အောန်ဆိုင်း၊ ခါရာ၊ ထွန်းကိုကိုနဲ့ မင်းမြတ်စိုုးစံတို့လည်း လိုက်ပါခဲ့ပါတယ်။

အလှမယ် မိုးစက်ဝိုင်နဲ့ အနုပညာမောင်နှမတစ်စုက ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ အလှူငွေနဲ့ လူသုံးကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါတယ်။ သူတို့အဖွဲ့က အလှူရှင်အရောက်အပေါက်နည်းတဲ့ ရွာလေးအထိ ကုန်းတတန် ရေတတန် ခက်ခက်ခဲခဲ သွားခဲ့ကြပါတယ်။

 

ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ အလှမယ်မိုးစက်ဝိုင် ဦးဆောင်တဲ့ Myanmar Heart ပရဟိတအဖွဲ့နဲ့ အတူ အနုပညာ မောင်နှမတွေက သြဂုတ်လ(၄) ရက် နေ့က ပဲခူးတိုင်းဒေသထဲမှာရှိတဲ့ ရေဘေးသင့်ဒေသတွေမှာ လိုအပ်တဲ့ ထောက်ပံ့ပစ္စည်းနဲ့ အလှူငွေတွေ သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။





 

Myanmar Heart အဖွဲ့က ပဲခူးမြို့မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းမှာ အလှူငွေကျပ် သိန်း ၂၀ နဲ့ လူသုံးကုန်ပစ္စည်း ၈ သိန်း ဖိုး လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ဒိုက်ဦးမြို့နယ်ရှိ အလှူရှင် အရောက်အပေါက်နည်းတဲ့ ပုကိုင်ကျေးရွာကို ကုန်းတတန် ရေတတန်နဲ့ ခရီးဆက်ခဲ့ကြပါတယ်။ အဲဒီမှာလည်း အလှူငွေ ၁၅ သိန်းနဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ ၈ သိန်းဖိုး ထပ်မံလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။



မိုးစက်ဝိုင်ရဲ့ မွေးနေ့မှာ ထူးထူးခြားခြားဆုတောင်းစကားဆိုလိုက်တဲ့ အောန်ဆိုင်း  

 

မိုးစက်ဝိုင်ဟာ နှစ်တိုင်းနှစ်တိုင်းမှာ သူမတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီပေးဖြစ်နေတဲ့ မိုးစက်ဝိုင်က ဒီနှစ်မှာလည်း ရေဘေးသင့် ပြည်သူ တွေဆီကို ထပ်မံသွားရောက်လှူဒါန်းဦးမှာဖြစ်ပါတယ်။ အကူအညီလိုအပ်တဲ့နေရာတွေ အများကြီး ရှိပေမယ့်လည်း မိုးစက်ဝိုင်တို့အနေနဲ့ နေ့ချင်းပြန်နိုင်တဲ့ နေရာကိုပဲ သွားလှူနိုင်တဲ့အတွက် တောင်းပန်ထားတာကိုလည်း တွေ့ရပါတယ်။



 

မိုးစက်ဝိုင်ဟာ သရုပ်ဆောင် လုပ်ငန်းတွေ မလုပ်ဆောင်မီ အချိန်ကတည်းက ပရဟိတအလုပ်ကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ Myanmar Heart's Charity အဖွဲ့နဲ့အတူ ပရဟိတအလုပ်တွေ များစွာ လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ မိုးစက်ဝိုင်ကတော့ ၂၀၁၃ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က