အလုပ်အင်တာဗျူးဝင်တဲ့အခါမျိုးတွေမှာ အလုပ်လိုချင်ဇောကြီးပြီး မပေးသင့်တဲ့ကတိတွေ၊ မပြောသင့်တဲ့ စကားတွေ ပြောလိုက်မိတာမျိုးတွေ ရှိတတ်ကြပါတယ်။ အဲဒါကြောင့် အလုပ်အင်တာဗျူးဖြေဆိုမယ့်သူတွေအတွက် အင်တာဗျူးမှာ လုံးဝမပြောသင့်တဲ့ ကတိ(၅)ခုကို ပြောပြပေးချင်ပါတယ်။
၁။အမှားအယွင်းလုံးဝမရှိအောင် လုပ်ပါမယ်။
အလုပ်မှာ အမှားအယွင်းမရှိအောင် လုပ်ဖို့ဆိုတာက လုံးဝကို မဖြစ်နိုင်ပါဘူး၊ အလုပ်မှာ မှားယွင်းလုပ်မိတာမျိုးက အထက်လူကြီးတွေမှာတောင် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်ကို အမှားအယွင်းမရှိအောင် လုပ်ပါမယ်လို့ ပြောမယ့်အစား အမှားအယွင်းတွေကြုံခဲ့ရင်တောင် ကောင်းမွန်တဲ့ ဖြေရှင်းချက်တွေနဲ့အတူ တာဝန်ယူ တာဝန်ခံစိတ်နဲ့ ဖြေရှင်းပါမယ်လို့ ပြောသင့်ပါတယ်။
၂။အထက်လူကြီးစကားမြေဝယ်မကျ နားထောင်ပါမယ်။
နာခံလွယ်တဲ့ အောက်လက်ငယ်သားကို အထက်လူကြီးတွေက သဘောကျကြတယ်ဆိုပေမယ့်လည်း ပြောသမျှ ခေါင်းညိတ်နေတဲ့အောက်လက်ငယ်သားတွေကိုတော့ အထက်လူကြီးတွေက ဘဝင်မကျကြပါဘူး၊ ကိုယ်က အထက်လူကြီးစကားကို တစ်ခွန်းမှ ပြန်မပြောဘဲ နားထောင်နာခံမယ်ဆိုတဲ့ ကတိဟာ အင်တာဗျူးသူကို သဘောကျစေမယ်လို့ ထင်မှတ်မမှားလိုက်ပါနဲ့။ အဲဒီကတိကိုလည်း အလုပ်အင်တာဗျူးမှာ မပေးခဲ့ပါနဲ့။ ပြောသမျှနားထောင်နေတဲ့သူထက် ကိုယ့်ရဲ့ ခံယူချက်ကိုရဲရဲဝံ့ဝံ့ပြောဆိုဆွေးနွေးတတ်သူက လုပ်ငန်းခွင်ထဲမှာ ပိုပြီးတန်ဖိုးရှိတာပါ။
၃။ ဒီအဖွဲ့အစည်းမှာ ဘယ်ချိန်ထိလုပ်ပါမယ်။
လုပ်ငန်းခွင်ဆိုတာ မြဲတာလည်းရှိသလို မမြဲတာတွေလည်းရှိပါတယ်။ လုပ်ငန်းခွင်ကို သေသေချာချာ မဝင်ရသေးပါဘဲနဲ့ ဒီအဖွဲ့အစည်းမှာ ဘယ်ချိန်ထိရှိနေမယ်ဆိုတာမျိုးကတိပေးတာက မလုပ်သင့်တဲ့ ကိစ္စပါပဲ။ Interview ဖြေကတည်းက ကိုယ်က ရေရှည်အလုပ်လုပ်မယ်ဆိုပြီး အာမခံတာက company ကို လိမ်တာနဲ့ တူသလို ကိုယ့်ကိုယ်ကိုယ်လိမ်လိုက်တာပါပဲ။ ဘယ်သူကမှ တစ်နေရာတည်းမှာ အကြာကြီး(တစ်သက်လုံး)အလုပ်မလုပ်ဖြစ်ဘူးဆိုတာကို လူတိုင်းသိတာ ဖြစ်တဲ့အတွက် ဒီလိုကတိမျိုးကို ကြိုတင်မပေးသင့်ပါဘူး၊
ကိုယ်မလုပ်နိုင်လောက်မယ့် တာဝန်တွေ၊ မဖြစ်နိုင်တဲ့ Target တွေ လုပ်ပါမယ်လို့ ကတိမပေးသင့်ပါဘူး။
