မျက်ရည်တွေနဲ့ ဖြေဆိုခဲ့တာပါ။

သက်မွန်မြင့်က သူငယ်ချင်းဖြစ်သူ မင်းသွေးရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး သံဝေဂရမိတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သူ့ အနေနဲ့ မင်း သွေး ပြုခဲ့တဲ့ ကုသိုလ်တွေအတွက် အဆိုးထဲက အကောင်းဖြစ်လာမှာပါလို့ ဆက်လက်ပြောပြလာပါတယ်။



Photo: မင်းသွေးဖေ့စ်ဘွတ်

 

သရုပ်ဆောင် သက်မွန်မြင့်က သူငယ်ချင်းဖြစ်သူ မင်းသွေးရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး သံဝေဂရတယ်လို့ ဆိုပါတယ်။ ဘာအတွေးမှ မများပဲ ရုတ်တရက် သေဆုံးခဲ့တာကြောင့်လည်း အဆိုးထဲက အကောင်းတစ်ခုအနေနဲ့ အေးအေးချမ်းချမ်းဖြစ်သွားတယ် ဆိုတာကို Duwun မီဒီယာ ကနေ တဆင့်ပြောပြလာပါတယ်။

'' သေခါနီးကျလို့ ကိုယ်စိတ်မထားတတ်ရင် ကိုယ်လုပ်ခဲ့တဲ့ဟာတွေက အလကားပဲ ဖြစ်သွားတယ်ဆိုတာကို သူက အဲ့ဒီလို မဟုတ်ပဲနဲ့ အရမ်း အေးချမ်းတယ်ဆိုတာက မသိဘူးဆိုတော့ အဆိုးထဲက အကောင်းပေါ့နော်။ ကိုယ်တောင် တရားပြန်ရတယ် ငါသာ ရုတ်တရက်ဆို အဲ့ဒီလို ဖြစ်မှာ မဟုတ်ဘူး ။ ဘာပဲပြောပြောအာရုံများမှာလေ ဒါဟာ သူငယ်ချင်းပေးတဲ့ သံဝေဂပေါ့'' လို့ ဆိုပါတယ်။

 

မင်းသွေးဟာ မသေခင် အချိန်အတွင်းမှာ ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ခဲ့တဲ့အတွက် အဆိုးထဲက အကောင်းတစ်ခုဖြစ်တယ်လို့ သက်မွန်မြင့်က ပြောပါတယ်။ ဘာဝေဒနာခံစားမှုမှ မရှိပဲ ရုတ်တရက် ထွက်ခွာသွားတာကြောင့်လည်း အားကျတယ်လို့ အောက်တိုဘာလ ၁၅ ရက်နေ့ မနက်က အောင်ဇဗ္မူတောရ ရိပ်သာမှာ ပြုလုပ်တဲ့ နေတိုး ဘုန်းကြီးဝတ်တဲ့ အချိန်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။

'' အဆိုးထဲက အကောင်းပြောရရင် ပြောကောင်းလား မပြောကောင်းလားတော့ မသိဘူး။ အားကျတယ် ဘာဝေဒနာမှ မခံစားရဘဲ အေးအေး ဆေးဆေးပေါ့နော်။ သူ့ကိုယ်သူတောင် သေလို့ သေမှန်း သိပါ့မလားမသိဘူး။ သူ ဘာဝေဒနာမှ မခံစားရပဲ သွားရတာ။ သူက အရှေ့မှာလည်း ဘာသာတရားတွေလုပ်ထားတယ်၊ အဓိဌာန်တွေလည်းအောင်ထားတယ် သူအေးချမ်းနေတဲ့အချိန်မှာ ဖြစ်သွားတာဆိုတော့ အဆိုးထဲက အကောင်းတွေမယ် ဆိုရင် သူ့အတွက်  ဝမ်းသာတယ်လို့ပဲ ပြောရမှာပါ'' လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: မင်းသွေးဖေ့စ်ဘွတ်

 

သက်မွန်မြင့်ဟာ ကွယ်လွန်သူ သရုပ်ဆောင်မင်းသွေးအတွက် ရေစက်ချ အမျှဝေနေတဲ့အချိန်မှာ စိတ်မကောင်းစွာနဲ့ ငိုခဲ့တာကိုတွေ့ရပါတယ်။ မိသားစုကို ငဲ့ပြီး အတတ်နိုင်ဆုံး ထိန်းခဲ့ပေမယ့်လည်း သူငယ်ချင်းရဲ့ နာမည်ကို ခေါ်လိုက်တဲ့အချိန်မှာ မျက်ရည်တွေက ထိန်းလို့ မရခဲ့ဘူး လို့ ဆိုပါတယ်။

'' သူတို့က တည်ငြိမ်နေတော့ ကိုယ်လည်း ပြန်ထိန်းဖြစ်တယ်။ အမျှဝေတဲ့အချိန်ကျတော့ နာမည်ကြီးခေါ်ပြီး အမျှဝေတော့ မခံနိုင်ဘူး။ သံယောဇဉ်ရှိပါတယ်။ အဓိက ကကိုယ်က သံယောဇဉ်ရှိတတ်တဲ့သူဆိုတော့ သူတို့ကိုလည်း တကယ်ရင်းနှီးတယ်။ မင်းသွေးကိုလည်း တကယ် ချစ်ပါတယ်။ ရုတ်တရက်ဆိုတော့ မယုံဘူးပေါ့နော်''သူက ဆိုပါတယ်။

တည်ငြိမ်လွန်းတဲ့ နေတိုးအကြောင်းပြောလာတဲ့ သက်မွန်မြင့် 

 

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က