နိုင်ငံပေါင်း ၂၀ ကျော်ထဲကမှ ဆွတ်ခူးရယူနိုင်ခဲ့တာပါ။

ထက်ဦးထွဋ်ကတော့ မြန်မာနိုင်ငံဂုဏ်ဆောင် Altitude Men International 2018 winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ် ခူးရယူနိုင်ခဲ့ ပါပြီ။ ဒီပြိုင်ပွဲကိုတော့ နိုင်ငံပေါင်း ၂၀ ကျော်ထဲက ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

Photo: Altitude Men International

 

မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော် ထက်ဦးထွဋ်က မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင် Altitude Men International 2018 winner ဆုကြီးကို နိုဝင်ဘာလ ၂ရက်နေ့က ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ Altitude Men International 2018 ပြိုင်ပွဲကြီးကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

'' နှစ်စဉ် winner များကိုမွေးထုတ်ပေးလျက်ရှိသောကျတော်တို့၏ Misters of Myanmar မှ ဒီနှစ်အတွက် Altitude Men International 2018 winner ဆုကြီးကို မြန်မာပြည်အတွက် Company မှ အသက်အငယ်ဆုံးညီငယ် ထက်ဦးထွဋ်မှ ရယူပေးခဲ့ပါတယ်'' ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့ည ၇ နာရီကျော်က Mister Of Myanmar Facebook Page ကနေ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။

Photo: Altitude Men International

 

Altitude Men International 2018 ပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ၂၀ ကျော်က ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ မြန်မာနိုင်ငံ ကိုယ်စား ပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထက်ဦးထွဋ်က Altitude Men International 2018 winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

First Runner Up နဲ့ Second Runner Up ကိုတော့ ထိုင်းနိုင်ငံက Model တစ်ဦးနဲ့ အိန္ဒိယနိုင်ငံက Model တို့က ရရှိခဲ့တာဖြစ်ပါတယ်။

Photo: Altitude Men International

 

Altitude Men Myanmar 2018 winner ဆုကြီးကို ပိုင်ဆိုင်ခဲ့တဲ့  ထက်ဦးထွဋ်က အသက် ၂၀ သာရှိပါသေးတယ်။ အရင်တုန်းကလည်း Mister Global Teen Myanmar 2015 ဆုကို ရရှိပိုင်ဆိုင်ခဲ့ဖူးသူ တစ်ယောက်ပါ။ လက်ရှိမှာလည်း အနုပညာလောကမှာ မော်ဒယ်လ်၊ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ရပ်တည်နေတာကို တွေ့ရပါတယ်။

Photo: Altitude Men International

 

ထက်ဦးထွဋ်ဟာ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးခြင်းခံနေရတဲ့ အနုပညာရှင်အသစ်တစ်ယောက်ပါ။ Innocence ဇာတ်လမ်းတွဲကိုတော့ မြူခိုး ဇာတ်ကောင်နေရာ အတွက် ရွေးချယ်မှု လုပ်ရတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က