။

ဒါ့ကြောင့် အနီနဲ့ပတ်သက်တဲ့ အဆင်တန်ဆာ၊ အဝတ်အစားဒီဇိုင်းတွေကို ပိုရွေးချယ်ပြီး ဆင်မြန်းကြည့်ပါ။ သူများနဲ့မတူ တမူထူးခြားတဲ့ ခံစားမှုမျိုးရရှိနိုင်ရုံသာမက အခြားသူတွေကလည်း ဒီအရောင်နဲ့ဆို ကိုယ့်ကိုပိုအာရုံစိုက် သဘောကျနေကြပါလိမ့်မယ်။ အဆင်တန်ဆာပိုင်းဆိုရင်လည်း သေးသေးလေးတွေ ဝတ်တာထက် တစ်ခါတစ်လေ နားကပ်အကြီးကြီးတွေ၊ ဆွဲကြိုး အမိုက်စားေတွေ ရွေးချယ်လိုက်ပါ။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားကာအထာကျတဲ့ အမျိုးသမီး မိဿရာသီဖွား အနုပညာရှင်အချို့ကတော့ Kate Hudson၊ Keira Knightly၊ Lady Gaga၊ Selena Gomez၊ Emma Watson နဲ့ Kristen Stewart တို့ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပိုင်ဖြိုးသု၊ အိမ့်ချစ်၊ ရွှေသမီး၊ ဆုအိမ့်စံ၊ သွန်းဆက်နဲ့ ရတနာခင်တို့က မိဿရာသီဖွားတွေပါ။

မဒီတို့ရော ဒီအနုပညာရှင်တွေထဲက ဘယ်သူ့ရဲ့ဖက်ရှင်ကို သဘောကျလဲဆိုတာ ပြောပေးသွားဦးနော်။

 


 

Share

Loading Next Article...
က္က