မလေးမစားနဲ့ ရိုင်းရိုင်းပျပျ ပြောဆိုတာမျိုးတွေ ရှိနေရင်လည်း ဘယ်သူကမှ ခင်မင်ချင်မှာမဟုတ်ပါဘူး။
 

ကိုယ်က အရမ်းကို ခင်မင်တတ်သူပါ။ သူငယ်ချင်းအပေါင်းအသင်း ဆိုတာလည်း ဘဝရဲ့ အရေးကြီးဆုံးအရာလို့ သတ်မှတ်ထားတာပါ။ လူတွေကို အရမ်းခင်မင်တတ်ပေမဲ့ ကိုယ်ခင်သလောက် ကိုယ့်အပေါ် ခင်မင်မှု ပြန်မရတာမျိုး ကြုံနေရတယ်ဆိုရင်တော့ ပြန်သုံးသပ်ဖို့ လိုနေပါပြီ။ ကိုယ့်ဘက်က ဘာတွေများ မှားယွင်းနေသလဲ။ သူတို့ကရော ဘယ်လိုမျိုးတွေကိုမှ ခင်မင်ချင်တာလဲဆိုတာ အကြောင်းရင်းတွေ ရှိမှာပါ။

(၁) စရိုက်မတူတာ

ကိုယ့်ရဲ့ပုံစံက သူတို့နဲ့မတူဘူးဆိုရင် ဘယ်လောက်ပဲခင်ခင် ပေါင်းသင်းလို့ အဆင်မပြေပါဘူး။ ဥပမာ ကိုယ်က လျှောက်သွား၊ လျှောက်စားနေရမှ ပျော်တဲ့လူ ဖြစ်ပေမဲ့ သူတို့က ငွေကိုစိစစ်တတ်သူဆိုရင် အဆင်မပြေဘူးပေါ့။ သူတို့က Night Out ထွက်တာ၊ သီချင်းဆိုတာကို အဓိကထားပြီး အပေါင်းအသင်းတွေစုဝေး ပျော်ပါးတာမျိုးမှာ ကိုယ်က အိမ်မပိုင်လို့ မပါရဘူးဆိုရင်လည်း ကိုယ့််ကို သူတို့က ဘယ်လိုလုပ်ခေါ်ချင်ပါ့မလဲ။

 

(၂) ကိုယ့်ရဲ့ပုံစံ

လူတစ်ဦးနဲ့တစ်ဦး စရိုက်နဲ့ ဝါသနာတွေ ထပ်တူညီဖို့ဆိုတာ အတော်ခက်ပါတယ်။ ကိုယ့်အိမ်က မိသားစုဝင်တွေတောင်မှ ကိုယ်နဲ့အကြိုက်တူတာမျိုး မရှိပါဘူး။ အေးအေးဆေးဆေး နေချင်သူတွေက အရမ်းသွက်လွန်းတဲ့လူနဲ့ဆိုရင်လည်း ဘော်ဒါဖွဲ့ဖို့ရာ ခက်ခဲပါတယ်။

နောက်ထပ် သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> သူငယ်ချင်းတွေရှိခြင်းရဲ့ ကောင်းကျိုး (၅) ခု

(၃) တဇွတ်ထိုး

ကိုယ့်ဘက်ကတော့ စေတနာနဲ့ လုပ်ပေးလိုက်တာပါပဲ။ သူတို့ဘက်က ငြင်းနေတာတောင် စေတနာတွေပိုပြီး အတင်းလိုက်လုပ်ပေးပေမဲ့ သူတို့က ကြိုက်ချင်မှကြိုက်မှာပါ။ ကိုယ်က ငြုပ်သီးကြိုက်လို့ ချဉ်ငံစပ်လေးအတင်းကျွေးတဲ့အခါ အစပ်မစားနိုင်သူက စိတ်ညစ်ရတာပေါ့။ အားနာနာနဲ့ စားလိုက်ရပေမဲ့ သူတို့အဖို့ အတော်ဒုက္ခရောက်ရပါတယ်။ ဒီလို တဇွတ်ထိုးဆန်တဲ့လူမျိုးဟာ အပေါင်းအသင်းရှားပါတယ်။

 

(၄) အပေးအယူမမျှတာ

ကိုယ့်ဘက်က ပေးတာမျိုးမရှိဘဲ လိုချင်လောဘနဲ့ သွားပတ်သက်ဖို့လည်း မစဉ်းစားပါနဲ့။ ဟိုဘက်ကလည်း စဉ်းစားဉာဏ်ရှိတာမို့ ကိုယ်က ဘယ်လိုခြေလှမ်းတွေ လှမ်းနေသလဲဆိုတာ ရိပ်မိသွားရင် အနားတောင် အကပ်ခံတော့မှာမဟုတ်ပါဘူး။

(၅) လေးစားသမှု

ဘော်ဒါအရင်းကြီးတွေမှာတောင် ရင်းနှီးမှုနယ်ပယ်မှာ စည်းတစ်ခုရှိပါတယ်။ ဒီစည်းကို ကျော်လွန်လို့ မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်တွေ၊ မိသားစုရေးရာတွေလိုမျိုးဟာ ခင်မင်မှုအဆင့်အလိုက်သာ ပြောဆိုတိုင်ပင်ရတာပါ။ ပြောမနာ ဆိုမနာအဆင့်ဆိုတာမျိုးကတောင် ပြောသင့်ပြောထိုက်တာမျိုးမှ ပြောလို့ရတာပါ။ ဒါကို မလေးမစားနဲ့ ရိုင်းရိုင်းပျပျ ပြောဆိုတာမျိုးတွေ ရှိနေရင်လည်း ဘယ်သူကမှ ခင်မင်ချင်မှာမဟုတ်ပါဘူး။ ကိုယ့်ကို အထင်မြင်သေး စိတ်ပျက်ပြီး ဝေးဝေးခွာသွားကြပါလိမ့်မယ်။

နောက်ထပ် သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> သင်က သူငယ်ချင်းကောင်းမဟုတ်ဘူးဆိုတာ ပေါ်လွင်နေတဲ့အချက် (၁၀) ချက်

Share

Loading Next Article...
က္က