ဘယ်လောက်ပဲ ချစ်ချစ် သူငယ်ချင်းကို ပြောရမှာကြောက်တဲ့ စကားတွေရှိပါတယ်။
 

သူငယ်ချင်းဆက်ဆံရေးဆိုတာကလည်း ရည်းစားချစ်သူဆက်ဆံရေးလို ရေရှည်တည်တံ့ဖို့ မလွယ်ပါဘူး။ အကျင့်တူ၊ ဝါသနာတူ၊စိတ်ဓာတ်တွေတူပြီး သည်းခံပေါင်းနိုင်မှပါ။ ချစ်တဲ့သူငယ်ချင်းတွေကြတော့လည်း ရည်းစားထက်ကို ပိုချစ်ကြပါတယ်။ ဘယ်လောက်ပဲ ချစ်ချစ် သူငယ်ချင်းတွေ ပြောရမှာကြောက်တဲ့ စကားတွေရှိပါတယ်။ ဒီထဲကမှ အားလုံးတူညီနိုင်မယ့် (၅) ခုလောက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁ - တော်တော်ငြီးငြူတတ်တာပဲ

အပြင်မှာ ပူလိုက်တာ၊ အသုပ်က ငန်သလိုပဲ၊ ကားတွေက ကြပ်လိုက်တာ၊ အိမ်မှာ နားကြပ်ကျန်ခဲ့တာ တော်တော်ဆိုးတာပဲ စသဖြင့် အမြဲတမ်းငြီးငြူနေတဲ့အခါ သူ့ဘက်က အမြဲတမ်းငြီးငြူနေတာပဲလို့ ပြောချင်ပါတယ်။ ဒါပေမဲ့ သင့်ငြီးငြူမှုဟာ သူ့ဘက်လှည့်လာမှာ စိုးတာကြောင့် ဒီလို ပြောမှာ မဟုတ်ပါဘူး။ ခေါင်းလေးငြိမ့်ပြတာ ၊ အပြုံးလေး ပြုံးပြတာမျိုးလောက်ပဲ လုပ်ပါလိမ့်မယ်။ အရမ်းကြီးဆိုးလာရင်တော့ သင့်ကို မသိချင်ယောင်ဆောင်နေတာမျိုးပဲ လုပ်ပါလိမ့်မယ်။

 

၂ - လက်ဆောင်

လက်ဆောင်ပေးတဲ့အခါ ပေးတဲ့လက်ဆောင်ကို မကြိုက်ဘူးလို့ သင့်ကို ပြောမှာမဟုတ်ပါဘူး။ အသုံးမဝင်ဘူး၊ အပိုသက်သက်ဖြစ်နေတယ်ဆိုတာမျိုး ပြောမှာ မဟုတ်ပါဘူး။ ကြိုက်သလို၊ သဘောကျသလို ဟန်ဆောင်နေတတ်ပါတယ်။ ပေါင်းလာတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဘာအသုံးဝင်မလဲဆိုတာ သိသင့်တယ်လို့ ထင်ပေမဲ့ ပါးစပ်ကတော့ ထုတ်ပြောမှာ မဟုတ်ပါဘူး။

 

၃ - ဘာတွေတင်မှန်းမသိဘူး

ဖေ့စ်ဘွတ်ပေါ် ဘာပို့စ်တွေ တင်မှန်းမသိဘူးလို့ ပြောမှာ မဟုတ်ပါဘူး။ ပုံတင်ရင် လိုက်ပေးရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ နေ့စဉ် ပုံ ၇ ပုံလောက်တင်နေတာ၊ ပရိုဖိုင်ပုံ ခဏခဏ ပြောင်းတာတွေက ထောက်ခံပေးဖို့ ခက်ခဲပါတယ်။ နေ့စဉ်အသဲကွဲပို့စ်တွေ တင်ပြီး အသည်းကွဲနေရတဲ့အကြောင်းအရင်းကိုလည်း နားမလည်နိုင်ပေမဲ့ သူငယ်ချင်းကို ဖွင့်ပြောမှာ မဟုတ်ပါဘူး။

 

၄ - ဖြတ်သင့်တယ်

သင့်ရည်စားက နှိပ်စက်တယ်၊ သင့်အပေါ်မကောင်းဘူးဆိုတာ သိတဲ့အပြင် တကယ်ကြိုက်လို့တွဲနေတာမဟုတ်ဘူးဆိုတာကိုတောင် သိနေပေမဲ့ သင့်ကို ပြောမှာ မဟုတ်ပါဘူး။ တော်တော်လေး ဆိုးဝါးတဲ့ အခြေအနေရောက်မှသာ သင့်ကို ပြောရဲမှာပါ။ ဒါတောင် တိုက်ရိုက်မဟုတ်ဘဲ ငါသဘောမကျဘူးဆိုတာလောက်ပါပဲ။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး -အမြဲတမ်းပျော်ရွှင်နေသူတွေထံမှာ မြင်ရလေ့ရှိတဲ့ အမူအကျင့် (၇) ခု )

 

၅ - အဲ့လူတွေနဲ့ မပေါင်းစေချင်ဘူး

သင်တွဲနေတဲ့တခြားလူတွေကို မကြိုက်ဘူးလို့ ပြောရမှာ ကြောက်ပါတယ်။ အပေါင်းအသင်းများတာကို မနာလိုတယ်လို့ ထင်သွားမှာ စိုးပါတယ်။ ဘယ်သူတွေနဲ့ ပေါင်းနေလဲဆိုတာလောက်ပဲ မေးမှာ ဖြစ်ပါတယ်။ သူငယ်ချင်းပဲ ဖြစ်တာကြောင့် သင့်အပေါ်စိုးမိုးတယ်လို့ ထင်သွားမှာ စိုးရိမ်တာပါ။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး - ကျောင်းတုန်းကတွဲခဲ့တဲ့ စုံတွဲတွေ မမြဲရတဲ့ အကြောင်းအရင်း (၅) ချက် )

Photos & Source: Candy

Share

Loading Next Article...
က္က