အဖြစ်အပျက်လေးတွေဟာ စာဖွဲ့လောက်စရာမဟုတ်ဘူးဆိုပေမဲ့ မမေ့နိုင်တာမျိုးလည်း ရှိပါတယ်။
 

စုံတွဲတိုင်းမှာ တစ်ချိန်ကျ ပြန်ပြောရလောက်တဲ့ ကြည်နူးစရာ အခိုက်အတန့်လေးတွေ ရှိတတ်ပါတယ်။ ဒီအဖြစ်အပျက်တွေဟာ သူတို့ စိတ်ထဲမှာ နှစ်ပေါင်းများစွာ ကြာအောင် စွဲစွဲနစ်နစ် ရှိနေတာ ဖြစ်ပါတယ်။ တစ်ချို့ အဖြစ်အပျက်လေးတွေဟာ စာဖွဲ့လောက်စရာမဟုတ်ဘူးဆိုပေမဲ့ မမေ့နိုင်တာမျိုးဖြစ်ပါတယ်။ စုံတွဲတိုင်းမှာ ရှိတတ်တဲ့ မမေ့နိုင်စရာ အခိုက်အတန့်လေးတွေကို အောက်မှာ ဖော်ပြပေးထားတာကြောင့် သင့်မှာရော ဒီလို အခိုက်အတန်လေးတွေရှိဖူးလား ကြည့်ကြည့်ပေးပါဦး။

၁ - ပထမဆုံးချိန်းတွေ့တဲ့ အချိန်

ပထမဆုံးချိန်းတွေ့တဲ့အချိန်လောက် စိတ်လှုပ်ရှားစရာ ကောင်းတာ မရှိပါဘူး။ ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး တွေ့တာမျိုး ဖြစ်နိုင်ပေမဲ့ နောင်တစ်ချိန်မှာ လက်ထပ်တဲ့နေ့လို ကြီးကြီးမားမား ပြန်ပြောရမယ့် နေ့ပါပဲ။ ဘယ်လောက်ပဲ အတွေ့အကြုံရှိရှိ တကယ်ချစ်တဲ့လူနဲ့ ပထမဆုံးချိန်းတွေ့တဲ့နေ့ဟာ မမေ့နိုင်စရာပါပဲ။

 

၂ - ဘာမှမလုပ်တဲ့အချိန်

အခွင့်အရေးယူလို့ရလောက်အောင် နှစ်ယောက်တည်းရှိနေပေမဲ့ ဘာအခွင့်အရေးမှ မယူခဲ့တဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ဒါဟာ မမေ့နိုင်စရာ ကိစ္စရပ်တစ်ခုပါပဲ။ အဲ့ဒီအချိန်မှာ တစ်ယောက်နဲ့တစ်ယောက်အတူရှိနေခဲ့တာ၊ စကားတွေပြောခဲ့တာ၊ ကတိတွေ ပေးခဲ့တာ စတဲ့ ဖြစ်ရပ်တွေဟာ ကြည်နူးစရာပဲ ဖြစ်ပါတယ်။

 

၃ - မိသားစု

သူ့မိသားစုကို သင်သဘောကျသွားတဲ့ အချိန်ဖြစ်ပါတယ်။ သင့်လက်တွဲဖော်ရဲ့ အိမ်ကို ရောက်သွားပြီး သူ့မိသားစုကို သင့်မိသားစုလို ဆက်ဆံနိုင်တယ်ဆိုတာ သိလိုက်ရတဲ့ အခိုက်အတန့်က ကျေနပ်စရာ ဖြစ်ပါတယ်။ စိုးရိမ်ဝေခွဲမရမှုကနေ နွေးထွေးလုံခြုံတယ်ဆိုတဲ့ ခံစားချက်ကို ပြောင်းသွားတဲ့အချိန်လေး ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ချစ်သူများနေ့မှာ ယောက်ျားတွေလိုချင်တဲ့အရာ (၅) မျိုး )

၄ - ကြိုတဲ့အချိန်

အဝေးက သူပြန်လာတာကို ကြိုတဲ့အချိန်ဖြစ်ပါတယ်။ လတွေနှစ်တွေ ခွဲပြီး ပြန်ဆုံရတဲ့ အချိန်ဖြစ်ပါတယ်။ အကြာကြီး မခွဲဖူးတဲ့ စုံတွဲတွေကတော့ ဒီပျော်ရွှင်မှုကို သိဖို့ခက်ပါမယ်။

 

၅ - ရန်ပွဲ

တစ်ယောက်နဲ့ တစ်ယောက် နာကျင်အောင်ပြောပြီး ရန်ဖြစ်ပါတယ်။ မကြိုက်တာတွေကို ပြောပါတယ်။ ဒီလို ရန်ဖြစ်နေချိန်မှာပဲ သူနဲ့ ကွဲမှာ မဟုတ်ဘူးဆိုတာ သိနေတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ဒါဟာ နားလည်ယုံကြည်မှုတစ်ခု ရှိထားတဲ့ စုံတွဲတွေ သိတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။

 

၆ - ခရီး

စုံတွဲတွေ သူတို့ရဲ့ အကောင်းဆုံးအချိန်လို့ အများဆုံးပြောလေ့ရှိကြတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ နှစ်ဦးသား ခရီးထွက်ကြတဲ့ အချိန်ကို တသသ ပြန်ပြောရလောက်အောင် အမြဲတမ်း သတိတရရှိကြပါတယ်။ နှစ်ဦးစလုံး ငယ်ရွယ်လွပ်လပ်နေတဲ့ အချိန်မှာ အသစ်အဆန်းတွေနဲ့ ထိတွေ့ရတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ပထမဆုံးချိန်းတွေ့မှုမှာ ဘာတွေပြောကြမလဲ )

 

၇ - ရှင်သန်မှု

သစ်ပင်တစ်ပင်ကို အတူစိုက်တာ၊ ခွေးလေးတစ်ကောင်မွေးကြည့်တာမျိုး ဖြစ်ပါတယ်။ သူတို့ရှင်သန်လာတာကို ကြည့်ရင်း နှစ်ဦးသား ကြည်နူးရတဲ့ အချိန်တွေ ဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ပိုရှိလာတဲ့အခိုက်အတန့်တွေလည်း ဖြစ်ပါတယ်။

 

၈ - ဆုံးရှုံးချိန်

အလုပ်ပြုတ်သွားတဲ့အချိန်မှာ သူ ကိုယ့်ကိုယ် အားပေးခဲ့တာကို မမေ့နိုင်ပါဘူး။ နှစ်ယောက်စလုံး အလုပ်မရှိတဲ့အချိန်မှာ အတူဝေမျှစားခဲ့ကြတာဟာ ပြန်ပြောရင် ကြည်နူးစရာပါ။ မိခင်၊ ဖခင်လို အရေးကြီးတဲ့မိသားစုဝင်တစ်ဦး ဆုံးရှုံးသွားချိန်မှာ သူ ကိုယ်ဘေးနား ရှိပေးခဲ့တာတွေဟာ မမေ့နိုင်စရာပါ။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး -အမြဲတမ်း တစ်ကိုယ်တည်းဖြစ်နေရတဲ့ အမျိုးသမီးတွေနဲ့ပတ်သက်ပြီး သင်နားမလည်တဲ့ အချက် (၆) ချက် )

Photos & Source: cosmopolitan

Share

Loading Next Article...
က္က