ပြသနာအစိုင်အခဲလေးတွေဟာ ကြီးထွားလာပြီး ကွာရှင်းပြတ်စဲတဲ့ထိ ဖြစ်နိုင်ပါတယ်။
 

အိမ်ထောင်ပြုပြီးမှ ပေါ်ပေါက်လာတတ်တဲ့ ပြဿနာလေးတွေရှိပါတယ်။ ဒီအချက်လေးတွေကို မယူခင်ကတည်းက ကြိုစဉ်းစားထားတာကြောင့် ဖြစ်ပေါ်လာတဲ့အခါ သင့်ဘက်က လက်တွေ့ကျကျ စဉ်းစားဖြေရှင်းနိုင်မှာပါ။

၁ - ငွေကြေး

ဒါကတော့ မပြောလည်း သင်သိနေပြီးသားပါ။ နှစ်ဦးသားဘဝမှာ ငွေကြေးက အရေးကြီးပါတယ်။ ငွေကြေးကြောင့်ဖြစ်တဲ့ ပြသနာအစိုင်အခဲလေးတွေဟာ ကြီးထွားလာပြီး ကွာရှင်းပြတ်စဲတဲ့ထိ ဖြစ်နိုင်ပါတယ်။ ငွေကြေးဟာ သင်တို့လက်မထပ်ခင်ကတည်းက ကြိုတင်စဉ်းစားရမယ့် အရေးကြီးဆုံးအချက်ပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး -ကိုယ့်အပေါ် ကြိုးကိုင်ခြယ်လှယ်နေသူကို ဘယ်လိုရင်ဆိုင်မလဲ )

 

၂ - ကလေး

အိမ်ထောင်ပြုပြီဆိုတော့ ကလေးကိစ္စကိုပါ ထည့်တွက်ရမှာပါ။ ကလေးအတွက် အစစအရာရာ ပြင်ဆင်မှုဟာ သင်တို့နှစ်ဦးကြား သဘောထားကွဲလွဲစရာဖြစ်လာပါတယ်။ နှစ်ယောက်စလုံးဟာ ခိုင်မာတဲ့အယူအဆတွေနဲ့ ဘဝကိုနေထိုင်နေသူတွေဆို ပိုဆိုးပါတယ်။ ကလေးနဲ့ပတ်သက်လို့ အယူအဆတွေ အမြဲကွဲလွဲနေနိုင်ပါတယ်။

၃ - လိင်

ဒါဟာ ငြင်းဆိုလို့မရပါဘူး၊ မတွေးလို့မရပါဘူး။ သတ္တဝါပဲ ဖြစ်တဲ့ လူသားရဲ့ လိုအပ်ချက်ဖြစ်ပါတယ်။ လိင်ကိစ္စဟာလည်း အိမ်ထောင်ရေးသာယာမှုအပေါ် သက်ရောက်မှုတွေ ရှိပါတယ်။

 

၄ - အိမ်ထောင်မှု တာဝန်

ဒီနေ့ခေတ်မှာ ယောကျာ်းက ပိုက်ဆံရှာ၊မိန်းမက အိမ်ထောင် ထိန်းသိမ်းဆိုတာက မလွယ်တော့ပါဘူး။ တစ်ယောက်တည်း ဝင်ငွေဟာ တစ်မိသားစုလုံးကို ထောက်ပံ့ဖို့ မလုံလောက်တာကြောင့်ပါ။ ငွေကြေးကစလို့ အိမ်ထောင်မှု တာဝန်တွေကို ခွဲဝေထမ်းဆောင်မှုဟာ မျှတဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ပြသနာတွေ ရှိလာနိုင်ပါတယ်။

၅ - သူငယ်ချင်း

အိမ်ထောင်ပြုလိုက်လို့ သူငယ်ချင်းတွေနဲ့ ဝေးသွားပြီလို့တော့ မထင်လိုက်ပါနဲ့။ အရင်ကထက်တောင် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပြီး အိမ်ပြန်မလာတာတွေ ရှိတတ်ပါတယ်။ သူငယ်ချင်းတွေကို ဘယ်လိုအချိန်ပေးမယ်ဆိုတာကလည်း အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ နှစ်ဖက်သူငယ်ချင်းအသိုင်းအဝိုင်းမှာ နှစ်ဦးစလုံးဟာ ဝင်ဆံ့သူတွေ ဖြစ်သင့်ပါတယ်။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ လင်မယားနှစ်ယောက် တပူးတွဲတွဲပေါ့လေ။

 

၆ - အလေ့အကျင့်လေးတွေ

အချိန်ကြာကြာတွဲပြီးမှ လက်ထပ်သူတွေဆိုပေမယ့် သေးသေးမွှားမွှားအလေ့အကျင့်လေးတွေကို သတိမပြုဘဲ နေမိတတ်ပါတယ်။ ဥပမာ - အိမ်သာတက်ပြီး လက်မဆေးတာ၊ ညဘက် မီးဖွင့်အိပ်တာမျိုးတွေပါ။ ပြသနာကြီးတစ်ခုဖြစ်လာရင် သင့်အတွေးထဲမှာ ဒီအသေးအဖွဲ ပြသနာလေးတွေက လောင်စာထည့်ပေးသလိုပါပဲ။ ပြသနာကို အကြီးကြီးဖြစ်အောင် စဉ်းစားမိစေပါတယ်။

၇ - မိသားစု

သူ့အသိုင်းအဝိုင်း၊ ကိုယ့်အသိုင်းအဝိုင်းဆိုတာ ရှိပါတယ်။ အိမ်ထောင်သက်ကြာလာတဲ့အခါ ဖြစ်ပွားတတ်တဲ့ ပြသနာတွေထဲမှာ နှစ်ဘက်ဆွေမျိုး ကိစ္စပါပါတယ်။  မိဘအသိုင်းအဝိုင်းနဲ့ ပတ်သက်လို့ သူ့ရဲ့ သဘောထားတွေကို မယူခင်ကတည်းက တီးခေါက်ကြည့်ထားသင့်ပါတယ်။

Photos & Source: about

Share

Loading Next Article...
က္က