အများစုကတော့ ကျောင်းမှာတုန်းက တွဲခဲ့တဲ့လူတွေနဲ့ မမြဲခဲ့ကြပါဘူး။
 

ကျောင်းမှာကတည်းက တွဲခဲ့တဲ့ စုံတွဲတွေကို တွေ့ရင် ကံကောင်းတယ်လို့ ထင်တတ်ကြပါတယ်။ သူတို့နှစ်ဦးသားဆက်ဆံရေးဟာ တော်တော်ခိုင်မြဲနေပြီလို့ ထင်ကြပါတယ်။ ဒါပေမဲ့ အများစုကတော့ ကျောင်းမှာတုန်းက တွဲခဲ့တဲ့လူတွေနဲ့ မမြဲခဲ့ကြပါဘူး။ ကျောင်းမှာတုန်းက တွေ့ခဲ့တဲ့ အချစ်ဦးတွေနဲ့ ရေရှည်လက်မတွဲနိုင်ခဲ့ကြပါဘူး။ ဒီလို ဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေ ရှိပါတယ်။

၁ - အလေးထားခြင်း

တစ်စုံတစ်ယောက်ကို ကြိုက်တယ်ဆိုတာ ကြိုက်တယ်ဆိုရုံသက်သက်ပဲလို့ နားလည်ခဲ့လို့ပါ။ အချိန်တွေ၊ နားလည်မှုတွေပေးပြီး နှစ်ဦးသားဆက်ဆံရေးကို တည်ဆောက်ရမှန်းမသိတာ၊ တည်ဆောက်ချင်စိတ်မရှိတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် လပိုင်းပဲ ခံတဲ့ စုံတွဲတွေ၊ နွေရာသီကျောင်းပိတ်ပြီး ပြန်တက်တော့ ပြတ်သွားတဲ့ စုံတွဲတွေတောင် ရှိတာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - မူးတဲ့အချိန်မှ သင့်ဆီ မက်ဆေ့ပို့ရတဲ့ အကြောင်းအရင်း (၄) ခု )

 

၂ - နောက်ဆုံးမဟုတ်ဘူး

နှစ်ဆယ်ကျော်လာပြီး သုံးဆယ်နားကပ်လာတဲ့ အရွယ်တွေမှာ တစ်စုံတစ်ဦးနဲ့ လမ်းခွဲလိုက်ရတာဟာ နောက်ဆုံးလူကို လမ်းခွဲလိုက်ရသလိုပါပဲ။ ဒီလူပြီးရင် နောက်တစ်ယောက်ဆိုတာ မလွယ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်သိနေတာမျိုးပါ။ နောက်တစ်ယောက်နဲ့တွဲရင်တောင် ဒီလိုနားလည်မှုမျိုးရဖို့ အချိန်တွေ အများကြီး ပြန်ရင်းနှီးရမယ်ဆိုတာကို သိနေတာပါ။ ကျောင်းမှာကတော့ ဒီလိုမဟုတ်ပါဘူး။ နောက်ဆုံးမဟုတ်ဘဲ နောက်တစ်ယောက်ရှိလာဦးမယ်ဆိုတာကို လွယ်လွယ်ကူကူလက်ခံထားတာပါ။

 

၃ - ရှင်းပြစရာမလို

တစ်ယောက်နဲ့ တစ်ယောက်ပြတ်ကြဖို့ အကြီးကြီးရှင်းပြစရာမလိုဘူးလို့ ထင်ခဲ့ကြပါတယ်။ ငါ့အိမ်က မကြိုက်လို့၊ စာမေးပွဲ အမှတ်ကောင်းချင်လို့ ဆိုတာလောက်နဲ့ ဇာတ်လမ်းက ပြတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြတ်ကြတယ်ဆိုတာကို လွယ်လွယ်ကူကူပဲ လက်ခံခဲ့ပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - စုံတွဲတိုင်းရဲ့ မမေ့နိုင်တဲ့ အခိုက်အတန့် (၈) ခု)

 

၄ - သူငယ်ချင်း

တစ်ယောက်နဲ့ တွဲတော့မယ်ဆိုရင် ကိုယ့်အချစ်ဆုံးသူငယ်ချင်းရဲ့ သဘောထားကို တောင်းခံတာပါ။ ကိုယ့်သူငယ်ချင်းရော လက်ခံတဲ့လူဖြစ်ပါ့မလားလို့ စိုးရိမ်တတ်ပါတယ်။ သူငယ်ချင်းတွေဟာ လက်တွဲဖော်ထက်တောင် ကိုယ့်အပေါ်လွှမ်းမိုးမှုရှိတဲ့ အချိန်တွေပါ။ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ပဲ ဖြစ်စေ  သူငယ်ချင်းတွေကြောင့်လည်း ကျောင်းတုန်းက စုံတွဲတွေဟာ ရေရှည်မခံတတ်ကြပါဘူး။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ချစ်သူများနေ့မှာ ယောက်ျားတွေလိုချင်တဲ့အရာ (၅) မျိုး)

 

၅ - ဒုတိယလူ

မမြဲရတဲ့အကြောင်းအရင်းတွေထဲမှာ ဒါကတော့ ရှင်းပါတယ်။ နောက်တစ်ယောက်တွဲတာကြောင့် ဖြစ်ပါတယ်။ တစ်ကယ်တွဲတာလည်း ဖြစ်နိုင်သလို၊ သံသယအကျိုးဆက်ကြောင့်လည်း ပြတ်ကြတာ ဖြစ်ပါတယ်။  ဒုတိယလူကို အသုံးချပြီး တစ်ယောက်ကို တစ်ယောက် နာကျင်အောင် လုပ်ကြပါတယ်။ တစ်ကယ်ပြတ်လို့ရတဲ့ အချိန်မှာ ဒီနာကျင်မှုတွေကြောင့် လုံးဝလှည့်မကြည့်တော့ဘဲ ပြတ်သွားကြတာ ဖြစ်ပါတယ်။

Photos & Source: Romance


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က