အာနိုးလ်ကတော့ အသင်းမှာသူခေါ်ချင်တဲ့ ကစားသမားတွေရဲ့ နာမည်ကို ပြောပြလာတာပါ။

လီဗာပူး ညာနောက်ခံလူ အာနိုးလ်ကတော့ လီဗာပူးမှာ ခေါ်ထားချင်တဲ့ ကစားသမားတွေရဲ့ နာမည်တွေကို လူသိရှင်ကြား ထုတ်ဖော်ပြောကြားလာပါတယ်။ အသက် (၂၃) နှစ်အရွယ် အာနိုးလ်ဟာ ဒီကစားသမားတွေနဲ့ ရာသီတိုင်းမှာ ပြိုင်ဘက်တွေအဖြစ် ထိပ်တိုက်တွေ့နေရတာပါ။



လီဗာပူးအတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဒီညာနောက်ခံကစားသမားလေး အာနိုးလ်ဟာ မကြာခင်ကပဲ ဘရာဇီးဂန္တဝင်နောက်ခံလူ ကာဖူးနဲ့ ခိုင်းနှိုင်းချီးကျူးခံထားရတာဖြစ်ပြီး နောက်တန်းကနေ တိုက်စစ်အထိ လိုက်ပါကာ အခွင့်အရေး ဖန်တီးမှုတွေ၊ သွင်းဂိုးတွေကို ပရိသတ်တွေအတွက် မိတ်ဆက်ပေးနေတာဖြစ်ပါတယ်။

ဒီလိုမျိုး အာနိုးလ်က လီဗာပူးမှာ သူခေါ်ယူလိုတဲ့ ကစားသမားတွေရဲ့ နာမည်ကို အခုလိုပဲ ပြောပြလာတာပါ။ အာနိုးလ်က “ဒီဘရိုင်းနဲ့ ဆွန်ဟောင်မင်တို့ပါပဲ။ ဒီဘရိုင်းကို ကျနော် အရမ်းလေးစားပါတယ်။ ဘာလို့လဲဆိုတော့ ပွဲတပွဲအပေါ် သူ့ရဲ့အမြင်၊ နည်းစနစ်ပိုင်းနဲ့ တိကျမှုတွေကြောင့်ပါပဲ”

“ဒီဘရိုင်းက တကယ်ကို ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားဖြစ်ပြီး သူ့ဆီက မြင်တွေ့နေရတဲ့ ဂိုးဖန်တီးမှုတွေ၊ အခွင့်အရေးဖန်တီးမှုတွေက ကြောက်စရာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်နဲ့ ပတ်သက်လို့တော့ အာနိုးလ်က “ဆွန်ဟောင်မင်လား? သူလည်း တကယ်ကို ထူးချွန်တဲ့ ကစားသမားပါ”

“သူ့ရဲ့မြန်နှုန်း၊ အဆုံးသတ်ပိုင်းနဲ့ တည်ငြိမ်မှုအပိုင်းတွေက အံ့အားသင့်စရာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။ အာနိုးလ်က သူ့ရဲ့ ကစားသမားဘဝအတွက် ရင်ဆိုင်ရခက်တဲ့ပြိုင်ဘက်အဖြစ်တော့ ဟာဇက်ကို ရွေးချယ်ခဲ့ပါတယ်။

အာနိုးလ်က “ဟာဇက်က အရမ်းကို စကေးကြွယ်ပြီး မြန်လည်းမြန်ပါတယ်။ အရိုးသားဆုံးပြောရရင် သူ့မှာ အားနည်းချက်တွေ အများကြီးမရှိပါဘူး။ ကျနော် သူ့ကို တော်တော်ထိန်းရခက်ခဲ့တာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က