In partnership with  logo
အလုပ်အင်တာဗျူးတိုင်းလိုလိုမှာ ဒီမေးခွန်းကို မေးလေ့ရှိပါတယ်။

အလုပ်အင်တာဗျူးတိုင်းမှာ “ကိုယ့်အကြောင်းကိုယ် ပြောပါ”ဆိုတဲ့ မေးခွန်းကို မေးတဲ့အခါမှာ စိတ်လှုပ်ရှားစိတ်နဲ့ ကိုယ့်ရဲ့ အကြောင်းစုံကို ဇာတ်စုံခင်းပြီး ပြောလိုက်မိတာမျိုးတွေဖြစ်တတ်ပါတယ်။ တကယ်တော့ ဒီမေးခွန်းကို သေချာပိုင်ပိုင်နိုင်နိုင် ဖြေဆိုနိုင်မယ်ဆိုရင် အင်တာဗျူးမေးသူက ကိုယ့်ကို အလုပ်ခန့်ဖို့ သဘောကျသွားစေနိုင်ပါတယ်။



ကိုယ့်အကြောင်းကို ကိုယ်ကသာ အသိဆုံးမို့ ဒီမေးခွန်းကို ပညာသားပါပါ ဘယ်လိုဖြေဆိုရမလဲဆိုတာကို သိထားမယ်ဆိုရင် အလုပ်ရဖို့ မခက်တော့ပါဘူး။

အင်တာဗျူးသူက အလုပ်လျှောက်လွှာထဲမှာ ပါတဲ့ ကိုယ့်အကြောင်းအရာတွေကို ဖတ်ပြီးသားဖြစ်တဲ့အတွက် ကိုယ့်အကြောင်းကိုယ်ပြောပါဆိုတဲ့ မေးခွန်းဟာ ကိုယ့်ရဲ့ Presentation Skills နဲ့ Communication Skills ကို စမ်းသပ်တာဖြစ်ပါတယ်။

၁။ဘာ့ကြောင့်ဒီမေးခွန်းကို မေးတာလဲ ဆန်းစစ်ပါ

ပထမဆုံးအနေနဲ့ သိထားရမှာက အင်တာဗျူးသူက အလုပ်လျှောက်လွှာထဲမှာ ပါတဲ့ ကိုယ့်အကြောင်းအရာတွေကို ဖတ်ပြီးသားဖြစ်တဲ့အတွက် ကိုယ့်အကြောင်းကိုယ်ပြောပါဆိုတဲ့ မေးခွန်းဟာ ကိုယ့်ရဲ့ Presentation Skills နဲ့ Communication Skills ကို စမ်းသပ်တာဖြစ်ပါတယ်။

၂။ ကိုယ့်အကြောင်းအများကြီးမိတ်ဆက်ဖို့မလိုပါ

ဒီလိုကိုယ့်ရဲ့ Presentation Skills နဲ့ Communication Skills ဘယ်လောက်ကောင်းမွန်သလဲဆိုတာကို စစ်ဆေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အကြောင်း၊ ကိုယ့်မိသားစုအကြောင်း တွေ ဖောင်ဖွဲ့ပြီး ဖြေနေစရာမလိုပါဘူး။ တကယ်တမ်းဖြေဆိုရမှာကတော့ ဒီအလုပ်ကို ဘာကြောင့်စိတ်ဝင်စားပြီး လုပ်ချင်ရသလဲဆိုတာနဲ့ ကိုယ်က ဒီအလုပ်နဲ့ ဘယ်လောက်ကိုက်ညီသလဲဆိုတာကို ရှင်းလင်းတိကျစွာ ဖြေဆိုရမှာဖြစ်ပါတယ်။

၃။ကိုယ့်အကြောင်းကိုယ် ဖြေဆိုပါ မေးခွန်းကို ဖြေဆိုရမယ့်အချက်(၃)ချက်

 ဒီမေးခွန်းကို အင်တာဗျူးသူက မေးလာပြီဆိုရင် ဖြေဆိုရမယ့် အချက်(၃)ချက်ရှိပါတယ်။

(၁)ကိုယ့်ရဲ့ ရာထူးနေရာနဲ့ တာဝန်တွေ

ကိုယ်က အလုပ်တစ်ခုကနေ တစ်ခုကို ပြောင်းမယ့်သူဆိုရင်တော့ လက်ရှိကိုယ်လုပ်နေရတဲ့ အလုပ်နေရာနဲ့ လုပ်ဆောင်နေရတဲ့ တာဝန်တွေကို ပြောပြဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ခုမှ အလုပ်စလျှောက်မယ့်သူတွေဆိုရင်လည်း ကိုယ်လာလျှောက်တဲ့ ရာထူးနေရာ၊ လိုအပ်တဲ့ Skills တွေနဲ့ တာဝန်တွေကို တိတိပပ သိရှိထားပြီးဖြစ်ကြောင်းနဲ့ ကိုယ့်မှာ ဒီရာထူးတာဝန်တွေနဲ့ ကိုက်ညီတဲ့ Personality ရှိသူဖြစ်တဲ့အကြောင်း ဖြေဆိုရပါမယ်။

