ကျွန်မတို့နှစ်ယောက်လုံးနဲ့ခင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တိတ်တဆိတ်တွဲနေကြပြီလို့ ဆိုတယ်။
 

ချစ်သူများနေ့လို့ ခေါ်ကြတဲ့ ဗယ်လန်တိုင်းနေ့ (Valentine's Day) ဟာ ချစ်သူတွေအတွက်တော့ ပျော်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ FA တွေအတွက်တော့ ဒါက လစ်လျူရှုစရာနေ့တစ်နေ့လည်း ဖြစ်နေမှာပါ။ ဒါမှမဟုတ် မုန်းစရာကောင်းတဲ့နေ့တစ်နေ့လည်း ဖြစ်နေနိုင်ပါတယ်။ တချို့ကတော့ ဗယ်လန်တိုင်းနေ့မှာ အသည်းကွဲခဲ့ရလို့ အဲ့ဒီနေ့ကို မနှစ်မြို့ကြတာပါ။ ဗယ်လန်တိုင်းနေ့မှာ အသည်းကွဲခဲ့ရတဲ့ ကောင်မလေးတွေက သူတို့ရဲ့အဖြစ်အပျက်တွေကို ပြန်ပြီးရင်ဖွင့်ခဲ့ကြပါတယ်။

၁။ အသည်းကွဲတဲ့နေ့

" ကျွန်မရဲ့ ရည်းစား(ဟောင်း)က ဗယ်လန်တိုင်းနေ့မှာ သူ့အိမ်ကိုလာလည်ဖို့ဖိတ်တယ်။ အရမ်းကို စိတ်လှုပ်ရှားသွားတာပေါ့။ သူက ပုံဆွဲဝါသနာပါသူဆိုတော့ သူ့အတွက် စာအုပ်တွေ ခဲတံတွေဝယ်သွားခဲ့တယ်။ ကျွန်မနေတဲ့နေရာနဲ့ သူ့အိမ်နဲ့က နာရီဝက်လောက် ကားမောင်းသွားလိုက်ရတယ်။ ဟိုလည်းရောက်ရော သူ့ပုံစံက တစ်မျိုးကြီးဖြစ်နေတယ်။ ကျွန်မလည်း လက်ဆောင်ပေးပြီးတာနဲ့ သူဘာဖြစ်နေတာလဲ မေးလိုက်တော့ အခုပဲလမ်းခွဲရအောင်လို့ သူကပြောတယ်"

_ ရှန်နာ၊ နယူးယော့ခ်မြို့

 

၂။ လူလိမ်လူညာ

" အလယ်တန်းကျောင်းသူဘဝတုန်းက အရမ်းကိုကြွေခဲရသူတစ်ယောက်ရှိတယ်။ ချစ်သူအဖြစ် နေပေးမလားလို့ သူကပြောတော့ ကိုယ့်မှာ ပျော်လွန်းလို့ ဘယ်လောက်ချစ်တယ်၊ လွမ်းတယ်ဆိုတဲ့အကြောင်းတွေကို ပြောင်ပြောင်လက်လက် (Glitter) စာလေးတွေနဲ့ ပို့ဖြစ်ခဲ့တယ်လေ။ ဗယ်လန်တိုင်းနေ့မရောက်ခင် တစ်ရက်အလိုကျတော့မှ သူက ကျွန်မကို နောက်ပြောင်နေခဲ့ပါဆိုပြီး ကျွန်မရဲ့အခင်ဆုံးသူငယ်ချင်းကို သွားပြောပြလိုက်တယ်။ ဘာဖြစ်မလဲ သိချင်လို့ လုပ်ခဲ့တာပါတဲ့"

_ ကာရိုလင်း ၊ နယူးယော့ခ်မြို့

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ကျောင်းတုန်းကတွဲခဲ့တဲ့ စုံတွဲတွေ မမြဲရတဲ့ အကြောင်းအရင်း (၅) ချက်

 

၃။ ရှက်ရွံ့နာကျည်းစရာ

" ဗယ်လန်တိုင်းနေ့မှာ ကျွန်မရဲ့အခင်ဆုံးသူငယ်ချင်းကို ကျွန်မအချစ်တွေ ထုတ်ပြောလိုက်တယ်။ ကျွန်မရဲ့ခံစားချက်တွေကို ပြောပြပေမဲ့ သူကတော့ အဲ့လိုမခံစားရဘူးလို့ပြောတယ်။ ကျွန်မတို့နှစ်ယောက်လုံးနဲ့ခင်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တိတ်တဆိတ်တွဲနေကြပြီလို့ ဆိုတယ်။ ပြီးတော့ အဲ့ဒီကောင်မလေးက ဘယ်လိုလန်းကြောင်း၊ သူ့ကို ဘယ်လိုခံစားရစေကြောင်းတွေပါ ဆက်ပြောတယ်လေ။ သူနဲ့ကျွန်မလည်း ခဏလောက်စကားမပြောဖြစ်တော့ဘူး။ ကျွန်မလည်း အသည်းကွဲတာ အချိန်အတော်ကြာသွားခဲ့တယ်"

_ ဂရေ့စ်၊ ဝင်ကန်ဆင်မြို့

Source : Cosmo

သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> ချစ်သူများနေ့အပေါ် နိုင်ငံအသီးသီးရဲ့ ထုံးတမ်းအစဉ်လာများ

Share

က္က