ကြံရည်ဖန်ရည်လေးသာ ရှိမယ်ဆို အဝတ်အစားဖိုး အကုန်အကျသက်သာပါလိမ့်မယ်။
 

၁။ စားလိုက်တိုင်း ဝိတ်တက်လာလို့ ဂျင်းဘောင်းဘီလေးတွေကို ချောင်ထဲ ထည့်ထားရပြီလား။ ဒီလိုလုပ်ကြည့်လေ။ ဘေးချုပ်ရိုးကို ဟလိုက်ပြီး တခြားဂျင်းသား ဒါမှမဟုတ် ဂျင်းပုံစံတူအသားလေးဖြည့့်ပြီး ပြန်ချုပ်ထားလိုက်ပေါ့။ အကျႌနဲ့ဖုံးလိုက်ပြီဆို ဘယ်သူမှမသိတော့ဘူး၊ ပေါ်သွားလည်း ဖက်ရှင်သစ်တစ်ခုလိုပဲ ခပ်တည်တည်နေလိုက်ရုံ။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> မဝတ်တော့တဲ့ တီရှပ်အဟောင်းတွေကို အသစ်လိုပြန်သုံးနိုင်မယ့်နည်း (၃) ခု

 

၂။ အကျႌမှာ မှင်တွေစွန်းရင် လွယ်လွယ်နဲ့ဖျက်မရပါဘူး။ ချွတ်ဆေးကို အရမ်းသုံးရင်လည်း အဝတ်က ဆွေးလွယ်ပါတယ်။ လက်သန့်ဆေးဂျယ်လ်ကို အစွန်းပေါ်ကိုသုတ်ထားလိုက်ပါ။ ၁၅ မိနစ်လောက်နေမှ လျှော်ကြည့်လိုက်။ မှင်စွန်းဆိုတာ ဘယ်နားမှန်းတောင် မသိသာတော့ဘူး။

 

၃။ ဆီချေးစွန်းရင်တော့ စွန်းတဲ့နေရာပေါ်ကို Talcum powder (ပူရှိန်းပေါင်ဒါ)လေး ဖြူးထားလိုက်ပါ။ နာရီအနည်းငယ်ကြာမှ လျှော်လိုက်ရင် ဆီချေးတွေ စင်သွားပါလိမ့်မယ်။

သင်အကြိုက်တွေ့မယ့်ဆောင်းပါး ---> လျှော်ရေးဖွပ်ရေးမှာ အရေးကြီးတဲ့အချက် (၇) ချက်

 

၄။ အဝတ်မှာ ပီကေတွေကပ်နေတာ ခွာမရဘူးလား။ ရေခဲအိတ်လေး တင်ထားပေးလိုက်လေ။ ပီကေတွေ မာတောင့်ပြီးခဲသွားမှ ခြစ်ထုတ်လိုက်ပေါ့။

 

၅။ နောက်ထပ် အဖြစ်များတဲ့ကိစ္စတစ်ခုကတော့ အမွေးတွေ ဖွာထွက်လာတာပါပဲ။ အသီးသီးတွေထလာပြီဆို မဝတ်ချင်တော့ဘူးလေ။ မုတ်ဆိတ်ရိတ်ဓားလေးနဲ့ အသာအယာရိတ်ပေးလိုက်ရင် အသီးတွေထတာ မရှိတော့ဘူးပေါ့။ သတိတော့ထားပါ။ လက်ချော်ရင် အကျႌပြဲသွားနိုင်ပါတယ်။

 

၆။ ကြိုးတပ်ရတဲ့ ခေါင်းစွပ်တို့၊ အနွေးထည်တို့မှာ ကြိုးက တစ်ဖက်တည်း ရှည်ထွက်လာပြီဆို ချိတ်ကလေးနဲ့ချိတ်ပြီး အပေါက်တစ်ဖက်ကနေ ပြန်ဆွဲထုတ်လို့ရပါတယ်။

 

၇။ ချိုင်းချွေးထွက်တဲ့လူတိုင်းရဲ့ အကျႌလက်ကြားမှာ ချွေးကွက်တွေ စွန်းနေရပါတယ်။ တချို့ချွေးနံ့ပျောက်ဆေးတွေကလည်း အဝတ်ကိုမာတောင့်တောင့်နဲ့ အဝါကွက်တွေ ဖြစ်စေတယ်လေ။ ဒီလိုဆိုရင် သံပရာသီးနဲ့ရေနဲ့ရောပြီး စွန်းတဲ့နေရာကိုလောင်းလိုက်ပါ။ လက်နဲ့အသာအယာ ပွတ်တိုက်ပေးရုံနဲ့ ချွေးစွန်းတွေ ပျောက်ပါတယ်။

 

၈။ ဇစ်တပ်အကျႌတွေမှာ ဇစ်က ကြပ်နေရင် အတင်းဆွဲလိုက်လို့မရပါဘူး။ ဇစ်ခေါင်းပြုတ်သွားနိုင်ပါတယ်။ ဇစ်ကြောင်းတစ်လျှောက်ကို ဖယောင်းလေးနဲ့တိုက်ပြီးမှ ဇစ်ခေါင်းကိုဖြည်းဖြည်းချင်းဆွဲလိုက်ရင် အိုကေသွားပြီပေါ့။

Source : Bright Side

Share

Loading Next Article...
က္က