ချစ်သူဘဝမှာ ပျော်ရတာထက် စိတ်ဆင်းရဲရတာက များနေတယ်ဆိုရင်လည်း မဖြစ်သေးပါဘူး။
 

ကိုယ့်လူနဲ့ တွဲလာတာလည်းကြာပြီ၊ အသက်အရွယ်ကလည်း အိမ်ထောင်ပြုရမယ့်အရွယ်မျိုး ဖြစ်လာပြီဆိုရင် ဘယ်တော့လဲဆိုတာမျိုး မေးလာတတ်ကြပါတယ်။ မိသားစုကြားမှာလည်း သင်တို့နှစ်ဦးအကြောင်း ပြောလာကြပါတယ်။  ဒါပေမဲ့ သင့်ဘက်က အိမ်ထောင်ပြုလက်ထပ်ချင်စိတ်မရှိသေးပါဘူး။ အိမ်ထောင်ပြုလက်ထပ်ဖို့လည်း အသင့်မဖြစ်သေးဘူးလို့ ခံစားနေရနိုင်ပါတယ်။ အောက်ပါအချက်အလက်တွေ ရှိနေရင်တော့ တကယ်လည်း သင်အိမ်ထောင်ပြုဖို့ အသင့်မဖြစ်သေးပါဘူး။

၁ - လိုက်လျောမှုနဲ့အပေးအယူ

လိုက်လျောရတာတွေ၊ အပေးအယူတွေနဲ့ ညှိနေရတာမျိုးတွေ မလုပ်ချင်သေးဘူးဆိုရင်တော့ လက်ထပ်ဖို့ မစဉ်းစားသင့်သေးပါဘူး။ လိုက်လျောမှုနဲ့ အပေးအယူအစား အရာရာတိုင်းကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်လိုက်ရမှ စိတ်တိုင်းကျတာမျိုး ဆိုရင်တော့ မဖြစ်သေးပါဘူး။ အိမ်ထောင်ပြုတယ်ဆိုတာ နှစ်ဦးသား အတူတကွညှိနှိုင်းနေထိုင်ရတဲ့ ဘဝတစ်ခုပါ။

 

၂ - ဒုက္ခကများများ

ချစ်သူဘဝမှာ ပျော်ရတာထက် စိတ်ဆင်းရဲရတာက များနေတယ်ဆိုရင်လည်း မဖြစ်သေးပါဘူး။ ပြဿနာ ကြီးကြီးမားမားကြီးတွေဆိုတာထက် စိတ်ကသိကအောက်ဖြစ်စရာတွေ၊ မကျေနပ်စရာတွေဟာ ဖြစ်သင့်တာထက် ပိုများနေတာမျိုး ဖြစ်ပါတယ်။ လက်တွဲဖော်ကို အလွန်အမင်းသဘောကျပေမဲ့ ဒီလို အမြဲတမ်းဖြစ်နေတာဟာ လက်ထပ်ဖို့ထိ မရင့်ကျက်သေးတာလည်း ဖြစ်နိုင်ပါတယ်။

၃ - မတွေးမိ

လက်ထပ်တယ်ဆိုတာ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ယောင်လို့တောင် မတွေးမိသေးတာပါ။ အိမ်ထောင်မပြုသေးဘူးလားလို့ မေးခံရတာမျိုးဟာ သင့်အတွက် ကြောင်တောင်တောင် စကားကြီးလို ခံစားရတာပါ။ တစ်ခါတစ်လေ စိတ်ကသိကအောက်ဖြစ်ရပြီး ဒီလိုပဲ နေလို့မရဘူးလားလို့ မေးလိုက်ချင်ပါတယ်။

၄ - နှစ်မြှပ်နေထိုင်ခြင်း

ဘဝကို လွပ်လွပ်လပ်လပ်နေချင်သေးတယ်လို့ ထင်တာပါ။ တစ်စုံတစ်ရာပေါ် ဘဝကို နှစ်မြှပ်နေထိုင်ရတာမျိုးကို ဘယ်လိုမှ စိတ်မပါသေးပါဘူး။ ကိုယ့်ဘဝအစား အခြားတစ်ခုခုကို ပြုစုပျိုးထောင်နေရတာမျိုးကို မလုပ်ချင်သေးပါဘူး။

 

၅ - အကောင်းမမြင်

လက်ထပ်တယ်၊ အိမ်ထောင်ပြုတယ်ဆိုတာမျိုးကို အကောင်းမမြင်သေးတာ ဖြစ်ပါတယ်။ လက်ထပ်တယ်ဆိုတာ ပျော်စရာကိစ္စတစ်ခုအဖြစ် ဘယ်လိုမှ မြင်ကြည့်လို့မရသေးတာ ဖြစ်ပါတယ်။ တွေးကြည့်လိုက်တိုင်း သင့်အတွက် မကောင်းဘူးလို့ပဲ ထင်နေတာပါ။

၆ - အစဉ်အလာ

အစဉ်အလာကို မလိုက်ချင်ဘဲ ပုန်ကန်တဲ့ သဘောမျိုးဖြစ်ပါတယ်။ အရွယ်ရောက်၊ အိမ်ထောင်ပြု၊ သားသမီးတွေကို စောင့်ရှောင်ဆိုတဲ့ ပုံသေစံနှုန်းတွေကို သဘောမကျတာမျိုး ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ကျောင်းတုန်းကတွဲခဲ့တဲ့ စုံတွဲတွေ မမြဲရတဲ့ အကြောင်းအရင်း (၅) ချက်)

Photos & Source: Bustle

Share

Loading Next Article...
က္က