အရမ်းကြီး ချစ်ချင်သပ ဆိုရင်လည်း မတားတော့ဘူး။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့ပြဿနာတွေက တော်တော်ရှုပ်တယ်။

အချစ်ဆိုတာကြီးက ဘယ်အချိန်မှာ ဘယ်သူ့ကိုချစ်ရမယ်လို့ ကြိုတင်မှန်းဆလို့လည်းမရဘူး။ အတင်းအကျပ် ဖိအားပေးပြီး ချစ်လို့မရသလို၊ မချစ်ပါနဲ့လို့လည်း တားလို့မရတာ သိပ်ဆိုးတယ်။ ဒါပေမဲ့ သူ့အပေါ် စိတ်လှုပ်ရှားမှုတွေ ရှိလာတဲ့အဆင့်မှာပဲ သူဘယ်လိုလူလဲဆိုတာ သိအောင်ကြိုးစားကြည့်ပါ။ ဒီလိုယောက်ျားမျိုးတွေကို ချစ်မိရင် ကိုယ်ပဲ နာကျင်ဝမ်းနည်းရမှာမို့ ဖြစ်နိုင်မယ်ဆို စောစောစီးစီး နောက်ဆုတ်လိုက်တာ အကောင်းဆုံးပါပဲ။

၁။ ဇီဇာကြောင်တဲ့ စဆရက

ခေတ်စကားနဲ့ပြောရရင်တော့ စဆရက (စောက်ဆရာကြီး) အထာရှိပြီး နေရာတကာ ကိုယ့်အပေါ် ဆရာကြီးလုပ်လွန်းတယ်။ ကိုယ်က တစ်ခုခုလုပ်မယ်ဆိုရင် အပြစ်ကလည်း ပြောလိုက်သေးတယ်။ ပြီးတော့ ဇီဇာကြောင်လွန်းတဲ့အခါ ဘယ်လိုမှ အဆင်မပြေဘူး။ ကိုယ်ပဲ စိတ်ပင်ပန်းရမှာ သေချာတယ်။

 

၂။ ရည်မှန်းချက်မဲ့နေတဲ့လူ

အပေါ်ယံကြည့်လိုက်မယ်ဆိုရင်တော့ သူတို့ကိုကြည့်ရတာ အပူအပင်ကင်းသလိုပဲ။ နေချင်သလိုနေ သွားချင်သလိုသွားတယ်။ လုပ်ချင်တာရှိလည်း ချက်ချင်းထလုပ်လိုက်တာပဲ။ ဒါပေမဲ့ ဘာကိုမှ သေသေချာချာ မစဉ်းစားဘူး။ ဆင်ခြင်သုံးသပ်မှု အားနည်းတဲ့ ပေါ့ပေါ့ပျက်ပျက် စိတ်ထားရှိနေရင် ရေရှည်လက်တွဲဖို့မသင့်တဲ့ ယောက်ျားတစ်ယောက်ပါ။ ယူပြီးမှ ကိုယ်က ပြန်လုပ်ကျွေးနေရဦးမယ်။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ရည်းစားလိုမတွဲခင် သိထားသင့်တဲ့အချက် (၅) ချက်

၃။ ကိုယ်နဲ့လိုက်ပြိုင်တယ်

လုပ်ငန်းခွင်တူသူ ဒါမှမဟုတ် ကျောင်းမှာ တစ်ခန်းတည်း တူနေသူတွေဆိုရင် ပိုသိလိမ့်မယ်။ ကိုယ်ဘာလုပ်လုပ် အပြိုင်လိုက်လုပ်တာ။ ကိုယ်တစ်ခုခု သာသွားရင် ယောက်ျားကြီးဖြစ်ပြီးတော့ မျက်စိပျက် မျက်နှာပျက်နဲ့ မနာလိုနေတာမျိုး။ ကိုယ့်ရဲ့အောင်မြင်မှုကို မချီးကျူးနိုင်တဲ့လူပေါ့။ ကိုယ်တစ်ခုမှားရင်လည်း ရွဲ့ပြီး ပြန်လုပ်မယ့်လူဟာ ရန်ဖြစ်ဖော်သပ်သပ်ပဲ ဖြစ်လာမယ့် ရည်းစားမျိုးပဲ။

 

၄။ လိင်မှုရေးရာပဲစိတ်ဝင်စားတယ်

အချစ်ရေးမှာ လိင်ကိစ္စဟာ အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ ဖြစ်သင့်တယ်။ ကိုယ့်ခန္ဓာကိုယ်ကို တပ်မက်လု့ိ ချဉ်းကပ်တဲ့ယောက်ျားတွေက မယုံရဆုံးပဲ။ ကိုယ့်ကိုရိုးသွားရင် လွယ်လွယ်နဲ့ ပစ်သွားမယ့်လူမျိုး။ ကိုယ်ပဲ ခံစားပြီး ကျန်ခဲ့ရမှာ။

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ကိုယ့်ဘဲက ခြေရှုပ်နေပြီလို့ယူဆနိုင်တဲ့ လက္ခဏာ (၅) ခု

၅။ သူငယ်ချင်းရဲ့ရည်းစားဟောင်း

အရမ်းကြီး ချစ်ချင်သပ ဆိုရင်လည်း မတားတော့ဘူး။ ဒါပေမဲ့ ဖြစ်လာနိုင်တဲ့ပြဿနာတွေက တော်တော်ရှုပ်တယ်။ သူငယ်ချင်းနဲ့ မိတ်ပျက်ရမယ်။ သူနဲ့ကိုယ့်ကြားမှာ အထေ့အငေါ့ သံသယလေးတွေရှိမယ်။

 

၆။ ကိုယ့်အပေါ် လက်လွှတ်စပယ်ပြောတတ်သူ

ပြောသင့်၊ မပြောသင့် မချိန်ဆဘူး။ သူပြောချင်တာဆို ပြောပစ်လိုက်တယ်။ စကားလုံးရင့်ရင့်တွေလည်းပါတယ်။ ကြမ်းတမ်းညစ်ညမ်းတာတွေလည်းပါတယ်။ အဲ့သလိုလူမျိုးက မိန်းကလေးတစ်ယောက်ကို တန်ဖိုးမထားတတ်တဲ့လူမျိုး။

Share

Loading Next Article...
က္က