အမေရိကန်နိုင်ငံ New York မှာ ပြုလုပ်သွားမှာပါ။

နာမည်ကျော် မော်ဒယ်လ် လှလှလေးတွေ ဖြစ်တဲ့ အောန်ဆိုင်းနဲ့ နန်းခေးမား တို့ဟာ ကမ္ဘာကျော် ဖက်ရှင်ရှိုးပွဲကြီး တစ်ခုဖြစ်တဲ့ New York Fashion Week Spring Summer 2019 ပွဲ ကြီးကို တက်ရောက်ဖို့ ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီ့ အတွက် လည်း နှစ်ယောက်စလုံး က အရမ်းကို ပျော်ရွှင်နေကြပါတယ်။



Photo: Amazing Grace & Sein Nann Taw

 

နာမည်ကျော် မော်ဒယ်လ် တစ်ဦးဖြစ်တဲ့ အောန်ဆိုင်းက အမေရိကန်နိုင်ငံ New York မှာ ကျင်းပပြုလုပ်မယ့် နိုင်ငံကျော် New York Fashion Week Spring Summer 2019 ပွဲကြီးကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအတွက်ကြောင့်လည်း အောန်ဆိုင်း တစ်ယောက် အရမ်းကို ပျော်ရွှင်နေပါတယ်။

'' အောန်ဆိုင်းအရမ်းစိတ်လုပ်ရှား ပျော်ရွှင်နေပါတယ် ဘာလို့လဲဆိုတော့နောက်လအတွင်းမှာ ကျင်းပတော့မယ့် New York Fashion Week Spring Summer 2019 ရဲ့ HUGO BOSS နဲ့ TADASHI SHOJI ရှိူးပွဲကိုသွားကြည့်ခွင့်ရမှာဖြစ်ပါတယ်။ ဒီခုလိုကမ်းလှမ်းလာတဲ့ THE AVENUE မှ team ကိုအထူးကျေးဇူးတင်ပါတယ်'' လို့ သူကဆိုပါတယ်။

Photo: Awn Seng Fb

 

New York Fashion Week Spring Summer 2019 ပွဲကြီးကိုလည်း အောန်ဆိုင်းနဲ့ အတူ နာမည်ကျော် မော်ဒယ်လ် တစ်ဦးဖြစ်တဲ့ နန်းခေးမား ကလည်း ပွဲတက်ရောက်ဖို့ ဖိတ်ကြားခြင်း ခံခဲ့ရတယ်ဆိုတာကို သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးခဲ့တာပါ။ New York Fashion Week Spring Summer 2019 ပွဲကြီးကို တက်ရောက်ခွင့်ရတဲ့ နန်းခေးမားကလည်း အရမ်းကို ပျော်ရွှင်နေပါတယ်။



''ခေမားရဲ့အိပ်မက်တစ်ခုအကောင်အထည်ပေါ်လာပြီ.. အိပ်မက်က နိုင်ငံခြားမှာ ပွဲသွားတက်ချင်တယ်။ Show ပွဲတွေလျှောက်ချင်တယ်။ သူများနိုင်ငံကလုပ်တဲ့ပွဲမှာ မြန်မာကပါဆိုပြီးဂုဏ်ယူစွာပြောချင်တယ်။ Yesss, အခုဖြစ်လာခဲ့ပါပြီ။ ပထမဆုံးမြန်မာပြည်အနေနဲ့ သွားရမှာမို့ အရမ်းအရမ်းကိုပီတိဖြစ်မိပါတယ်''ဆိုပြီးတော့ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးခဲ့ပါတယ်။

Photo: Nan Khae Mar Fb

 

အောန်ဆိုင်းနဲ့ နန်းခေးမားတို့ဟာ အနုပညာနဲ့ ပတ်သက်ပြီး Profassional Model တစ်ယောက်အနေနဲ့ သာ ရပ်တည်နေတာဖြစ်ပါတယ်။ သူတို့ ရဲ့ စမတ်ကျကျ ဖက်ရှင်တွေ၊ သွားလာလှုပ်ရှားမှုတွေ ကြောင့်လည်း ဂျုနီယာ မော်ဒယ်တွေရဲ့ အားကျအတုစရာ အဖြစ် အောင်မြင်နေတာဖြစ် ပါတယ်။

မိုးစက်ဝိုင်ရဲ့ မွေးနေ့မှာ ထူးထူးခြားခြားဆုတောင်းစကားဆိုလိုက်တဲ့ အောန်ဆိုင်း  

New York Fashion Week Spring Summer 2018 ပွဲတုန်းကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် သရုပ်ဆောင် ဇဏ်ခီနဲ့ သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည် တို့က တက်ရောက်ခဲ့ကြပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က