စကားကြားဖြတ်ပြောခံရတာဟာ တကယ်ကို ခံရခက်တဲ့ကိစ္စပါပဲ။  အထူးသဖြင့် ကိုယ့်ကျမှ ဒီလို ခဏခဏ ပြောခံရတယ်ဆိုရင် အနိုင်ကျင့်တယ်လို့ ခံစားရပါတယ်။ ကိုယ်ပြောရင် လိုက်ပြီးကြားဖြတ်ပြောသူဟာ ဆရာကြီးလုပ်တယ်လို့လည်း ခံစားရပါတယ်။ ဒါပေမဲ့ တစ်ချို့လူတွေအတွက် ဒီလိုကြားဖြတ်ပြောတာဟာ အကျင့်ဖြစ်နေတာပါ၊ ဒီလိုလူတွေနဲ့တွေ့ရင် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလေးတွေ ရှိပါတယ်။

၁ - ကိုယ့်ကိုယ်ကိုယ် အရင်ဆန်းစစ်

အရင်ဆုံးတော့ ကိုုယ့်အပြစ်ကိုယ်ရှာရမှာ ဖြစ်ပါတယ်။ စကားပြောရင် ထိထိရောက်ရောက်နဲ့ လိုရင်းတိုရှင်းပြောတတ်ဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲ သင်ဘာပြောတော့မယ်ဆိုတာကို  အားလုံးက သိနေပေမဲ့ လိုရင်းမရောက်ဘဲ သွယ်ဝိုက်နေရင် သည်းမခံနိုင်တဲ့လူက ကြားဖြတ်ပြောမှာပါပဲ။ ဒီလိုပြောလို့ တစ်ဖက်လူကို ဆရာကြီးလုပ်တယ်လို့ထင်မယ့်အစား ကိုယ့်ကိုယ်ကိုယ် အရင် ဆန်းစစ်ကြည့်သင့်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ယောက်ျားတစ်ယောက် စိတ်ဝင်စားလာအောင် အထာကျကျနဲ့ဆွဲဆောင်နိုင်မယ့်အရာတွေ)

 

၂ - ကြိုပြောထားပါ

စကားဝိုင်းထဲမှာ ကြားဖြတ်ပြီး ဆရာကြီးလုပ်တတ်တဲ့လူပါလာရင် ကိုယ့်ဘက်က ကြိုကာထားလို့ရပါတယ်။ "ကျွန်တော် သေချာရှင်းပြပါရစေ၊ ကျွန်မသေချာလေးပြောပြချင်တယ်" ဆိုတဲ့စကားမျိုးလေးတွေဟာ အားလုံးနားစိုက်ထောင်ပေးပါဆိုတဲ့ အဓိပ္ပါယ်ကို သွယ်ဝိုက်ပြောထားရာ ရောက်ပါတယ်။ လေးလေးနက်နက် ပြောမှာဖြစ်တာကြောင့် ကြားဖြတ်မပြောပါနဲ့ဆိုတဲ့ အဓိပ္ပါယ်လည်း ဆောင်ပါတယ်။

၃ - မဟာမိတ်ဖွဲ့ပါ

အလုပ်ထဲမှာ သင့်ကို အခင်ဆုံးဆိုတဲ့ သူငယ်ချင်း၊ သင့်ကို သဘောကျတဲ့ မိတ်ဆွေတွေ ရှာထားပါ။ ကြားဖြတ်ပြောခံရပြီး သင်အနိုင်ကျင့်ခံရတဲ့အခါ ဒီလိုမိတ်ဆွေတွေက ကြားဖြတ်ပြောတဲ့လူရဲ့ စကားကို နားမထောင်ဘဲ သင့်ကိုပဲ နားထောင်ပါလိမ့်မယ်။ ကြားဖြတ်တတ်တဲ့ ဒီလူရဲ့ အကျင့်ကို မကြိုက်ကြောင်း သင့်မိတ်ဆွေတွေကို ပြောထားတဲ့အခါ ပိုကောင်းပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - ခေါင်းဆောင်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရည်အချင်း)

 

၄ - မျက်နှာချင်းဆိုင်ရှင်း

ဒီလူကပဲ ကြားဖြတ်ပြီး ခဏခဏပြောနေတယ်ဆိုရင် ဘာကြောင့်လဲဆိုတာ မေးသင့်ပါတယ်။ ပြဿနာကို ဖြေရှင်းဖို့ နှစ်ယောက်တည်းရှိတဲ့ အချိန်ကို ရွေးပြီး မေးသင့်ပါတယ်။ သူ့ဘက်က သင့်အပေါ် မကျေလည်တာ၊ အထင်အမြင်လွဲမှားတာတွေ ရှိနေလား မေးသင့်ပါတယ်။ တစ်ခါတစ်လေ သူတို့ကိုယ်တိုင် သတိမထားမိတတ်တာမျိုး ဖြစ်နေတတ်ပါတယ်။

၅ - မျက်လုံးချင်းမဆုံနဲ့

စကားဖြတ်ဖြတ်ပြောတဲ့အကျင့်ရှိတဲ့လူကို သင်ပြောနေတုန်း စကားဝိုင်းထဲမှာ မျက်လုံးချင်းမဆုံပါနဲ့။ မျက်လုံးချင်းဆုံတာဟာ သူတို့ကို စကားပြောဖို့ ခွင့်ပြုပြီလို့ သူတို့က ထင်တာပါ။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - တိတ်တခိုးကြိုက်နေတဲ့လူရှိရင် လူတွေမသိအောင် မိန်းကလေးတွေလုပ်တဲ့ အချက် (၆) ချက်)

Photos & Source: Bustle

Share

Loading Next Article...
က္က