ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက် ရေးပေးသွားမယ့် ရာသီဖွားကတော့ မေထုန်ရာသီ ဖွား (Gemini) ပဲ ဖြစ်ပါတယ်။ မေထုန်ရာသီဖွားတွေဟာ မေလ ၂၁ရက် ကနေ ဇွန်လ ၂၀ရက်အတွင်း မွေးဖွားသူတွေပါ။

ရာသီခွင် (၁၂) မျိုးရှိတဲ့အထဲမှာ မဒီတို့မွေးဖွားတဲ့ ရာသီခွင်က ဘာများပါလဲ။ ဒီလိုမေးရတဲ့ အကြောင်းအရင်းကတော့ ကိုယ်ကဘယ်ရာသီဖွားဆိုတာကို သိမယ်ဆိုရင် ကိုယ့်ရဲ့စိတ်နေစိတ်ထား၊ အပြုအမူနဲ့ ဘယ်လိုအရောင်တွေ ကြိုက်နှစ်သက်ပြီး ဘယ်လိုအရောင်ကိုတော့ဖြင့် ရွေးချယ်သင့်တယ်၊ ကိုယ့်ကိုလွှမ်းမိုးထားတဲ့အရာတွေက ဘာဖြစ်တယ်ဆိုတာကိုပါ ရာသီခွင်ကတဆင့် သိရှိနိုင်တာကြောင့်ပါ။

ကိုယ့်ရဲ့ဖက်ရှင်စတိုင်ကိုလည်း ရာသီခွင်နဲ့ချိတ်ဆက်ပြီး လိုက်ဖက်မှုရှိတာ၊ မရှိတာ၊ မဝယ်သင့်တဲ့အရာ၊ ဘယ်အရောင်လေးတွေကတော့ ကိုယ်ဆင်မြန်းသင့်တဲ့အရောင် စသဖြင့် သုံးသပ်ခန့်မှန်း ပြောဆိုနိုင်ပါသေးတယ်။ ဒါ့ကြောင့် မဒီတို့အတွက် ရာသီဖွားနဲ့ ဖက်ရှင် ဘယ်လိုဆက်စပ်နေတယ်ဆိုတာလေး ရေးပေးသွားမှာဖြစ်ပါတယ်။

ရာသီခွင် (၁၂) မျိုးရှိတဲ့အနက် ဒီတစ်ခေါက် ရေးပေးသွားမယ့် ရာသီဖွားကတော့ မေထုန်ရာသီ ဖွား (Gemini) ပဲ ဖြစ်ပါတယ်။ မေထုန်ရာသီဖွားတွေဟာ မေလ ၂၁ရက် ကနေ ဇွန်လ ၂၀ရက်အတွင်း မွေးဖွားသူတွေပါ။

မိဿရာသီဖွားတွေနဲ့ သူတို့ရဲ့ဖက်ရှင်အကြောင်း

အဝတ်အစားနဲ့ပတ်သက်ပြီး အမှတ်တရတွေ အမြဲရှိနေတတ်တဲ့ ကရကဋ်ရာသီဖွားများ

ဖက်ရှင်ကို ဘယ်သူနဲ့မှမတူအောင် ဆင်မြန်းတတ်တဲ့ သိဟ်ရာသီဖွားတွေအကြောင်း တစေ့တစောင်း

မေထုန်ရာသီဖွားတွေကတော့ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပုံစံတစ်ခုတည်းကို စွဲစွဲမြဲမြဲဝတ်ရတာမျိုး သိပ်သဘော မကျကြပါဘူး။ သူတို့တွေဟာ အဝတ်အစားဝတ်တဲ့အခါ သူတို့ရဲ့စိတ်အခြေအနေပေါ် မူတည်ပြီး ဝတ်တတ်ကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့ရဲ့ဖက်ရှင်ကိုကြည့်ပြီး သူတို့စိတ်ထဲဘာဖြစ်နေတယ်ဆိုတာကို ခန့်မှန်းကြည့်နိုင်တယ်လို့ ဆိုကြတာပေါ့။

