In partnership with  logo
အမျိုးသမီးဒါရိုက်တာကို ငှားဖို့အတွက် မားဂေါ့ရော်ဘီက တိုက်တွန်းခဲ့တယ်လို့ကြားတယ်။

Harley Quinn အကြောင်း ရိုက်ကူးတင်ဆက်မယ့် ရုပ်ရှင်ကားကို အာရှသူ အမျိုးသမီးတစ်ဦးက ဒါရိုက်တာအဖြစ် ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ Suicide Squad ဇာတ်ကားမှာ ပရိသတ်အကြိုက်ဆုံးဖြစ်ခဲ့သလို အဲ့ဒီဇာတ်ကောင်ရဲ့ဖက်ရှင်ကလည်း မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ ရေပန်းစားသွားခဲ့တာပါ။ DC Comic မှာ ဆိုရင်လည်း Harley Quinn ဇာတ်ကောင်ဟာ လူကြိုက်များလှပါတယ်။ စူပါဟီးရိုးရုပ်ရှင်ကားကို အာရှသူတစ်ဦးက ပထမဆုံး ရိုက်ကူးရမှာလည်း ဖြစ်ပါတယ်။



 

ဒါရိုက်တာ Cathy Yan ဟာ တရုတ်-အမေရိကန်စပ် အမျိုးသမီးဖြစ်ပြီး စူပါဟီးရိုးဇာတ်ကားရိုက်ကူးမယ့် ပထမဆုံးအာရှသူ ဖြစ်လာပါတယ်။ Warner Bros ကုမ္ပဏီ၊ DC Entertainment ကုမ္ပဏီနဲ့ ကေသီတို့ကြား သဘောတူစာချုပ်လည်း ချုပ်ဆိုပြီးပြီဖြစ်တယ်လို့ Deadline သတင်းမှာ ဖော်ပြထားတယ်။ DC ရဲ့ Birds of Prey ဇာတ်လမ်းကို အခြေခံရိုက်ကူးမယ်လို့ သိရပါတယ်။

Cathy Pan ရိုက်ကူးခဲ့တဲ့ Dead Pigs ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု

 

အဓိကဇာတ်ကောင် Harley Quinn ကိုတော့ လူကြိုက်များခဲ့တဲ့ မားဂေါ့ရော်ဘီကပဲ သရုပ်ဆောင်မှာပါ။ လောလောဆယ်မှာတော့ မားဂေါ့မှာ ရိုက်လက်စဇာတ်ကား ရှိနေပါသေးတယ်။ အဲ့ဒီဇာတ်ကားအပြီး ယခုနှစ်ကုန် ဒါမှမဟုတ် ရှေ့နှစ်ဆန်းမှာတော့ Harley Quinn ရုပ်ရှင်ကို စတင်ရိုက်ကူးဖွယ်ရှိပါတယ်။

 

ကေသီဟာ Dead Pigs ဇာတ်လမ်းကိုသာ ရိုက်ခဲ့ဖူးပေမဲ့ အဲ့ဒီဇာတ်လမ်းကပဲ ဒီနှစ်မှာ ပြုလုပ်ခဲ့တဲ့ Sundance ရုပ်ရှင်ပွဲတော်မှာ World Cinema Dramatic Award ဆုကို ဆွတ်ခူးသွားပါတယ်။ ဇာတ်ညွှန်းကိုလည်း ကေသီကပဲ ရေးခဲ့တာပါ။ Harley Quinn ဇာတ်ကားကို အာရှအမျိုးသမီးဒါရိုက်တာ က ရိုက်ကူးမှာဖြစ်သလို ဇာတ်ညွှန်းကိုလည်း အမျိုးသမီးဇာတ်ညွှန်းရေးဆရာမ Christina Hodson ကပဲ ရေးထားတယ်လို့ သိရပါတယ်။ Wonder Woman ဇာတ်ကား ဒါရိုက်တာ Patty Jenkins ပြီးရင် ကေသီယန်က DC ရဲ့ စူပါဟီးရိုးဇာတ်ကားကို ရိုက်ကူးရမယ့် ဒုတိယမြောက်အမျိုးသမီးဒါရိုက်တာလည်း ဖြစ်လာပါတယ်။

Source : Teen Vogue, Deadline


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က