နှစ်ယောက်စလုံး ချစ်ဖို့ကောင်းလိုက်တာ။

Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်ဟာ ဝါရင့်သရုပ်ဆောင် မခိုင်လေးနဲ့အတူ ကြော်ငြာရိုက်နေတယ်လို့ သိရပါတယ်။



Photo : ခိုင်သင်းကြည် FB

 

Myanmar Idol Season 3 ရဲ့ Winner ဖြိုးမြတ်အောင်ဟာ ဝါရင့်သရုပ်ဆောင် မခိုင်လေးနဲ့အတူ ကြော်ငြာရိုက်နေတယ်လို့ သိရပါတယ်။ ဖြိုးမြတ်အောင်ဟာ မခိုင်သင်းကြည်နဲ့အတူ crown အချိုမှုန့်ကြော်ငြာရိုက်ကူးနေတာ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းလေးကိုလည်း မခိုင်လေးရဲ့ ဖေ့စ်ဘွတ်မှာ အောက်တိုဘာ(၈) ရက်နေ့က ပုံလေးတွေ တင်ထားတာတွေ့ရပါတယ်။

မခိုင်လေးနဲ့ အတူ အတွဲညီညီသရုပ်ဆောင်နေတဲ့ ဖြိုးမြတ်အောင်ရဲ့ ပုံလေးတွေကိုကြည့်ပြီး သူ့ရဲ့ ပရိသတ်တွေ အရမ်းကို ဝမ်းသာနေကြ တာကိုလည်း တွေ့ရပါတယ်။

Photo : ခိုင်သင်းကြည် FB

 

ဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲပြီးသွားပြီးနောက်ပိုင်းကတည်းက ဖျော်ဖြေပွဲတွေသာမက ကြော်ငြာရိုက်ကူးမှုတွေ လုပ်လာရတာ တွေ့ရပါတယ်။ ပြည်သူတွေ ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဖြိုးမြတ်အောင်ဟာ အကယ်ဒမီစင်ရော်မောင်မောင်ကိုယ်တိုင် ရိုက်ကူးထားတဲ့ ကြော်ငြာတစ်ခု မှာလည်း ပိုင်ဖြိုးသုနဲ့အတူ ပါဝင်သရုပ်ဆောာင်ထားတာတွေ့ရပါတယ်။ ပိုင်ဖြိုးသုနဲ့အတူ ရိုက်ထားတဲ့ ကြော်ငြာက "ဧကရာဇာ" ကြော်ငြာဖြစ် ပါတယ်။

Photo : ခိုင်သင်းကြည် FB

ဖြိုးမြတ်အောင်ရဲ့ စိတ်ဓာတ်လေးကို ချီးကျူးလိုက်တဲ့ နန်းသီရိမောင် 

 ဖြိုးမြတ်အောင်က ယခုလက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ လုပ်နေသလို ပရဟိတလုပ်ငန်းများလည်း ဆက်တိုက်ဆိုသလို လုပ်ကိုုင်နေတာ တွေ့ရပါတယ်။Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်က ရတဲ့ ဆုကြေးတွေထဲက မိခင်ရဲ့ အိမ်မက်တွေကို အရင်ဆုံး အကောင်အထည် ဖော်ပေးမယ်လို့ ဆိုပါတယ်။ ဘုရားထီးတင်မယ်၊ကထိန်ခင်းမယ်ဆိုတဲ့ သူ့ရဲ့ စိတ်ကူးလေးကိုလည်း ပြောပြထားပါတယ်။

"ပရိသတ်တွေကို ပြောခဲ့တဲ့ အတိုင်းပဲ ဘုရားထီးတင်ဖို့ပေါ့ ။အမေ့ရဲ့ အိမ်မက်ဖြစ်တဲ့ ဘုရားထီးတင်တာကို အရင်လုပ်မယ်။ လောလော ဆယ် တော့ မိုးတွင်ဖြစ်နေတော့ ဘုရားကို ပြင်ဖို့အတွက် အရင်လုပ်မယ်။ ပြီးရင်  ဘုရားထီးတင်မယ်။ ကထိန်ခင်းမယ် ကျောင်းဆောက်မယ် ပေ့ါ။ ပညာရေးနဲ့ ပတ်သက်တဲ့နေရာတွေသွားပြီး လှူဒါန်းမယ်။" လို့ သြဂုတ်လ (၁၁) ရက်နေ့ညကပွဲပြီးပြီးချင်း အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : ခိုင်သင်းကြည် FB

 

သူ့အနေနဲ့ ပြိုင်ပွဲပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ အနုပညာဝမ်းဆာများကို ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပြီး နောက်တက်လာမယ့် ညီငယ်ညီမ တွေ လေးစားအားကျရတဲ့ အနုပညာသမားတစ်ယောက် အဖြစ် ရပ်တည်နိုင်ဖို့နဲ့ လျှောက်လမ်းမယ့် ဂီတလမ်းကြောင်းမှာ  အတတ်နိုင်ဆုံး အမှားနည်းအောင် လျှောက်လှမ်းပ့ါမယ်ဆိုပြီး ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က