နာရေးကူညီမှုအသင်းက ကလေးတွေနဲ့ အတူ ကစားခဲ့တာပါ။

(၇၁)  ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဒီနေ့(ဇန်နဝါရီ၄ရက်)မှာ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ပြုလုပ်လျက်ရှိပါတယ်။

Photo : နာကူ(ရန်ကုန်)

နာရေးကူညီအမှုအသင်း( ရန်ကုန်)မှာ ပြုလျက်ရှိတဲ့ လွတ်လပ်ရေးနဲ့ ပျော်ပွဲရွှင်ပွဲ အားကစား ပြိုင်ပွဲမှာ အသင်းဥက္ကဌ ဦးကျော်သူကိုယ်တိုင် အသင်းသားများနဲ့အတူ ပါဝင်ကစားလျက်ရှိတာ တွေ့ရပါတယ်။ဦးကျော်သူနဲ့အတူ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်၊ ရုပ်ရှင်သရုပ်ဆောင် ညီဂျော်၊ ထွန်းကိုကို၊ ပြေဇင်တို့ကပါ အသင်းသူ အသင်းသားများ၊ ဝန်ထမ်းများနဲ့အတူပျော်ရွှင်စွာ ပါဝင်ကစားခဲ့တာပါ။

Photo : နာကူ(ရန်ကုန်)

နေ့လည်ပိုင်းမှာလည်း ခေါင်းအုံးရိုက်ပြိုင်ပွဲများ၊ ဘဲဖမ်းပြိုင်ပွဲများနဲ့ အခြားသောကစားနည်းများ မျိုးစုံကိုလည်း ဆက်လက်ကစားသွားမယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။ ဦးကျော်သူနဲ့အတူ အနုပညာရှင်များက အသင်းများနဲ့အတူ ပါဝင်ဆော့ကစားနေတဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Photo : နာကူ(ရန်ကုန်)

ကျော်သူဟာ ၁၉၈၄ခုနှစ်ကစလို့ "ချစ်ကြိုးလေးနှစ်မျှင်" ဇာတ်ကားနဲ့ အနုပညာလောကထဲရောက်ရှိလာခဲ့ပြီး ဇာတ်ကားပေါင်း ၂၀၀ကျော် ရိုက်ကူးခဲ့ကာ အနုပညာလောကတွင် အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့ပါတယ်။ကျော်သူဟာ ၁၉၉၄ခုနှစ်တွင် အကောင်း ဆုံးအမျိုးသားဇာတ်ဆောင်ဆုကို "တပြည်သူမရွှေထား" ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး ၂၀၀၃ခုနှစ် မှာတော့ အကောင်းဆုံးဒါရိုက်တာကို အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိထားသူ ဖြစ်ပါတယ်။

Photo : နာကူ(ရန်ကုန်)

၂၀၀၇ခုနှစ်နောက်ပိုင်းတွင် အနုပညာအလုပ်တွေရပ်နားခဲ့ပြီးနောက်ပိုင်းမှာ ပရဟိတသမားကြီးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ ရင်ထဲနေရာ တစ်နေရာယူထားနိုင်သူလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ယခုအစိုးရသစ်လက်ထပ်မှ စတင်ကာ အနုပညာအလုပ် တွေ ပြန်လည်လုပ်ကိုင်လာသူလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း

၁၀၁၄ ရုပ်ရှင်ဇာတ်ကားကြီကို ဦးကျော်သူရဲ့ ဝရဇိန်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ပထမဆုံး ထုတ်လုပ်ရိုက်ကူးခဲ့ပါသေးတယ်။ ဒီဇာတ်ကားကြီးထဲမှာ ကျော်သူ၊ မို့မို့မြင့်အောင်၊ ထွန်းကိုကို၊ ထူးအောင်၊ ပြေဇင်၊ ဒေါင်း၊ မေမြင့်မိုရ် နဲ့ ရတနာဗိုလ် တို့က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က