တစ်နည်းအားဖြင့်ဆိုရရင် သူတို့က ခံစားချက်သမားတွေပါ။ အဝတ်အစားကိုတောင် ဒီနေ့ပျော်နေသလား၊ စိတ်ဓာတ်ကျနေသလား၊ ဒါမှမဟုတ် တစ်ခုခုနဲ့ပတ်သက်ပြီး အရမ်းတက်ကြွနေလား၊ အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေသလား စသဖြင့် သူတို့ရင်ထဲခံစားနေရတဲ့ ခံစားချက်၊ စိတ်အခြေအနေပေါ် တစ်နေ့တစ်မျိုး မရိုးရအောင်ဆင်မြန်းတတ်ကြတာမို့ ဖက်ရှင်နဲ့ပတ်သက်ရင် ထူးခြားတဲ့ရာသီဖွားတွေပါတဲ့။

ဒါ့အပြင် မေထုန်ရာသီဖွားတွေရဲ့ အဝတ်ဗီရိုထဲမှာ သူတို့ဝယ်ပြီး တစ်ခါမှမဝတ်ရသေးတဲ့ အကျႌအဝတ်အစား တွေ အမြဲတမ်းရှိနေတတ်တာကလည်း အဆန်းပါပဲ။ ဖက်ရှင်နဲ့ပတ်သက်ပြီး ဒီရာသီဖွားတွေနဲ့ မိဿ ရာသီဖွားတွေရဲ့ ခြားနားချက်က မေထုန်ရာသီဖွားတွေဟာ အခုဘာခေတ်စားနေသလဲဆိုတာကို စိတ်ဝင်စားတတ်ပေမယ့် တစ်ခုခုဆို ရိုးသွားသလို ခံစားရတာမျိုး သိပ်မရှိတာပါပဲ။

အဝတ်အစားဝယ်တဲ့အခါမှာလည်း သူတို့ဟာ ကိုယ်ဝယ်မယ့် အကျႌအဝတ်အစားတွေရဲ့ တံဆိပ်နဲ့ဈေးနှုန်းထက် ကိုယ့်စိတ်ခံစားချက်ပေါ်မူတည်ပြီး ဝယ်တာမျိုးက ပိုများပါတယ်။ ကြိုက်ပြီဟေ့ဆိုရင် ဈေးလည်းမကြည့်တော့ပဲ ကောက်ဝယ်ပစ်လိုက်တာမျိုး ရှိသလို၊ ဈေးတအားသက်သာနေလို့ မဝယ်သင့်ဘူး၊ တစ်ခုခုအဆင်မပြေတာ ဖြစ်နိုင်တယ်လို့ ကိုယ့်ဘေးကသူငယ်ချင်းက တားနေရင်တောင် ဝယ်ချင်ရင်ဝယ်တာမျိုးပါ။ ဒီအချက်ကတော့ တစ်ခါတစ်လေ ကောင်းကျိုးထက်၊ ဆိုးကျိုးများစေတဲ့ အချက်မို့ တစ်ခုခုဝယ်ခါနီး စိတ်အလိုကိုမလိုက်ဘဲ အချိန် လေးနည်းနည်းပေးပြီး ဆုံးဖြတ်သင့်ပါတယ်။ ကိုယ့်စိတ်ထဲအရမ်းလိုချင်လို့ ဝယ်ပြီးခါမှ ဒီလိုပုံစံတွေ ဗီရိုထဲအများကြီး ဖြစ်နေတာမျိုး၊ ဝယ်ပြီးမှ မဝတ်ဖြစ်တာမျိုးတွေလည်း ကြုံဖူးပြီမဟုတ်ပါလား။

မေထုန်ရာသီဖွားတွေကို များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အသွင်နဲ့ အမြဲတမ်းမြင်ရလေ့ရှိပြီး သူတို့ဟာ စိတ်ပါရင် ဂျင်းဘောင်းဘီနဲ့ ဒေါက်မြင့်တွဲစီးဖို့လည်း ချီတုံချတုံဖြစ်နေတာမျိုး ခပ်ရှားရှားဆိုပေမယ့် စိတ်မပါတဲ့အခါတွေမှာလည်း တွေ့ရာကိုပဲ အဆင်ပြေအောင် ဝတ်ဆင်သွားတတ်ကြပါတယ်။ ဒီလိုပြောလို့ အပြင်သွားတဲ့အခါ မြင်ရာကောက်စွပ်ပြီး ထွက်သွားရလို့ ဖက်ရှင်မကျ၊ အထာမကျဘူးလို့ ထင်ရတော့ မှားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့တွဲစပ်တဲ့ အတွဲအစပ်တွေက သူများတွေနဲ့ သိပ်မတူတတ် တာကြောင့်ပါ။ ဥပမာ သူများတွေက စတိုင်လ်ဘောင်းဘီနဲ့မှ လိုက်မယ်ထင်တဲ့ ရှပ်လေးတွေကို သူတို့က ဂျင်းနဲ့တွဲဝတ်ပြီး အထာကျတယ်ဆိုတာ သက်သေပြလိုက်နိုင်လို့ပါ။ ဒီလိုပဲ သူများတွေ ရုံးသွားတဲ့ အချိန်မျိုးတွေမှာသာ ရွေးချယ်တတ်တဲ့ pencil စကတ်၊ tight စကတ်လေးတွေကိုလည်း သူတို့က ထသွားထလာအချိန်တွေမှာ အပေါ်က tee တွေနဲ့ တွဲဝတ်ရင် ဝတ်လိုက်တာပါပဲ။ သူတို့ဟာ ဖက်ရှင်နဲ့ပတ်သက်ပြီး ထူးခြားတဲ့အမြင်လည်း ရှိကြသူတွေပါ။

