သက်မွန်မြင့်ကတော့ သီလရှင်ဝတ်ချင်တယ် လို့ ဆိုပါတယ်။ အပျိုတုန်းကလိုမျိုး မကြာခဏ တရားစခန်းဝင်ပြီး တရားအား ထုတ်ချင်တယ်လို့ ဆိုပါတယ်။
Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်
သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်ကတော့ သီလရှင်ဝတ်ချင်တဲ့ သူ့ရဲ့ ဆန္ဒကိုပြောပြလာပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက် ဆောင်ရွက်နေရတာဖြစ်တဲ့အတွက်လည်း အခုချိန်ထိ ဝတ်ဖို့ မအားသေးဘူးလို့ မီဒီယာအင်တာဗျူးတွေကနေတဆင့်ပြောပြလာပါတယ်။
'' နဂိုက သက်မွန်က ပြီးခဲ့တဲ့မွေးနေ့မှာ ဝတ်မလို့ပါ၊ ဆရာတော်ကလည်း မဝတ်နဲ့ဦး အလုပ်လုပ်ဦးလို့ပြောတယ်။ တကယ်လည်း မွေးနေ့က နယ်မှာ ကားရိုက်နေရတာဆိုတော့ မဝတ်ဖြစ်ဘူး။ တစ်ချိန်ချိန်မှာတော့ ပြန်တော့ ဝတ်ဖြစ်မှာပါ။ သီလရှင်ပဲ ဖြစ်ဖြစ်၊ ယောဂီဝတ်ပဲဖြစ်ဖြစ် အဓိက က စိတ်ပေါ့၊ ကျင့်ကြံအားထုတ်နိုင်တဲ့ စိတ်ပေါ့နော်'' လို့ဆိုပါတယ်။
Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်
သက်မွန်မြင့်ဟာ ဘာသာတရားလည်း ကိုင်းရှိုင်းသူဖြစ်တာကြောင့် မကြာခဏဆိုသလို သီလရှင်ဝတ်တာ၊ ယောဂီဝတ်တာတွေ လုပ်လေ့ ရှိတယ် လို့ဆိုပါတယ်။ တရားဘာဝနာ ပွားများရတဲ့ ခံစားချက်ကိုလည်း သက်မွန်မြင့်က အောက်တိုဘာလ ၁၅ ရက်နေ့ မနက်က အောင်ဇဗ္မူတောရ ရိပ်သာမှာ ပြုလုပ်တဲ့ နေတိုး ဘုန်းကြီးဝတ်တဲ့ အချိန်မှာ ပြောပြခဲ့တာဖြစ်ပါတယ်။
''ဒီလိုမျိုး ယောဂီဝတ်တယ်၊ သီလရှင်ဝတ်တယ် ဆိုတာက လောကီအာရုံတွေကို အကုန်စွန့်ခဲ့ရတာ။ လောကုတ္တရာ အကြောင်းတွေပဲ စဉ်းစား ကြတယ်။ ဒီလောကုတ္တရာအကြောင်းနဲ့ တရားကိုပဲ အားထုတ်ကြတဲ့အခါကျတော့ စိတ်က စုစည်းလို့ရတယ်။ တည်ငြိမ်တယ် ကြည်လင်တယ်၊ တရားနဲ့ နေတဲ့အခါကျတော့ အရမ်းအေးချမ်းတယ်။ '' လို့ ဖြေဆိုခဲ့တာပါ။
Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်
သားသမီးတွေအတွက် မိခင်တစ်ယောက်အနေနဲ့ဆောင်ရွက်ရတာတွေ၊ အနုပညာအလုပ်တွေအတွက် သရုပ်ဆောင်ကောင်းတစ်ယောက် အနေနဲ့ ဆောင်ရွက်ရတာတွေကြောင့် သာသနာ့ဘောင်ထဲ မဝင်ဖြစ်သေးဘူးလို့ သိရပါတယ်။
'' လောကီမှာကျတော့ သားသမီးတွေရှိမယ်၊ အလုပ်ကိစ္စတွေ ရှိမယ်။ အာရုံတွေက အများ ကြီးပဲ ပရိသတ်တွေနဲ့ပေါ့။ ကိုယ့်ရဲ့ Life ကလည်း အပြင်ပုံစံရှိတယ်၊ ကာရိုက်တာအတွက် Life ရှိတယ်။ အရမ်းအာရုံ နောက်တယ် ပေါ့နော်။ ဒီထဲရောက်သွားရင်တော့ အရမ်းအေးချမ်းတယ်။ ကိုယ့်ဆန္ဒအတိုင်းဆိုရင်တော့ အပျိုတုန်းကလို ဒီကို ခဏခဏလာနေချင်တယ်။ အခုကတော့ ကလေးတွေကို ပြန်ညှာရတာပေါ့နော်'' လို့ဆိုပါတယ်။
Photo: သက်မွန်မြင့်ဖေ့စ်ဘွတ်
သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ " အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်" ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ "ချစ်လှစွာသောအမုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။