တစ်ဖက်လူအခြေအနေကို အကဲခတ်ပြီးမှသာ ပြောသင့်ပါတယ်။
 

စကားပြောရင်း လူတစ်ဦးနဲ့တစ်ဦး မိတ်ပျက်ရတဲ့ အကြောင်းရင်းတွေထဲမှာ တစ်ဖက်လူရဲ့ပုဂ္ဂိုလ်ရေးကို ထင်ကြေးပေးပြောဆိုတာလည်း ပါဝင်ပါတယ်။ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်မှာ ကလေးမရှိခြင်းဟာ တစ်ဖက်လူရဲ့ ပုဂ္ဂိုလ်ရေး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုကလေးမရှိရခြင်းကို စကားဝိုင်းမှာ အလွယ်တကူ မေးမြန်းမိတတ်ပါတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေးကိစ္စတစ်ခု ဖြစ်တာကြောင့် တစ်ဖက်လူအခြေအနေကို အကဲခတ်ပြီးမှသာ ပြောသင့်တာပါ။

၁ - ဘာလို့ ကလေးမယူတာလဲ

ခင်မင်သူမိတ်ဆွေက အိမ်ထောင်သည်အမျိုးသမီးဖြစ်ပြီး ကလေးလည်းမရှိသူဆို ဒီလိုမျိုး မေးတတ်ကြပါတယ်။ ဒါပေမဲ့လည်း ဒီမေးခွန်းက ပုဂ္ဂိုလ်ရေးတော်တော်ဆန်တဲ့ စကားမျိုး ဖြစ်ပါတယ်။ တစ်ဖက်သားမှာ ဝမ်းနည်းမှု၊ မကျေနပ်မှု စတဲ့ ပြင်းထန်တဲ့ ခံစားချက်မျိုး ဖြစ်သွားစေပါတယ်။

၂ - စိတ်မကောင်းလိုက်တာ

 

ဒီလို မှတ်ချက်စကားမျိုးဟာလည်း အပြောခံရသူဆီက မာကျောတဲ့ တုံ့ပြန်မှုမျိုး ပြန်ရလာနိုင်ပါတယ်။ မဖြစ်သင့်တဲ့၊ ဝမ်းနည်းစရာ ကိစ္စရပ်တစ်ခု အဖြစ် မပြောသင့်ပါဘူး။ တစ်ဖက်က ကိုယ်တိုင် ပြောလာတဲ့အခါမှာလည်း ခေါင်းငြိမ့် နားထောင်ခြင်းကသာ အကောင်ဆုံး ဖြစ်ပါတယ်။

၃ - အသက်ကြီးရင် ဘယ်သူက စောင့်ရှောက်မလဲ

 

ရင်းနှီးတဲ့အခါမျိုးမှာ ပြောတတ်ပါတယ်။ လုံးဝမပြောသင့်ဆုံးစကားဖြစ်ပါတယ်။ ကလေးတွေဟာ အသက်ကြီးတဲ့အခါ စောင့်ရှောက်ဖို့ မွေးထားတာလားလို့ ပြင်းပြင်းထန်ထန်တုံ့ပြန်မှုမျိုးတောင် ကြုံရနိုင်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး -ချစ်တင်းနှောခြင်းကြောင့် ရလာမယ့် ကောင်းကျိုးတွေကို သိပါသလား )

၄ - အားတဲ့ အချိန် ဘာတွေ လုပ်လဲ

ကလေးမရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ အားလပ်တဲ့အချိန်တွေ ပိုပေါနေမယ်လို့ ယူဆတာဟာ မှားယွင်းတဲ့အယူအဆမျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာလည်း အိမ်ထောင်တစ်ခုမှာ ယူထားရတဲ့တာဝန်တွေ အမြောက်အများရှိပါတယ်။ တချို့အိမ်ထောင်တွေမှာ အမေ၊မိခင်တွေဟာ ဝင်ငွေရှာသူဖြစ်သလို ဦးဆောင်သူတွေ ဖြစ်နေတာပါ။ ဒီလိုအမျိုးသမီးတစ်ယောက်ကို သင်ပြောမိတယ်ဆိုရင် စိတ်တောင်ဆိုးသွားနိုင်ပါတယ်။

၅ - နောက်တော့လည်း စိတ်ပြောင်းလိမ့်မယ်

 

လူတစ်ယောက်ရဲ့ အနာဂတ်မှာ ဘာဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးတာဟာ တစ်ဖက်လူက တောင်းဆိုမှသာ လုပ်သင့်တာပါ။ တစ်ဖက်လူက သူ့ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စကို စွက်ဖက်တိုက်ခိုက်တယ်လို့တောင် ခံစားရနိုင်ပါတယ်။ ဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာကို တတ်သိသလို ဆရာကြီးလုပ်ပြောတာဟာ ရင်းနှီးသူတောင် မလုပ်သင့်ပါဘူး။

(သင်စိတ်ဝင်စားနိုင်တဲ့ ဆောင်းပါး - လက်မထပ်မီတည်းက ကြိုတင်မေးမြန်းထားရမယ့် ငွေရေးကြေးရေးမေးခွန်းတွေ)

Photos & Source: Prevention

Share

Loading Next Article...
က္က