တစ်နေ့တစ်ခြား ပေါများလာတဲ့ စနိုက်ကြော်အထီးတွေ၊ စနိုက်ကြော်မတွေကို မြင်ရတာလည်း စိတ်ညစ်စရာပါပဲ။ သူတို့ဘာသာသူတို့ ချစ်နေကြတာကိုတော့ မသိသလိုနေလို့ရပေမဲ့ ကိုယ့်ချစ်သူကို ထိပါးလာပြီဆိုရင်တော့ လက်မခံချင်ဘူးလေ။ ကိုယ့်ချစ်သူကို အတင်းတွယ်ကပ်နေတဲ့လူကိုတွေ့ရင် ကိုယ့်ဘက်က ဘယ်လိုတွေလုပ်ရမလဲဆိုတာ သိချင်ကြမှာပါပဲ။ တကယ်တော့ တစ်စုံတစ်ယောက်ကို ချစ်ဖို့၊ မချစ်ဖို့ဆိုတာ ကိုယ်ကတားမြစ်ထိန်းချုပ်လို့တော့ မရပါဘူး။ ကိုယ့်နှလုံးသားကိုတောင်မှ ကိုယ်မပိုင်တာ သူများကိုတားမြစ်ဖို့က ခက်တယ်လေ။ ကိုယ့်ချစ်သူကို ကြော်ချင်ဖြတ်ခုတ်ချင်တဲ့ အရိပ်အယောင်တွေ တွေ့လာရင်တော့ ဒါတွေကိုလုပ်ကြည့်ပါလို့ အကြံပေးပါရစေ။
၁။ ဒဲ့မပြောပါနဲ့
" ငါ့ချစ်သူနဲ့ဝေးဝေးနေ "လို့များ ဒဲ့ပြောလိုက်ရင် ဟိုက လန့်ပြီးပြေးသွားမယ်လို့ မထင်လိုက်ပါနဲ့။ အရွဲ့တိုက်ပြီး ပိုဆိုးလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် လူကြမ်းမကြီး အဖြစ်မခံပါနဲ့။ ကိုယ့်ချစ်သူကတောင် စိတ်ပျက်သွားပါလိမ့်မယ်။ သူက ကိုယ့်ချစ်သူကို ဘယ်လိုတွေပြုမူ ဆက်သွယ်နေလဲဆိုတာ လေ့လာပါ။ သူ့ရဲ့အပြုအမူတွေကို မနှစ်သက်ကြောင်း ကိုယ့်ချစ်သူကိုသာ ပြောပြလိုက်ပါ။ ပါးပါးနပ်နပ် ပြောတတ်ပါစေ။
သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ချစ်ပြီဆိုရင် အမျိုးသမီးတွေ လိုချင်တဲ့ အရာ (၇) ခု
၂။ ပြောမရဘူးလား
ကိုယ့်ချစ်သူက ကိုယ်ပြောတာကို နားမထောင်ဘူးလား။ အဲ့ဒီမိန်းမက ဘယ်လိုမျိုးတွေနဲ့ ဆွဲဆောင်ထားလို့ ကိုယ့်ချစ်သူက မငြင်းနိုင်တာလဲဆိုတာ သေသေချာချာဖော်ထုတ်ပါ။ မကြိုက်ဘူးပြောနေသားနဲ့ ထပ်ပြီးပတ်သက်နေရင်လည်း ဒီရည်းစားမျိုး ဆက်တွဲမနေပါနဲ့တော့။ ကိုယ့်ကိုပိုချစ်မယ့်လူတွေ တပုံကြီးရှိပါတယ်။
၃။ ကိုယ့်ရဲ့ပုံစံ
ကိုယ်နဲ့သူ့ကြားမှာ ပြဿနာတွေ တက်နေတုန်း စနိုက်ကြော်တွေက ချဉ်းကပ်လေ့ရှိကြပါတယ်။ ကိုယ့်ဘက်က စိတ်ကောက်ပြီး စကားမပြောနေချိန် စနိုက်ကြော်က ဝင်ကျူနေလောက်ပါပြီ။ ဒီလိုအဖြစ်မခံပါနဲ့။ ကိုယ်နဲ့သူနဲ့ ခဏခဏ ပြဿနာတက်နေရတာ ဘာကြောင့်လဲဆိုတာ နှစ်ယောက်လုံးအသိဆုံးပေါ့။ ကိုယ့်ဘက်က များနေရင်လည်း နည်းနည်းတော့လျှော့ပေါ့။ မဟုတ်ရင် သူများနောက်ကို ပါသွားပါလိမ့်မယ်။
၄။ အဆက်အသွယ်
ကိုယ့်ချစ်သူနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။ ဖုန်းနဲ့ရော လူနဲ့ပါ အဆက်အသွယ်မပြတ် ရှိနေမှ ကိုယ့်ဘက်က သာမှာပါ။ ချစ်သူရဲ့ လုပ်ငန်းခွင်ကလူတွေ၊ သူငယ်ချင်းတွေနဲ့လည်း ရင်းနှီးအောင်လုပ်ထားပြီး စောင့်ကြည့်နေပါ။ တစ်ခုခု ခြေလှမ်းစလိုက်တာနဲ့ ကိုယ်အရင်သိအောင်လုပ်ပြီး သူတို့ချိန်းတဲ့နေရာကို ရောက်သွားပါ။ အစပိုင်းမှာတော့ သူတို့က နည်းလမ်းမျိုးစုံနဲ့ ဖုံးကွယ်ကြပေမဲ့ ကြာလာရင် မဟန်မှန်းသိသွားရင် စနိုက်ကြော်မ နောက်ဆုတ်သွားပါလိမ့်မယ်။
၅။ ပိုချစ်ပါ
ကိုယ့်ဘက်က အချစ်တွေ ဂရုစိုက်မှုတွေဟာ ကိုယ့်ချစ်သူကို ချည်နှောင်ရမယ့် သံယောဇဉ်ကြိုးတွေပါပဲ။ ချစ်တယ်လို့ပြောပြီး အနိုင်ယူနေတာတွေ၊ သူ့အတွက် အကူအညီမဖြစ်တဲ့အပြုအမူတွေ မလုပ်နဲ့ပေါ့။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုတစိုက် ပြင်ဆင်ပါ။ သူနှစ်သက်တယ်ဆိုတဲ့ ပုံစံလေးတွေကို ပြင်ကြည့်ပေါ့။ ကိုယ့်ချစ်သူနဲ့ကိုယ် အရမ်းချစ်ကြတာကိုလည်း စနိုက်ကြော်ချင်သူကို မြင်အောင် ပြသလိုက်ပါ။
ဆက်စပ်ဖတ်ရှုနိုင်ရန် ---> မသင့်လျော်တဲ့လူနဲ့ တွဲပြီးရင် သင်ရလာနိုင်တဲ့ သင်ခန်းစာ (၅) ခု