သင်ဇာဝင့်ကျော်ဟာ ဖက်ရှင်ကျကျ ဝတ်စားတတ်သူ ဖြစ် ပေမယ့် သူ့ရဲ့ ဝတ်စားဆင်ယင်မှု အပေါ် ချစ်တဲ့ ပရိသတ်ရှိသလို ဝေဖန် ပြောဆို ကြတဲ့ ပရိသတ်တွေလည်း ရှိတယ်ဆိုတာကို မီဒီယာတွေကနေ ပြောပြခဲ့ပါတယ်။ တစ်ချိန်ချိန်မှာတော့ ဖက်ရှင်ဆိုင်လေး ဖွင့်မယ်လို့ စိတ်ကူးထားပါတယ်တဲ့။
သင်ဇာဝင့်ကျော်ရဲ့ ဖက်ရှင်ကိုတော့ ပရိသတ်တွေက စိတ်ဝင်တစားရှိကြပါတယ်။ သူကိုယ်တိုင်ကလည်း ဖက်ရှင်ကျကျ ဝတ်စားတတ် သူ ဖြစ် ပေမယ့် သူ့ရဲ့ ဝတ်စားဆင်ယင်မှု အပေါ် ချစ်တဲ့ ပရိသတ်ရှိသလို ဝေဖန်ပြောဆိုကြတဲ့ ပရိသတ်တွေလည်း ရှိတယ်ဆိုတာကို မီဒီယာတွေကနေ ပြောပြခဲ့ပါတယ်။
'' ကိုယ်တိုင်ကလည်း ဖက်ရှင်ကို စိတ်ဝင်စားလို့လား မသိဘူး အမြဲတမ်း စိတ်ဝင်စားခြင်းခံရတယ်ဆိုတာ ကောင်းတဲ့ရလဒ်လို့ပြောရမှာပေါ့။ ကိုယ့်ဖက်ရှင်တွေကို ကြိုက်တယ်ဆိုရင်လည်း ကျေနပ်ပါတယ်။ အခုနောက်ပိုင်း ဝတ်တာစားတာ ပိုသတိထားရမယ်။ မဆင်မခြင်လုပ်လိုက်မိ တဲ့ အမှားတစ်ခုကြောင့် လူတွေက ပြောမဆုံးကြဘူးလေ'' လို့ ဆိုပါတယ်။
သင်ဇာဝင့်ကျော်ဟာ ဖက်ရှင်နဲ့ ပတ်သက်ပြီး Social Media တွေကနေတဆင့်လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။ တစ်ချိန် ချိန်မှာတော့ ကိုယ်တိုင် ဦးဆောင်နိုင်တဲ့အခါ ဖက်ရှင်ဆိုင် တစ်ဆိုင်တော့ ဖွင့်ဖို့ စိတ်ကူးထားတယ်ဆိုတာကို သြဂုတ်လ ၁၇ ရက်နေနေ့က Lift & Right Fashion ဆိုင်သစ်ဖွင့်ပွဲမှာ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။
'' ကိုယ်ပိုင်ဖက်ရှင်ဆိုင်ကတော့ ဖွင့်ချင်တယ်။ ဒါပေမယ့် သေချာတာ တစ်ခုက ကိုယ်ကိုယ်တိုင် ဦးစီး ဦးဆောင် လုပ်နိုင်တဲ့ အချိန်ကျမှ ဖွင့်မယ် လို့ စိတ်ကူးထားတယ်။ ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း လေ့လာဖြစ်တယ်။ နိုင်ငံခြားက Celebrity တွေ ဘယ်လို ဝတ်သလဲ ဆိုတာကို ကြည့်တယ်။ ပြီးရင် ကိုယ့်အိုင်ဒီယာလေးနဲ့ ပေါင်းပြီးတော့ ဝတ်ဖြစ်တယ်'' လို့ ပြောပါတယ်။
Comment တွေအတွက် ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်တယ်ဆိုတဲ့ သင်ဇာဝင့်ကျော်
သင်ဇာဝင့်ကျော်ရဲ့ ဝတ်စားဆင်ယင်တာတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ချစ်သူကတော့ သိပ်သဘော မကျဘူးလို့ ဆိုပါတယ်။ ချစ်သူရဲ့ ဆန္ဒကတော့ သူ့ကို လုံလုံခြုံခြုံလေးပဲ ဝတ်စေချင်တယ် ဆိုတာကိုလည်း သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။
'' သူကတော့ လုံလုံခြုံခြုံလေးပဲ ဝတ်စေချင်တာပေါ့။ ကိုယ်က အရွဲ့တိုက်တဲ့ အထဲမှာ ပါလို့လား မသိဘူး သူ့ကြောင့် ပိုဝတ်ဖြစ်နေသလိုပဲ။ သူ့ စကားကို နားမထောင်တာတော့ မဟုတ်ဘူး။ နားထောင်သင့်တဲ့ အခါဆိုရင်တော့ နားထောင်တယ်၊ ဒါပေမယ့် တစ်ခါတလေပေါ့လေ၊ အပျော် အပျက်ပြောတာနော်'' လို့ သူကဆိုပါတယ်။
သင်ဇာဝင့်ကျော်ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ မကြာသေး ခင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့ပါသေးတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ ၁၀ စုနှစ်ကျော်ခဲ့ပါပြီ ပရိသတ်အခိုင်အမာ နဲ့ ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။