ဒီလူကတော့ သင်နဲ့ပတ်သက်ပြီး ခေါင်းထဲမှာ ဘာမှမရှိပါဘူး။
 

ရုပ်ရည်က ကြည့်ကောင်းတယ်၊ အရည်အချင်းလည်း ရှိတယ်၊ မက်ဆေ့ပို့ရင် ကိုယ့်ဘက်က ပြန်ပို့သင့်တဲ့ လူမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ အရက်မူးလာမှပဲ သင့်ဆီ မက်ဆေ့ပို့ပါတယ်။ ဒီလို မူးလာမှ မက်ဆေ့ပို့တဲ့လူ (၄) မျိုး ရှိပါတယ်

၁ - ပို့ချင်ရုံသက်သက်မဟုတ်

ညသန်းခေါင် ၁၂ နာရီနောက်ပိုင်းတွေမှာပဲ မက်ဆေ့ပို့ပါတယ်။ ပို့တဲ့အခါမှာလည်း မထိခလုတ် ထိခလုတ်တွေ ပါပါတယ်။ ဒီလိုလူမျိုးကို သတိနဲ့ ချည်းကပ်ပါ။ ဒီလူနဲ့ပတ်သက်မယ်ဆိုရင်လည်း ဒီလိုအချိန်မှာ ဒီလိုပုံစံနဲ့ ပို့လာတာမျိုးကို ချက်ချင်းပြန်မပို့ သင့်ပါဘူး။ မူးလို့ ပို့တယ်ဆိုတာထက် ပိုနေပါတယ်။ သူတို့ကို တုံ့ပြန်မယ်ဆို ခံစားချက်နဲ့ မစဉ်းစားဘဲ ခေါင်းနဲ့ စဉ်းစားပါ။

 

 

၂ - ကြောက်တတ်သူ

ဒီလူကတော့ ပထမလူနဲ့ ဆန်ကျင့်ဘက်ပါ။ မူးလာတဲ့အချိန်မှ သူတို့ရင်ထဲ ရှိတဲ့ခံစားချက်တွေ ပွင့်ထွက်လာပြီး မက်ဆေ့ပို့တာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် မပြောရဲတဲ့ ခံစားချက်တွေကို ပြောရဲလာပါတယ်။ မူးလာမှပဲ သူတို့ဆီက အဓိပ္ပါယ်ရှိတဲ့စကားတွေ ကြားရတတ်ပါတယ်။ ဒီလူူတွေကိုတော့ ခံစားချက်နဲ့ အလုပ်လုပ်လို့ရပါတယ်။ သင်ဘယ်လိုခံစားရတယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်ပါ။ သင်တို့  နှစ်ဦးသားအခြေအနေကို လက်တွေ့ကျကျ မြင်သွားပါလိမ့်မယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး - ချစ်သူများနေ့မှာ ယောက်ျားတွေလိုချင်တဲ့အရာ (၅) မျိုး)

 

၃ - မလေးနက်သူ

ဒီလူကတော့ သင်နဲ့ပတ်သက်ပြီး ခေါင်းထဲမှာ ဘာမှမရှိပါဘူး။ သင်နဲ့ပတ်သက်ပြီး ဘယ်လိုခံစားရတယ်၊ ဘာတွေပြောချင်နေတယ်ဆိုတာမျိုး မရှိပါဘူး။ မူးရူးနေတုန်း မက်ဆေ့ပို့လိုက်ရုံသက်သက်ဖြစ်ပါတယ်။ သူတို့ဘာပို့လို့ ပို့မှန်းတောင် မသိပါဘူး။ မနက်ရောက်ရင် ရှက်သလို လုပ်နေတတ်ပါတယ်။ သင့်အချိန်တွေကို ပေးဖို့ လုံးဝမထိုက်တန်သူ ဖြစ်ပါတယ်။ မူးလာတိုင်း မက်ဆေ့ ပို့သူတွေထဲမှာ အန္တရယ် အရှိဆုံးလူတွေလည်း ဖြစ်ပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး -မျက်နှာထားတင်းတယ်လို့ ထင်ခံရတဲ့ အမျိုးသမီးတွေသာသိတဲ့ အချက် (၈) ချက်  )

 

၄ - အသောက်သမား

အမြဲတမ်းသောက်ပြီး အမြဲတမ်းမူးနေသူ ဖြစ်ပါတယ်။ သူတို့ဟာ အချိန်ပြည့်မူးနေသူတွေ ဖြစ်တာကြောင့် သူတို့ပို့တဲ့မက်ဆေ့တိုင်းဟာ မူးမူးနဲ့ ပို့တာချည်းပါပဲ။ ဒါကြောင့် သင့်အတွက် ဘာကြောင့် ပို့နေတာလည်းဆိုတာကို စဉ်းစားနေစရာ မလိုပါဘူး။ ပို့ချင်လို့ ပို့နေတာပဲ ဖြစ်ပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး - ရည်းစားဟောင်းကို လုံးဝမပတ်သက်သင့်တော့တဲ့ အကြောင်းရင်းတွေ )

Photos & Source: Thought Catalog

Share

Loading Next Article...
က္က