အောက်တိုဘာလထဲမှာ ဆိုင်ဖွင့်မယ်တဲ့။

စိုးမြတ်နန္ဒာ၊ စိုးမြတ်သူဇာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ရဲ့ ပိုးထည်တိုက်လေးဖြစ်တဲ့ မင်းသမီးပိုးထည်တိုက်အတွက် ဒီနေ့မှာပဲ ဝန်ထမ်းတွေ အင်တာဗျူးနေပြီလို့ သိရပါတယ်။ ဒီပိုးထည်တိုက်လေးကို အောက်တိုဘာလ ထဲမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါ တယ်။

Photo: မင်းသမီးပိုးထည်တိုက်


ပရိသတ်အချစ်တော် မင်းသမီးလေးတွေဖြစ်တဲ့ စိုးမြတ်နန္ဒာ၊ စိုးမြတ်သူဇာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ရဲ့ ပိုးထည်တိုက်လေးဖြစ်တဲ့ '' မင်းသမီး ပိုးထည်တိုက်'' အတွက် စက်တင်ဘာလ ၁၆ ရက်နေ့မှာပဲ ဝန်ထမ်းခေါ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဝန်ထမ်း အင်တာဗျူး ကိုတော့ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့က ဦးဆောင်ပေးနေတယ်လို့ သိရပါတယ်။

'' ဒီနေ့ ဝန်ထမ်းလေး တွေကို လူတွေ့မေးမြန်း တဲ့ နေ့လေးပါရှင်။ ဆိုင်တစ်ဆိုင် မှာ စိတ်ရှည်တတ်တဲ့၊ အပြောချိုတဲ့၊ အပြုံးလေးအမြဲ ဆောင် ထားတတ်တဲ့၊ သေချာရှင်းပြတတ်တဲ့ ဝန်ထမ်းလေးတွေ ရှိနေမယ်ဆိုရင် ဧည့်သည်တွေ စိတ်ချမ်းသာရပြီပေါ့နော်။

#မင်းသမီး ပိုးထည် တိုက် က ဧည့်သည်တွေအတွက်အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့အတူ ဖွင့်လှစ်ပါတော့မယ်ရှင်'' ဆိုပြီးတော့ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီကျော်က မင်းသမီးပိုးထည်တိုက် ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာပါ။

Photo: မင်းသမီးပိုးထည်တိုက်


မင်းသမီးပိုးထည်တိုက်ကိုတော့ သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မတွေ စုပေါင်းပြီး ဖွင့်လှစ် ထားတာဖြစ်ပါတယ်။ မင်းသမီးပိုးထည်တိုက်မှာတော့ ဆိုင်အတွက် ပိုးထည်တွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်မှာ ဝယ်ယူနေကြတာ ဖြစ်ပါ တယ်။ ဒီပိုးထည်ဆိုင်လေးကိုတော့ အောက်တိုဘာလ အတွင်းမှာ ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပိုးထည်ဆိုင်နာမည်ကို အစ်မကြီးဖြစ်တဲ့ စိုးမြတ်သူဇာကိုယ်တိုင်က နာမည်ပေးခဲ့တာလို့လည်း သိရပါတယ်။

Photo: မင်းသမီးပိုးထည်တိုက်


ပရိသတ်အချစ်တော် ညီအစ်တွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့ ပေါင်းပြီးဖွင့်တဲ့ စီးပွားရေးတစ်ခုလို့လည်း သိရပါတယ်။ ဒီအတွက်ကြောင့်လည်း သူတို့ ညီအစ်မတွေ အလုပ်ရှုပ်နေကြောင်း စန္ဒီမြင့်လွင်က အခုလို ရေးသားခဲ့ ပါတယ်။

'' ဒီရက်ပိုင်း ညီအမလေးယောက်အောက်တိုဘာမှာဖွင့်မယ့် ပိုးထည်တိုက်အတွက် တော်တော်အလုပ်ရူပ်နေကြတယ် ဆယ်လပိုင်းမှာတော့ အားလုံး အတွက်အဆင်အဆန်းအမြင်အဆန်းတွေပေးနိုင်ဖို့ကြိုးစားနေကြပါတယ် ပင်ပန်းပေမဲ့ပျော်တယ်လို့ဖီလင် စိုး အိတ်စိုက်တက်ပဲ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ သြဂုတ်လ ၂၄ ရက်နေ့ ည ၁၀ နာရီက ရေးသားတင်ခဲ့တာဖြစ်ပါတယ်။

Photo: မင်းသမီးပိုးထည်တိုက်

စိုးမြတ်သူဇာတို့ညီအစ်မတစ်စုရဲ့ ဝါဆိုသင်္ကန်းအလှူ 

အောင်မြင်တဲ့ သရုပ်ဆောင်၊ အဆိုတော်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင် တို့ဟာ ပရိသတ်အခိုင်အမာ ရရှိထားကြသူတွေဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်လောက် အထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က