အားရပါးရကို ကစားခဲ့တာပါတဲ့။

ဦးကျော်သူ ဟာ အားကစားပြိုင်ပွဲမှာ အားရပါးရ ကစားခဲ့ပြီးနောက် အောက်ဆီဂျင်တောင် ရှုခဲ့ရတယ်လို့ ဆိုပါတယ်. ဒီအားကစားပြိုင်ပွဲကိုတော့ နာရေးကူညီမှု အသင်း(ရန်ကုန်) မှာ ပြုလုပ်ခဲ့တာပါ.

Photo: နာကူ(ရန်ကုန်)

ဦးကျော်သူတစ်ယောက် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ နဲ့ အားကစားပြိုင်ပွဲမှာ အားရပါးရ ကစားခဲ့ပြီးနောက် အောက်ဆီဂျင် တောင် ရှုခဲ့ရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်.

'' မည်သို့ပင်ဖြစ်စေကာမူ ပထမရွှေတံဆိပ်နှစ်ဆုရခဲ့လေသည်။ ပုဆိုးနဲ့ဝင်ကစားတော့ ပုဆိုးလည်းကျွတ်၊ဆုလည်းမရ။ ဘောင်းဘီလည်းဝတ်တော့ ရွှေနှစ်ဆုရခဲ့၊အောက်စီဂျင်ရှူခဲ့ရလေတော့သည်'' ဆိုပြီးတော့ ဇန်နဝါရီလ ၄ ရက်နေ့ ည ၇ နာရီ ခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်. အားကစားမှာ ရွှေတံဆိပ်ဆု ရရှိတော့လည်း ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်ကိုယ်တိုင်က ဆုချီးမြှင့်ခဲ့တာကိုလည်း တွေ့ရပါတယ်.

Photo: နာကူ (ရန်ကုန်)

နာရေးကူညီအမှုအသင်း( ရန်ကုန်)မှာ ပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲမှာ အသင်းဥက္ကဌ ဦးကျော်သူကိုယ်တိုင် အသင်းသားများနဲ့အတူ ပါဝင်ကစားလျက်ရှိတာ တွေ့ရပါတယ်။ဦးကျော်သူနဲ့အတူ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်၊ ရုပ်ရှင်သရုပ်ဆောင် ညီဂျော်၊ ထွန်းကိုကို၊ ပြေဇင်တို့ကပါ အသင်းသူ အသင်းသားများ၊ ဝန်ထမ်းများနဲ့အတူပျော်ရွှင်စွာ ပါဝင်ကစားခဲ့တာပါ။

Photo: နာကူ(ရန်ကုန်)

ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာဆုကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။

Photo: နာကူ(ရန်ကုန်)

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီကို ဦးကျော်သူရဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံးဇာတ်ကားအဖြစ် ထုတ်လုပ်ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ် ။

Share

Loading Next Article...
က္က