ဒီလူတွေကို မကြိုက်ဘူးလို့ ကိုယ့်လက်တွဲဖော်ကို ပြောဖို့ကလည်း အဆင်မပြေဘူး ဖြစ်နေတတ်ပါတယ်။
 

သင်တွဲနေတဲ့လူမှာ အရမ်းခင်တဲ့ သူငယ်ချင်းတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဘယ်ဘဝက ရေစက်ကြောင့်မှန်းမသိဘဲ အဆိုပါလူတွေကို လုံးဝသဘောမကျဘူးဖြစ်နေပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ကြုံရတဲ့အခါ သင့်အတွက် အခက်အခဲဖြစ်ရပါတယ်။တွေ့ကြဆုံကြတဲ့အခါ သူ့သူငယ်ချင်းတွေပါ ရှိနေရင် သင့်အနေနဲ့ ဘယ်လိုဆက်ဆံရမှန်းမသိတာမျိုး ဖြစ်နေပါတယ်။ ဒီလူတွေကို မကြိုက်ဘူးလို့ ကိုယ့်လက်တွဲဖော်ကို ပြောဖို့ကလည်း အဆင်မပြေဘူး ဖြစ်နေတတ်ပါတယ်။ အားနာနေရပါတယ်။ ဒီအခါ မှာ သင့်ဘက်က လုပ်နိုင်တဲ့ အချက် (၄) ချက် ရှိပါတယ်။

၁ - တပ်ကူ

သင့်လူရဲ့သူငယ်ချင်းတွေက သင်သဘောကျတဲ့လူမျိုးတွေ မဟုတ်ပါဘူး။ ဒီလူတွေနဲ့ တွေ့ဖို့ရှိတယ်ဆိုရင် သင့်ဘက်က လုပ်နိုင်စရာ တစ်ခုရှိပါတယ်။ ဒါကတော့ သင့်သူငယ်ချင်းတွေကိုလည်း ခေါ်သွားတာ ဖြစ်ပါတယ်။ သင်တစ်ကိုယ်တည်း ဒီလူတွေကို ရင်ဆိုင်စရာ မလိုပါဘူး။ သင့်သူငယ်ချင်းတွေကိုလည်း လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်လိုက်ပါ။ သူ့ဘက် သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်ဆုံးရမယ်ဆိုတာမျိုးက အဓိပ္ပါယ်မရှိပါဘူး။

၂ - အပေါင်းအသင်းသစ်

Friends_iStock.width-800.jpg 

သူ့သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်းဆိုပြီး ခွဲခြားနေမယ့်အစား နှစ်ယောက်စလုံးခင်တဲ့ လူတွေကို သူငယ်ချင်းအဖြစ် သတ်မှတ်လို့ရပါတယ်။ သင်တန်းတစ်ခုကို နှစ်ယောက်အတူတက်ပြီး နှစ်ယောက်အတူခင်တဲ့ သူငယ်ချင်းမျိုးရှာလို့ရပါတယ်။ gym တစ်ခုကို နှစ်ယောက်အတူသွားဆော့တဲ့အခါ နှစ်ယောက်စလုံးခင်တဲ့လူမျိုး တွေ့နိုင်ပါတယ်။ နှစ်ယောက်စလုံးက စာဖတ်ရတာ သဘောကျတယ်ဆိုရင် စာအုပ်နဲ့ပတ်သက်ပြီး ခင်တဲ့လူတွေက သင်တို့နှစ်ယောက်စလုံးအတွက် အဆင်ပြေမှာပါ။

၃ - မကြောက်နဲ့

51573520-e240-0133-1fb2-0e1a8cd64d33.jpg 

သူ့သူငယ်ချင်းတွေကို မကြိုက်ဘူးဆိုရင် သင်မတွေ့ရုံပါပဲ။ သင်မကြိုက်တဲ့ သူ့သူငယ်ချင်းတွေနဲ့ ရှိနေတယ်ဆိုရင် သင်မသွားရုံပါပဲ။ ဒီလူတွေနဲ့ မပေါင်းရဘူးလို့တော့ သွားမကန့်သတ်ပါနဲ့။ နှစ်ဦးသားဆက်ဆံရေးမှာ အဖုအထစ်တစ်ခု ဖြစ်သွားနိုင်ပါတယ်။ အကောင်းဆုံးကတော့ သင်မကြိုက်ဘူးဆိုတာကိုတောင် မသိပါစေနဲ့။ သူ့သူငယ်ချင်းတွေကို ပါးပါးနပ်နပ်နဲ့ ရှောင်ရမှာ ဖြစ်ပါတယ်။

၄ - ရင့်ကျင်ပါ

article-0-1F28EFBF00000578-317_634x368.jpg 

သူ့သူငယ်ချင်းတွေကို သင်လက်မခံပေးနိုင်တာ ပြဿနာမဟုတ်ပါဘူး။ ကိုယ့်လူကိုပဲ ကိုယ်က သဘောကျတာပါ။ သူ့သူငယ်ချင်းတွေကို ကြိုက်တာ မဟုတ်ပါဘူး။ လူတိုင်းကိုလည်း သင်က သဘောကျနေနိုင်မှာလည်း မဟုတ်ပါဘူး။ ဒီလူတွေကြောင့် သင်စိတ်ဆင်းရဲမခံပါနဲ့။ သင်တို့ နှစ်ဦးသားဆက်ဆံရေးကို အနှောင့်အယှက်အဖြစ်မခံပါနဲ့။ သူ့သူငယ်ချင်းတွေနဲ့ ရောတာမျိုး မလုပ်ဘဲ အစောကြီးကတည်းက အကန့်လေးခွဲထားသင့်ပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး - လက်ထပ်ဖို့ အသင့်မဖြစ်သေးဘူးဆိုတဲ့ အချက် (၆) ချက်)

Photos & Source: Relationship

Share

Loading Next Article...
က္က