(၂)ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံ

ဒုတိယအချက်ကတော့ လုပ်ငန်းအတွေ့အကြုံပါ၊ ကိုယ်က ဘယ်လိုအလုပ်တွေကို လုပ်ခဲ့ဖူးပြီး ဘယ်လို လုပ်ငန်းအတွေ့အကြုံတွေ ရှိသလဲဆိုတာကို ပြောပြရပါမယ်။ လုပ်ငန်းအတွေ့အကြုံ မရှိတဲ့ လူသစ်တစ်ယောက်ဆိုရင်လည်း ကိုယ်က ကျောင်းမှာ ၊ အဖွဲ့အစည်းတွေမှာ ဘယ်လိုတာဝန်ယူဆောင်ရွက်ပေးဖူးခဲ့သလဲဆိုတာကို ပြောပြပေးရပါမယ်။

(၃)အနာဂတ်ရည်မှန်းချက်

နောက်ဆုံးအချက်ကတော့ အနာဂတ်ရည်မှန်းချက်ဖြစ်ပါတယ်။ ကိုယ်က ဘယ်လိုရည်မှန်းချက်တွေရှိတဲ့သူလဲဆိုတာ ပြောပြရပါမယ်၊ ဒီနေရာမှာ ဘဝရည်မှန်းချက်တွေကို ပြောပြနေတာထက် အလုပ်နဲ့ ပတ်သက်တဲ့ ရည်မှန်းချက်တွေကို ပိုအလေးပေးပြောရပါမယ်၊ ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ ကုမ္ပဏီရဲ့ ရည်မှန်းချက်ဟာ ဘယ်လောက်တောင် ကိုက်ညီမှုရှိတဲ့အကြောင်းကို ပြောတာက ပိုကောင်းပါတယ်။

၄။ကိုယ့်ရဲ့ အခွင့်အရေးအဖြစ်အသုံးချပါ

တကယ်တော့ ဒီမေးခွန်းဟာ ကိုယ့်အတွက် အလုပ်ရဖို့ အခွင့်အရေးပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကိုသာ ကောင်းကောင်းအသုံးချပြီး သေသေချာချာဖြေဆိုနိုင်ခဲ့မယ်ဆိုရင် အလုပ်ရဖို့ ကျိန်းသေပါတယ်။

ဒါ့ကြောင့် “ကိုယ့်အကြောင်း ကိုယ်ပြောပါ” လို့ အင်တာဗျူးမေးသူက ပြောလာခဲ့ပြီဆိုရင်

-မိသားစုအကြောင်းတွေ၊ ကိုယ့်အကြောင်းတွေဖောင်ဖွဲ့ပြောနေတာမျိုး‌ေရှာင်ပါ

-ကိုယ်နဲ့ အလုပ်ဟာ ဘယ်လောက်ကိုက်ညီကြောင်းပြောပါ

-ကိုယ့်ရဲ့ လုပ်ငန်းအတွေ့အကြုံတွေအကြောင်း ထိထိမိမိနဲ့ ယုံကြည်မှုရှိရှိဖြေဆိုပါ

ဒီအချက်တွေကိုသာ လိုက်နာဖြေဆိုခဲ့မယ်ဆိုရင်တော့ အင်တာဗျူးသူဟာ ကိုယ့်ကို သဘောကျသွားပြီး အလုပ်ခန့်ချင်စိတ်ပေါက်သွားမှာ ကျိန်းသေပါတယ်။ 

အင်တာဗျူးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိချင်သေးတယ်ဆိုရင်တော့ အင်တာဗျူးမှာ အမေးအများဆုံးနဲ့ အလုပ်ရဖို့ အထောက်အပံ့ပေးနိုင်ဆုံး မေးခွန်း (၇) ခု နဲ့ ဒီအချက်တွေကို သင်လိုက်နာမယ်ဆိုရင် Video Interview ကို အကောင်းဆုံးဖြေဆိုနိုင်မှာပါ တွေမှာ ဆက်လက် လေ့လာနိုင်ပါတယ်။

တိုက်ရိုက်အလုပ်လျှောက်လိုသူတွေအတွက်လည်း https://bit.ly/3ol6Al0 ကနေတစ်ဆင့် အလုပ်တွေကို တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က