In partnership with  logo
အားကျရင် ရေသူမဖြစ်နည်းသင်တန်းလည်း တက်လို့ရတယ်။

ရေသူမလေးတွေဟာ ဒဏ္ဍာရီဆန်တဲ့ သတ္တဝါတွေအဖြစ်နဲ့ ဇာတ်လမ်းတွေ ရုပ်ရှင်တွေမှာသာ မြင်ခဲ့ကြရပေမဲ့ လက်တွေ့ကမ္ဘာမှာတော့ ပရော်ဖက်ရှင်နယ် အလုပ်လုပ်နေတဲ့ ရေသူမလေးတစ်ဦး ရှိပါတယ်။ သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့က Katrin Gray ဆိုတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ရေသူမအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူပါ။ ဂရေးဟာ သူမအသက် ၅ နှစ်သမီးအရွယ်မှာ The Little Mermaid ကာတွန်းကိုကြည့်ပြီးနောက် တကယ့်ရေသူမလေးဖြစ်ဖို့ အိပ်မက်တွေရှိလာခဲ့ပါတယ်။ ခုတော့ တကယ်ပဲ ရေသူမ ဖြစ်နေပါပြီ။



 

" ကျွန်မအပျော်ရွှင်ရဆုံးအရာတွေထဲမှာ တစ်ခုကတော့ ရေအောက်စတန့်ပြရတဲ့အလုပ်ပါပဲ၊ အထူးသဖြင့် ကျွန်မဘေးမှာ ငါးမန်းတို့ လင်းပိုင်တို့လို့ ကြီးမားတဲ့ ပင်လယ်သတ္တဝါကြီးတွေ ရှိနေမယ့် ရေအောက်ထဲမှာပေါ့" လို့ ဂရေးကပြောတယ်။ ရေသူမအမြီးကြီးကိုတပ်ပြီး hammerhead ငါးမန်းတွေ၊ ကျားငမန်းတွေနဲ့အတူ ရေကူးရတဲ့အလုပ်မျိုးဟာ ဂရေးပဲ လုပ်ရဲမယ်ထင်ပါတယ်။

see also 

 

သူမက ပထမဆုံး ရေငုပ်သင်တန်းနည်းပြအဖြစ်နဲ့ လုပ်ကိုင်ခဲ့ပြီးနောက် ပင်လယ်ရေအောက်မှာနေရတာကို နှစ်သက်လာရင်း ငယ်ငယ်တုန်းကအိပ်မက်ကို အမှတ်ရလာစေခဲ့ပါတယ်။ ကိရိယာလွတ်ရေငုပ်နည်းကို သင်ယူပြီးနောက်မှာတော့ ဂရေးဟာ ၂၀၁၂ ခုနှစ် မေလမှာ ရေသူမအမြီးနဲ့ ရေအောက်ထဲမှာ ကူးခတ်သွားလာနိုင်ခဲ့ပါတော့တယ်။ ကိရိယာမပါဘဲ ရေအောက်ထဲမှာ ၄ မိနစ်လောက် ကူးခတ်နိုင်သတဲ့။ နောက်တော့ ရေသူမအလုပ်ဟာ သူမအတွက် ပရော်ဖက်ရှင်နယ် ဖြစ်လာခဲ့တယ်။

 

ပွဲတွေ၊ အခမ်းအနားတွေမှာ ရေလှောင်ကြီးထဲဝင်ပြီး ပင်လယ်သတ္တဝါကြီးတွေနဲ့အတူ ရေသူအဖြစ်နဲ့ ကူးခတ်ရတဲ့အလုပ်ကို လုပ်ဖြစ်ခဲ့ပါတယ်။ သူမကို ဖိတ်ကြားပြီး ရေအောက်စတန့်ပြခိုင်းသူတွေလည်း မနည်းမနောပဲ။ နိုင်ငံအတော်များများကို သွားရောက်ကာ ရေသူမပြကွက်ကို ပြနေရသူလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာနေထိုင်ပြီး ရေသူမအလုပ်ကို လုပ်ကိုင်စဉ်ကာလအတွင်းမှာ ရေသူမသင်တန်းဖွင့်ကို စိတ်ကူးရလာခဲ့ပါတယ်။

 

 

အဲ့ဒီနောက်မှာတော့ ဂရေးဟာ Mermaid Kat Academy အမည်နဲ့ ရေသူမသင်တန်းကျောင်းကို ၂၀၁၂ ခုနှစ် သြဂုတ်လမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းမှာ အသက်ရှုနည်းတွေ၊ ရေအောက်မှာမော်ဒယ်လ်ပြသနည်းနဲ့ လုံခြုံရေးအချက်အလက်နည်းတွေတွေ ပါဝင်ပါတယ်။ သူမရဲ့သင်တန်းကို စင်္ကာပူ၊ မလေးရှား၊ ဆွစ်ဇာလန်နိုင်ငံက လူတွေဟာ ထိုင်းအထိလာရောက်ပြီး တက်ရောက်ကြတယ်လို့ သိရပါတယ်။ အဓိကဖွင့်ထားတာကတော့ ဂျာမနီမှာပါ။ အခြားနိုင်ငံတွေမှာလည်း ကိုယ်ပိုင်ရေသူမသင်တန်းကျောင်းတွေဖွင့်နိုင်အောင် ကူညီပေးဖြစ်တယ်လို့ ပရော်ဖက်ရှင်နယ် ရေသူမလေးက ဆိုပါတယ်။ ၂၀၀၆ ခုနှစ် Miss Germany International လည်း ဖြစ်ခဲ့ဖူးပြီး ရေသူမအလုပ်ကို မလုပ်ခင်က ဖက်ရှင်မော်ဒယ်အဖြစ်လည်း လုပ်ခဲ့ဖူးတယ်လို့ သိရတယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က