In partnership with  logo
ကိတ်မစ်ဒယ်လ်တန်ဆိုရင် ဗစ်တိုးရီးယားရဲ့ အိတ်ကို အရမ်းကြိုက်တာ။

ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဖက်ရှင်တွေဟာ ဆန်းသစ်ပြီး စမတ်ကျတယ်လို့ ပြောကြပါတယ်။ ဒါကြောင့်မို့လို့လည်း မီဂန်မာကယ်က သူမရဲ့စေ့စပ်ပွဲ ဓာတ်ပုံတွေ ရိုက်ဖို့ရာ ဗစ်တိုးရီးယားရဲ့ ဒီဇိုင်းတွေကို ရွေးချယ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ မင်းသားဟယ်ရီနဲ့မီဂန်မာကယ်တို့ရဲ့ စေ့စပ်ပွဲပုံတွေကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ထုတ်ဖော်ပြသခဲ့ပါတယ်။ ပုံထဲမှာ မီဂန်မာကယ်ဝတ်ထားတဲ့ဂါဝန်က ပေါင်စတာလင် ၅၆၀၀၀ တန်သတဲ့။



 

နောက်ထပ် ပုံတစ်ပုံမှာတော့ မီဂန်မာကယ် ဝတ်ထားခဲ့တဲ့ သိုးမွေးထည်အကျႌဟာ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဒီဇိုင်းဖြစ်တယ်လို့ သိရတယ်။ ရိုးရိုးရှင်းရှင်း သိုးမွေးလက်ရှည် အပါးလေးကို မီဂန်က ဝတ်ထားခဲ့တာပါ။ တော်ဝင်မြေးချွေးမ ဖြစ်လာမယ့် မီဂန်က သူမရဲ့ဒီဇိုင်းကို ရွေးချယ်ထားတယ်ဆိုတာကို ဗစ်တိုးရီးယားက ရေငုံနှုတ်ပိတ်နေခဲ့ပါတယ်။

 

မီဂနန်နဲ့ ဗစ်တိုးရီးယားတို့ဟာ ခင်မင်ရင်းနှီးသူတွေဖြစ်ပြီး သူတို့ရဲ့ရင်းနှီးမှုကို လူသိမခံဘဲ လျှို့ဝှက်ထားခဲ့ကြတယ်လို့လည်း သတင်းတွေထွက်ပေါ်လာပါတယ်။ ဗစ်တိုးရီးယားဘက်ခမ်းဟာ သူမရဲ့ ဖက်ရှင်ပိုင်းအားထုတ်မှုအတွက်လည်း OBE ဘွဲ့ကို ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။

 

ဗစ်တိုးရီးယားရဲ့ဒီဇိုင်းတွေဟာ တော်ဝင်မိသားစုရဲ့အကြိုက် ဖြစ်လာတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ကိတ်မစ်ဒန်တန်တစ်ယောက် ဗစ်တိုးရီးယားရဲ့ Quincy tote အိတ်ကိုကိုင်ပြီး Wimbledon ပြိုင်ပွဲကို တက်လာတာလည်း တွေ့ခဲ့ဖူးပါတယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က