အနုပညာအလုပ်တွေ ပြန်လုပ်နိုင်ပါစေ။

ဂွမ်းပုံလေး ကတော့ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကစ်ကစ်ကို အနုပညာညီအစ်မဆိုတာထက် ညီမလေးတစ်ယောက်လို ချစ်ခင်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးတွေ အမြန်ဆုံးကောင်းပြီး အနုပညာအလုပ်ကို ပြန်လုပ်နိုင်စေဖို့ကိုလည်း ဆုတောင်းပေးခဲ့ပါသေးတယ်။

Photo: Goon Pone Fb

 

တက္ကသိုလ်ဂွမ်းပုံလေးက ဟာသသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကစ်ကစ်ရဲ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခုလို ပြောပြလာပါတယ်။ သူ့အနေနဲ့ အနုပညာညီအစ်မတွေ ဖြစ်တာကြောင့်လည်း ညီမလေးတစ်ယောက် လို ချစ်ခင်မိတယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေ ပြန်လုပ်နိုင်ဖို့ အတွက်ကိုလည်း Duwun Media ရဲ့ သီးသန့် အင်တာဗျူးကနေ ဆုတောင်းစကားဆိုခဲ့ပါတယ်။

'' အနုပညာအလုပ်လုပ်နေကြတဲ့သူ၊ ဟာသသရုပ်ဆောင်အချင်းချင်းလည်းဖြစ်တယ်။ ပြီးတော့ ညီမလေးတစ်ယောက်လို ချစ်ခဲ့ရတဲ့သူပါ။ ဒါကြောင့်လည်း ရုပ်ရှင်လောကထဲမှာ သူ့ရဲ့ သရုပ်ဆောင်မှုတွေ အများဆုံးပြနိုင်ပါစေလို့ မဂွမ်းက ဆုတောင်းပေးပါတယ်'' ဆိုပြီးတော့ သြဂုတ် လ ၂၆ ရက်နေ့က ဟီးဟီးဟားဟား ရုပ်ရှင်အထူးပြသပွဲကို တက်ရောက်လာရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 

ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးစပြီး မကောင်းတဲ့ အချိန်တုန်းကလည်း ဝိုင်းဝန်းကူညီပေးခဲ့ကြတယ်လို့ ဂွမ်းပုံလေးက ဆိုပါတယ်။ ရယ်စရာ ပျော်စရာ ဟာသကမ္ဘာ အစီအစဉ်မှာလည်း အတူတွဲ သရုပ်ဆောင်လာတာ ဖြစ်တဲ့အတွက် အဖွဲ့သားတွေ စုပြီး ကျန်းမာရေး ထောက်ပံ့ကြေးတွေလည်း ပေးခဲ့တယ်လို့ ဆက်လက်ပြောပြလာပါတယ်။

'' မကစ်အမြန်ဆုံး နေပြန်ကောင်းပါစေ၊ မဂွမ်းတို့ ကိုယ်တိုင်လည်း တကယ်ကို ဂျပန်ဆေးရုံကြီးမှာ သူ့ရဲ့ကျောက်ကပ် အခြေအနေမကောင်း လို့ဆိုပြီးတော့ ဝှီးချဲကြီးတွေနဲ့ကို ဆေးရုံအထိသွားပြီးတော့ ပြုစုစောင့်ရှောက်ပေးတယ်။ ကိုခင်လှိုင်တို့၊ မဂွမ်းတို့ရဲ့ ရယ်စရာပျော်စရာ ဟာသ ကမ္ဘာအဖွဲ့ကလည်း ပိုက်ဆံတွေ စုပြီးတော့ အနုပညာအလုပ်တွေ မလုပ်နိုင်သေးတဲ့အတွက် သွားရောက် ထောက်ပံ့တာတွေရှိတယ်'' လို့ ဆိုပါတယ်။

Photo: Goon Pone Fb

မွေးနေ့မတိုင်ခင် အလှူအတန်းတွေ ဆက်တိုက်လုပ်နေတဲ့ ဂွမ်းပုံလေး 

တက္ကသိုလ်ဂွမ်းပုံရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ လေဒီဂွမ်း ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီး တစ်ဦးအဖြစ် ပါဝင် သရုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားထဲမှာ ခပ်တုံးတုံး နေရင် လူလိမ် လူညာခံရနိုင်တယ် ဆိုတဲ့ အကြောင်းကိုလည်း သင်ခန်းစာ ပေးထားတယ်လို့ ဆိုပါတယ်။

'' မဂွမ်းကတော့ အခု လက်ရှိမှာ လေဒီဂွမ်း ဆိုတဲ့ နာရီဝက်စာ ဇာတ်လမ်းတွဲလေး ရိုက်နေပါတယ်။ ကာရိုက်တာက ရွာမှာ ထုံထုံအအ နေတဲ့သူ၊ မသိပဲနဲ့ လုပ်လိုက်တာတွေကလည်း တစ်လွဲတွေဖြစ်၊ ရန်ကုန်ကို တက်လာတော့လည်း လူတိုင်းက နှိမ်တာပေါ့။ ဘယ်လောက်ပဲ ရိုးသားပါစေ နုံတာတွေ မဖြစ်ပါစေနဲ့ လူလိမ် လူညာတွေ ပေါတယ်လို့ မက်ဆေ့ချ်ပေးချင်တယ်'' လို့ သူကဆိုပါတယ်။

Photo: Goon Pone Fb

 

ဂွမ်းပုံလေးရဲ့ အနုပညာသက်တမ်းကတော့ အရမ်းကို ကြာနေပါပြီ။ ရုပ်ရှင်ဇာတ်ကား အဖြူအမည်း ခေတ်ကတည်းက အနုပညာအလုပ်ကို ဆောင်ရွက်လာတဲ့သူဖြစ်ပါတာ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က