မေထုန်ရာသီဖွားတွေ ရွေးချယ်သင့်တဲ့အရောင်ကတော့ ရွှေရောင်၊ အဝါရောင်၊ လိမ္မော်ရောင် စတာတွေပဲ ဖြစ်ပါတယ်။ ဒီရာသီဖွားတွေ သတိထားရမှာက ကိုယ်က ပရော်ဖက်ရှင်နယ်တစ်ယောက်လို ဘယ်လိုစတိုင်လ်ကျအောင် ဝတ်ရမလဲဆိုတာ သိထားတဲ့အတွက် စိတ်ပါတဲ့နေ့အဆင်ပြေသလို တွဲစပ်ဝတ်နေတာထက် နေ့တိုင်းဒီလို တွဲစပ်နိုင်အောင် ကြိုးစားကြည့်ပါ။ ဒါ့အပြင် ကိုယ်က ဂျင်းဘောင်းဘီတွေပဲ ဝတ်ရတာသဘောကျတယ်ဆိုရင်တောင် အပြောင်းအလဲအနေနဲ့ အခြားသော ဘောင်းဘီအမျိုးအစားတွေကိုလည်း စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

မေထုန်ရာသီဖွားတွေအတွက် ဘယ်လိုဖက်ရှင်စတိုင်လ်က အလိုက်ဖက်ဆုံးဆိုတာ မရှိသလို ယောက်ျားလေးဆန်ဆန်ပဲ ဝတ်ဝတ်၊ မိန်းကလေးဆန်ဆန် နုနုရွရွဖက်ရှင်ပဲ ရွေးရွေး သူတို့ခံစားချက်နဲ့ ဘယ်အရာက ကိုယ်နဲ့ပိုလိုက်ဖက်တယ်ဆိုတာပေါ် မူတည်ပြီးဆုံးဖြတ်နိုင်ပေမယ့် အဆင်တန်ဆာပိုင်းကို တော့နည်းနည်းလေး ပိုအသာပေးရွေးချယ်ဆင်မြန်းစေချင်ပါတယ်။ အထူးသဖြင့် ဒီရာသီဖွားတွေဟာ အိတ်တွေ၊ဖိနပ်တွေ ဘာတွေ စိတ်ဝင်တစား ဝယ်ပြီးစုထားသင့်တဲ့သူတွေပါ။ ဘာလို့လဲဆိုတော့ မေထုန်ရာသီဖွားတွေရဲ့ ဖက်ရှင်ကိုအထောက်အကူပြုတဲ့အရာတွေထဲ အဆင်တန်ဆာပိုင်းက အရေးကြီးတဲ့ နေရာကပါဝင်နေပါတယ်။

နိုင်ငံတကာက အနုပညာရှင်တွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး သူများနဲ့မတူ ထူးခြားကာ အထာကျတဲ့ အမျိုးသမီး မေထုန်ရာသီဖွား အနုပညာရှင်တွေကတော့ Marilyn Monroe၊ Angelina Jolie၊ Natalie Portman ၊ Mary-Kate and Ashley Olsen နဲ့ Lana Del Rey တို့ပဲ ဖြစ်ပါတယ်။

မြန်မာအနုပညာရှင်တွေထဲက မို့မို့မြင့်အောင်၊ အေးဝတ်ရည်သောင်း၊ နန်းမြတ်ဖြိုးသင်း၊ အေးမြတ်သူနဲ့ မိစန္ဒီ တို့ကလည်း မေထုန်ရာသီဖွားတွေ ဖြစ်ကြပါတယ်။

Share

Loading Next Article...
က္က