ဆွာရေလှောင်တမံ ကျိုးကျမှုကြောင့် ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် ထူးအယ်လင်းက သြဂုတ်လ ၃၁ ရက်နေ့ ကျရင် စားနပ် ရိက္ခာတွေ သွားလှူပါမယ်တဲ့။
Photo: ထူးအယ်လင်းဖေ့စ်ဘွတ်
အဆိုတော် ထူးအယ်လင်းက သြဂုတ်လ ၃၁ ရက်နေ့ ကျရင် ဆွာရေလှောင်တမံကြောင့် ရေဘေးဒုက္ခခံစား နေရတဲ့ ပြည်သူတွေ အတွက် သူ့ရဲ့ မတည် ငွေအဖြစ် လူအယောက် ၁၀၀၀ စာ စားနပ် ရိက္ခာ တွေသွားလှူမယ်လို့ သိရပါတယ်။ နောက်ထပ် လှူဒါန်းချင်သူများကိုလည်း ဆက်လက် ဖိတ်ခေါ်ခဲ့ပါသေးတယ်။
'' အလှူ့ရှင်ရောင်းရင်းတို့ ၃၁.၈.၂၀၁၈ မှာ ဆွာမြို့နယ် ရေဘေးအတွက် လူအယောက်တစ်သောင်းစာ ထမင်းထုပ်တွေသွားလှူကြမှာဖြစ်လို့ အလှူခံပါတယ် ဗျ ။ရန်ကုန်မှ ချက်ပြုတ်ထုပ်ပိုးပြီးသွားမှာဖြစ်လို့ ကျွန်တော်မှ လူအယောက် တစ်ထောင်စာ လှူဒါန်းမတည်ပါမယ် ဗျ'' ဆိုပြီး တော့ သြဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: ထူးအယ်လင်းဖေ့စ်ဘွတ်
သားလေးတစ်ယောက် ထပ်ရလို့ ပျော်နေတဲ့ ထူးအယ်လင်း
ထူးအယ်လင်းဟာ သြဂုတ်လ ၂၉ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဆွာရေလှောင်တမံ ကျိုးပေါက်တာကြောင့် ဆွာမြို့ အပါအဝင် ကျေးရွာအုပ်စု ၁၉ ခုက ကျေးရွာ ၄၀ လောက် ရေနစ်မြုပ်ပြီးခဲ့တယ်လို့ သိရပါတယ်။ ဒီ့အတွက်ကြောင့် ရေဘေးဒဏ်ခံစား နေရတဲ့ ပြည်သူတွေအတွက် သွားရောက်လှူဒါန်းဖို့ အလှူငွေတွေ ကောက်ခံနေတာပဲ ဖြစ်ပါတယ်။
Photo: ထူးအယ်လင်းဖေ့စ်ဘွတ်
မြန်မာနိုင်ငံရဲ့ နေရာတချို့မှာ ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေနဲက ပတ်သက်ပြီး အစိုးရနဲ့ အတူ ပရဟိတအသင်းအဖွဲ့များအနေနဲ့လည်း ကူညီကယ်ဆယ်ရေးတွေ ပြုလုပ်နေကြတာ တွေ့ရပါတယ်။ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူချစ် အနုပညာရှင် တွေကလည်း ပါဝင်ကူညီလို့နေပါတယ်။
Photo: ထူးအယ်လင်းဖေ့စ်ဘွတ်
အဆိုတော် ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးအတွက် သယ်ဆောင်ရန် ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင် လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထုတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။