ဇလုံထဲကိုအဝတ်နဲ့ရေ အရင်ထည့်ပြီးမှ ဆပ်ပြာထည့်တာမျိုး မလုပ်ပါနဲ့။
 

အဝတ်လျှော်တာများ ဆပ်ပြာနဲ့ရေရှိရင် ပြီးပြီလို့ လွယ်လွယ်ကူကူ မတွေးလိုက်ပါနဲ့။ အလျှော်မတတ်ရင် အဝတ်တွေ အလွယ်တကူ ပျက်စီးရပါလိမ့်မယ်။ ဒီတော့ အဝတ်လျှော်တဲ့အခါ အဆင်အပြေဆုံးဖြစ်အောင် ဘယ်လိုလျှော်ကြမလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။

၁။ အစွန်းတွေ

အကျႌမှာတစ်ခုခုစွန်းသွားရင် ဖြစ်နိုင်သမျှ ချက်ခြင်းလျှော်လိုက်ပါ။ မလျှော်သေးရင်လည်း ဆပ်ပြာရေနဲ့ စိမ်ထားဖို့လိုပါတယ်။ ခြောက်သွားမှဆိုရင် အစွန်းတွေကိုလျှော်ဖို့ ခက်သွားပါလိမ့်မယ်။

 

၂။ ခွဲလျှော်ပါ

များသောအားဖြင့်တော့ ခွဲလျှော်ပါလို့ ပြောလိုက်ရင် အရောင်တွေကိုပဲ စဉ်းစားမိတယ်မဟုတ်လား။ ဆေးကျွတ်တဲ့အဝတ်ကလွဲရင် အရောင်ခွဲလျှော်စရာမလိုပါဘူး။ တကယ်တမ်း ခွဲလျှော်ရမှာက ပိတ်စအမျိုးအစားပေါ်သာ မူတည်ပါတယ်။ ချည်ထည်၊ ဖလန်နယ်၊ ဆွယ်တာတို့ကို သပ်သပ်စီခွဲလျှော်သင့်ပါတယ်။ ဒါမှသာ ဆပ်ပြာကြောင့် အဝတ်ဆွေးတာမျိုး အဖြစ်နည်းသွားမှာပါ။

၃။ စုပြုံလျှော်တာ

လျှော်စက်နဲ့လျှော်တာဖြစ်ဖြစ် ဇလုံထဲ ဆပ်ပြာရည်စိမ်တာဖြစ်ဖြစ် အများကြီးစုပြုံပြီး မလျှော်သင့်၊ မစိမ်သင့်ပါဘူး။ ထိရောက်မှု အားနည်းသွားတာကြောင့် အဝတ်က ပြောင်စင်သင့်သလောက် မပြောင်စင်တော့ဘူးလေ။

သင်ကြိုက်နှစ်သက်မယ့်ဆောင်းပါး ---> သတို့သမီးလောင်းတွေ မင်္ဂလာဝတ်စုံရွေးမယ်ဆို အရွေးမမှားစေဖို့

၄။ ဆပ်ပြာရည်စိမ်မယ်ဆို

အရင်ဆုံး ဇလုံထဲကို ဆပ်ပြာမှုန့်ကိုရေဖျော်ထည့်ပါ။ အမြှုပ်ထလာပြီဆိုတော့မှသာ အဝတ်တွေစိမ်ထားရမှာဖြစ်ပါတယ်။ ဇလုံထဲကိုအဝတ်နဲ့ရေ အရင်ထည့်ပြီးမှ ဆပ်ပြာထည့်တာမျိုး မလုပ်ပါနဲ့။

၅။ ဆပ်ပြာချိန်ခွက်ထားပါ

ဆပ်ပြာကို ဘယ်လောက်ပမာဏထည့်မယ်ဆိုတာကို ခွက်လေးတစ်ခုဆောင်ထားပါ။ လက်တန်းထည့်တာမျိုး မလုပ်သင့်ပါဘူး။ အချိန်အဆလေးနဲ့ထည့်မှ ဆပ်ပြာကုန်သက်သာမှာဖြစ်သလို အဝတ်တွေလည်း ပြောင်စင်မှာ ဖြစ်ပါတယ်။

သင်ကြိုက်နှစ်သက်မယ့်ဆောင်းပါး ---> ပိန်တဲ့အမျိုးသားတွေ အဝတ်အစားဝယ်မယ်ဆို သိသင့်တဲ့အချက် (၅) ချက်

၆။ Booster

အဝတ်လျှော်တဲ့အခါ အကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးမယ့်အရာ (booster) တွေလည်း ထည့်သင့်ပါတယ်။ ဥပမာပြောရရင် အမွှေးဆီ၊ အရောင်တင်ဆေးတို့လိုပေါ့။ ကလေးဝတ်တွေကို လျှော်တဲ့အခါ softener ထည့်ဖို့ လိုအပ်ပါတယ်။

၇။ ရေရဲ့အပူချိန်

ကြေးများတဲ့အဝတ်တွေကို ရေနွေးနဲ့စိမ်လျှော်ရင် ကြေး(ဂျီး) ကျွတ်လွယ်ပါတယ်။ ရေအေးကတော့ အဝတ်အစားတွေရဲ့အရောင်ကို ပိုမိုတောက်ပြောင်စေပါတယ်။

Source : Rodalesorganic

Share

Loading Next Article...
က္က