နန်းဆုရတီစိုး ကတော့ G-Fatt ကို ဘယ်လောက်အထိ ချစ်သလဲဆိုတဲ့အကြောင်းတွေ ပြောပြခဲ့ပါတယ်။ သူတို့ ချစ်သူ နှစ်ဦးကို အားမကျသူ ကတော့ မရှိသလောက်ပါပဲ။
Photo: Nan Su Yati Soe Facebook
သရုပ်ဆောင် နန်းဆုရတီစိုး တစ်ယောက် ချစ်သူကို အရမ်းချစ်တတ်ကြောင်းတွေ ရင်ဖွင့်လိုက်တဲ့အတွက် ပရိသတ်တွေက အရမ်းကို အားကျသွားပါပြီ။ သူ့ရဲ့ စကားလေးကြောင့်ပဲ G-Fatt ကလည်း ကြွေကျသွားပါပြီတဲ့။ နန်းဆုတစ်ယောက် ချစ်သူအပေါ် ဘယ်လောက်အထိ ချစ်သလဲ ဆိုတာကို အခုလို ရေးသားခဲ့တာဖြစ်ပါတယ်။
'' ဘယ်လောက်ချစ်လဲဆိုတော့ မာနတွေသုံးစားမရတော့အောင်ချစ်တယ်'' ဆိုပြီးတော့ စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာရေးသားခဲ့ပါတယ်။ အဲ့ဒီနောက် ချစ်သူဖြစ်တဲ့ အဆိုတော် G-Fatt ကလည်း '' ဒီမနက် အဲ့တော်ကီ တစ် ပေါက် ကိုကြွေနေတာ သီချင်းထဲထည့်ရေးပြစ်မယ် အက်လယ့်'' ဆိုပြီးတော့ Comment ကနေ ပြန်လည် စနောက်ခဲ့ပါတယ်။
Photo: Nan Su Yati Soe Facebook
အရမ်းကို ရိုလွန်းတဲ့ သူတို့ စုံတွဲလေးကိုလည်း အားကျရတဲ့ ပရိသတ်တွေ အများကြီးပါ။ G-fatt ကလည်း '' အကယ်၍ လက်ထပ်ခဲ့ကြရင်'' ဆိုတဲ့ သီချင်း MTV လေးမှာ ချစ်သူ နန်းဆုရတီစိုးနဲ့ အတူ ရိုမန့်တစ် ဆန်ဆန် လေး ရိုက်ကူးထားတာ တွေ့ရပါတယ်။ ဒီ MTV လေးတွေကို သေသေချာချာလေး စီစဉ်ဖြစ်ခဲ့တဲ့ သူ့ရဲ့ အိုင်ဒီယာလေးကိုလည်း မီဒီယာတွေကနေ တဆင့်ပြောပြလာပါတယ်။
'' ရိုတယ် ဆိုတာထက် ကိုယ်ပုံဖော်ချင်တာပေါ့နော်။ အဓိက ရေးထားတဲ့ သီချင်းကလည်း ရိုမန့်တစ်ဆန်ဆန် ရေးထားတာကိုး၊ ကျွန်တော် ဖန်တီးတဲ့ အချိန်မှာလည်း အဲ့ဒီအပိုင်းကို မလျှော့စေချင်ဘူး။ အဲ့ဒီအတွက် သေသေချာချာလေး စဉ်းစားပြီးတော့ ရေးထားတာပေါ့။ အကယ်၍ လက်ထပ်ဖြစ်ခဲ့ကြရင်တော့ တွေ့ရပါမယ်''လို့ သူကဆိုပါတယ်။
ချစ်သူလေးနဲ့ လက်ထပ်ဖို့အချိန်ကို ဖွင့်ပြောလာတဲ့ G-Fatt
Photo: Nan Su Yati Soe Facebook
နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။
Photo: Nan Su Yati Soe Facebook
သူတို့နှစ်ဦးကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတာဖြစ်တဲ့ အတွက် အဆင်ပြေပြေရှိကြတယ်လို့ ဆိုပါ တယ်။ အနုပညာ လောက မှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့ သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုးနဲ့ G Fatt တို့ရဲ့ အချစ်ရေးလေးက သာယာဖို့ ကောင်း လှပါတယ်။