စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ သားလေး မင်းသန့်မောင်မောင်က ဒီနေ့မှာ အသက်(၂၁)နှစ်ပြည့်လို့သွားပါပြီ။ လက်ရှိမှာ မင်းသန့်မောင်မောင်ဟာ New York Film Academy School တွင် ပညာသင်ယူလျက်ရှိပါတယ်။
ဒီနေ့(ဇူလိုင်၃ရက်)က စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ သား မင်းသန့်မောင်မောင်ရဲ့ မွေးနေ့ပါ။ မင်းသန့်မောင်မောင်ဟာ ဒီနေ့မှာ အသက်(၂၁)နှစ် ပြည့်သွားခဲ့ပါပြီ။ သူ့ရဲ့ မွေးနေ့လေးအတွက်ကိုလည်း စင်ရော်မောင်မောင်က သံဃာတော် အပါး (၃၅၀)ကို ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါတယ်။
ပြည်ပမှာ ပညာသင်ယူနေတဲ့ သားအတွက် ဖခင်ဖြစ်သူက မွေးနေ့အလှူပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
"ရန် ကင်း မြို့ နယ် ရှိမဟာဗောဓိပရိယတ္တိ ရွှေ ကျင် စာသင်တိုက် ကြီး တွင်ကျွန်တော် ၏သားမင်းသန့်မောင်မောင်၏ မွေးနေ့မင်္ဂလာ အဖြစ် သံဃာတော်(၃၅၀)ပါးအား ဆွမ်းကပ်လှူဒါန်းပါ သည်"ဆိုပြီး စင်ရော်မောင်မောင်ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင် (၃) ရက်နေ့က ရေးသားထား ပါတယ်။
မင်းသန့်မောင်မောင်ဟာ အမေရိကန်နိုင်ငံရှိ Los Angeles, California, New York Film Academy School မှာ ပညာသင်ယူနေတာ ဖြစ် ပါတယ်။ စက်တင်ဘာဆိုရင် မင်းသန့်မောင်မောင်ဟာ ကျောင်းပြီးတော့မှာ ဖြစ်ပါတယ်။ သားရဲ့ အိမ်မက်တွေ တဖြည်းဖြည်း နီးစပ်လာပြီ လို့လည်း စင်ရော်မောင်မောင်က ပြောထားပါသေးတယ်။
"Happy Birthday My lovely Son ! September ဆို ရင် သား ကျောင်း ပြီး ပြီ.. သားမွေးတဲ့ လွန်ခဲ့တဲ့ ၂၁ နှစ်က မက်ခဲ့တဲ့ အိပ်မက်တွေတ ဖြည်းဖြည်းနီးလာပြီ။ Try Your Best My Son သား ကိုသိပ်ချစ်ရတဲ့ ဖေဖေ" ဆိုပြီး မွေးနေ့ဆုတောင်းစကားလေးနဲ့အတူ ပြောထားတာပါ။
သားကို အဖေ့ခြေရာရော အမေ့ခြေရာပါ နင်းစေချင်တဲ့ စင်ရော်မောင်မောင်
စင်ရော်မောင်မောင်ဟာ သားအတွက် မျှော်လင့်ချက်တွေ အကြီးကြီးထားထားသူပါ။ သားနဲ့ ပတ်သက်တဲ့ သူ့ရဲ့ မျှော်လင့်ချက်ကိုလည်း Duwun Media ကို ယခုလို ပြောပြဖူးပါတယ်။
''အဖေရော၊ အမေရော ခြေရာနင်းဖို့လိုပါတယ်။ ကျွန်တော်ထင်တယ် သူဘွဲ့ရပြီးရင် Job Training ပေါ့ အဲ့ဒါလုပ်မယ်။ အမေလို သရုပ်ဆောင် ကောင်းပြီး ဒါရိုက်တာကောင်း တစ်ယောက်ဖြစ်စေချင်တယ်။ မိဘတိုင်း ကတော့ အိပ်မက်ဆိုတာ ရှိတာပေါ့လေ သူအကောင်းဆုံးဖြစ် ပါစေ လို့ပဲ ဆုတောင်းပါတယ်" လို့လည်း စင်ရော်မောင်မောင်က သားအပေါ်ထားတဲ့ သူ့ရဲ့ဆန္ဒကို ဇွန်လ ၂၆ ရက်နေ့က ကျင်းပတဲ့ Blanco ပွဲမှာ ပြောပြခဲ့ပါတယ်။
မင်းသန့်မောင်မောင်က အမေရိကန်နိုင်ငံရှိ Los Angeles, California, New York Film Academy School မှာ ပညာသင်ယူနေတာ ဖြစ်ပါတယ်။စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသော သားဖြစ်တဲ့ မင်းသန့်မောင်မောင်ဟာ ငယ်စဉ်ကတည်းက တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေနဲ့ ရင်းနှီးခဲ့တဲ့ ကလေးလေးတစ်ယောက်လည်းဖြစ်ပါတယ်။