In partnership with  logo
စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ဖြတ်သန်းနေသူ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနေမြို့က Di Westaway ဆိုသူဟာ သူမကိုယ်သူမ ကျန်းမာအောင် နေထိုင်ဖို့အတွက် အမြဲတမ်းတွန်းအားပေးနေသူပါ။ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ကလေး ၃ ယောက်မိခင် Di က စွန့်စားရတာတွေကို ခုံမင်တယ်။ Wild Women On Top အဖွဲ့အစည်းရဲ့ CEO နေရာမှာလည်း တာဝန်ယူထားသူဖြစ်ပြီး စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ဖြတ်သန်းနေသူ ဖြစ်ပါတယ်။



 

Midwife crisis ဖြစ်ခဲ့ပြီးနောက်မှာ Di ဟာ သူမရဲ့ဘဝကို သာမာန်ဘဝကနေ ရုန်းထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ စွန့်စားမှုတွေကို လုပ်ဆောင်လာခဲ့တယ်။ မြင့်မားပြီး အန္တရာယ်ရှိတဲ့နေရာတွေကို တက်ရောက်ပြီး ကင်းမြီးကောက်ထောင်ရတာကို ခုံမင်လာခဲ့တယ်။ လက်တွေကိုပဲ အသုံးပြုပြီး ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းထားနိုင်အောင် လုပ်ရတာက သူမကို ခံစားချက်ကောင်းတွေရလာစေတယ်တဲ့။

 

အရင်တုန်းကတော့ သူမဟာ ရေဒီယိုပရိုဂျူဆာတစ်ဦးအနေနဲ့ အလုပ်လုပ်နေခဲ့တယ်။ အသက် ၄၀ ကို ချဉ်းကပ်လာချိန်မှာ ပုံသေအလုပ်ကို လုပ်နေရတာ စိတ်ပျက်ငြီးငွေ့လာတယ်။ အဲ့ဒီအချိန်မှာ midwife crisis ရခဲ့ပါတယ်။ Di ရဲ့ သူငယ်ချင်းတစ်ယောက်က တောင်အမေရိကမှာ တောင်တက်ဖို့အတွက် အဖော်လာစပ်တယ်။ အဲ့ဒီတောင်က တောင်အာတိတ်စက်ဝန်းမှာ အမြင့်ဆုံးတောင်ပါ။ အဲ့တာနဲ့ပဲ တောင်တက်လိုက်ဖို့ သဘောတူခဲ့ပါတယ်။

 

အဲ့ဒီကစလို့ လမ်းလျှောက်ရတာ၊ စွန့်စားရတာကို သဘောကျသွားတယ်။ လအတော်ကြာတော့ Wild Women On Top ဆိုပြီး အဖွဲ့လေးလုပ်လိုက်တယ်။ တောင်တက်ချင်တဲ့ မိခင်တွေကို ရည်းစူးပြီး ဒီအသင်းအဖွဲ့လေး လုပ်ဖြစ်ခဲ့တယ်လို့ Di က ပြောပါတယ်။ " မိခင်တစ်ယောက်ဖြစ်နေတဲ့အခါ တစ်ကိုယ်တည်းအထီးကျန်တယ်လို့ ခံစားရဖို့ အရမ်းလွယ်ပါတယ်။ တခြားလူတွေနဲ့ လမ်းလျှောက်ခြင်းက ကိုယ့်ကို ပြန်ပြီး ဗဟိုကျကျအာရုံစိုက်လာဖို့ အထောက်အကူဖြစ်စေပါတယ်" လို့ Di က ရှင်းပြပါတယ်။

 

ကမ္ဘာအနှံ့က မြင့်မားတဲ့တောင်တွေကို တက်ရောက်ပြီး တောင်ပေါ်မှာ ကင်းမြီးကောက်ထောင်တယ်။ လက်ကိုအားစိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဟန်ချက်ထိန်းထားတဲ့ ကိုယ်နေဟန်မျိုးလည်း ပြုလုပ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ Di ဟာ အမြင့်ဆုံးနေရာတွေမှာ ကင်းမြီးကောက်ထောင်သူအဖြစ် ကမ္ဘာ့မှတ်တမ်း ဝင်ထားခဲ့ပါတယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က