၄။မဖြစ်နိုင်တဲ့ Target တွေ၊ တာဝန်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်ပါမယ်။
ကိုယ်မလုပ်နိုင်လောက်မယ့် တာဝန်တွေ၊ မဖြစ်နိုင်တဲ့ Target တွေ လုပ်ပါမယ်လို့ ကတိမပေးသင့်ပါဘူး။ အလုပ်ရချင်ဇောတစ်ခုတည်းနဲ့ အာမခံကတိပေးတာကလည်း လုံးဝမလုပ်သင့်တဲ့ အချက်ပါပဲ။ ကိုယ်က ဒီcompany ကို အများကြီးပြောင်းလဲပေးပါမယ်။ sales target တွေလည်း အများကြီး မီအောင်လို့ ပြုပြင်ပြောင်းလဲပေးပါမယ် ဆိုတဲ့over promiseတွေ မပေးသင့်ပါဘူး၊ ဒီကတိဟာ အလုပ်စတင်လုပ်ဆောင်ချိန်ရောက်လာတဲ့အခါ ကိုယ့်အတွက် ဖိအားတွေ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာပါလိမ့်မယ်။
၅။အလုပ်ပျက်ရက် လုံးဝမရှိစေရပါဘူး။
လုံးဝအလုပ်မပျက်စေရပါဘူးဆိုတာကလည်း မဖြစ်နိုင်တဲ့ ကတိတစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ လူမှုရေး၊ ကျန်းမာရေးအတွက် အလုပ်ပိတ်ရက်တွေ၊ အလုပ်ပျက်ရက်တွေ ရှိလာနိုင်ပါတယ်။ ဒါကို ကိုယ်က ကိုယ့်ကို အလုပ်မခန့်မှာ စိုးရိမ်စိတ်နဲ့ အလုပ်မပျက်စေရပါဘူးလို့ ကတိခံမိပြီဆိုရင်တော့ဒါဟာ မဖြစ်နိုင်တဲ့ ကတိတစ်ခုဖြစ်သလို အင်တာဗျူးသူကလည်း ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စမှန်းသိနေတာဖြစ်တဲ့အတွက် အလုပ်အင်တာဗျူးဟာ စနိုးစနောင့်ဖြစ်သွားစေနိုင်ပါတယ်။ အင်တာဗျူးမှာ ကိုယ်မလုပ်နိုင်ဘဲ၊ မဖြစ်နိုင်ဘဲ အလုပ်ရချင်ဇောနဲ့ ကတိတွေ လျှောက်ပေးတာကို ရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုကတိတွေပေးနေမယ့်အစား နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေအောင်ညှိနှိုင်းပြီး ကိုယ်ဟာ လုပ်ငန်းခွင်မှာ အစွမ်းကုန် ကြိုးစားလုပ်ကိုင်မှာဖြစ်တဲ့အကြောင်းကိုသာ ကတိပေးသင့်ပါတယ်။
အလုပ်အင်တာဗျူးဝင်ရမယ့်သူတွေအတွက် သင် အလုပ်အင်တာဗျူးဖြေတဲ့အခါ ဒီအချက် ၈ ချက်ကို လုံးဝမလုပ်ပါနဲ့ နဲ့ ကိုယ့်အကြောင်းကိုယ်ပြောပါ ဆိုတဲ့ မေးခွန်းက ဘယ်လောက်ထိအရေးကြီးလဲ ဆိုတဲ့ အကြောင်းအရာတွေကို ဆက်လက်ဖတ်ရှူနိုင်ပါတယ်။
အလုပ်တိုက်ရိုက်လျှောက်လိုသူတွေအတွက်လည်း https://bit.ly/3oXFtNm မှာ လျှောက်ထားနိုင်ပါတယ်။