ပြင်ဦးလွင်မှာ ရှိတဲ့ ပရဟိတဖောင်ဒေးရှင်းမှာ သွားလှူခဲ့တာပါ။

အောင်ထက်ဟာ Special 9 ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ဒီနေ့(စက်တင်ဘာ ၁၀ ရက်)မှာ ပြင်ဦးလွင်မှာရှိတဲ့ မေတ္တာစံအိမ် ပရဟိတဖောင် ဒေးရှင်းမှာ အလှူတွေ သွားလုပ်ခဲ့တာတွေ့ရပါတယ်။

Photo :ထူးအယ်လင်း FB

 

အောင်ထက်ဟာ Special 9 ရုပ်ရှင်အဖွဲ့သားတွေနဲ့အတူ ဒီနေ့(စက်တင်ဘာ ၁၀ ရက်)မှာ ပြင်ဦးလွင်မှာရှိတဲ့ မေတ္တာစံအိမ် ပရဟိတဖောင် ဒေးရှင်းမှာ အလှူတွေ သွားလုပ်ခဲ့တာတွေ့ရပါတယ်။ မေတ္တာစံအိမ် ပရဟိတဖောင်ဒေရှင်း မိန်းမသားတို့နားခိုရာ မေတ္တာဂေဟာ အိမ်တွင်းမှု အသက်မွေးဝမ်း ကျောင်း သင်တန်းမှာ Special 9 အဖွဲ့သားတွေအပြင် အဆိုတော် အောင်ထက်တို့က အပ်ချူပ်စက်ငါးလုံးစာ ငွေကျပ် (၇) သိန်းကို သွားရောက်လှူ ဒါန်းခဲ့တယ်လို့ အလှူမှာ ပါဝင်ထားတဲ့ အဆိုတော် ထူးအယ်လင်းက ပြောထားတာတွေ့ရပါတယ်။

"မေတ္တာစံအိမ် ပရဟိတဖောင်ဒေရှင်း မိန်းမသားတို့နားခိုရာ မေတ္တာဂေဟာ အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းသင်တန်း သို့ Special 9 ရုပ်ရှင်အနုပညာညီအကိုမောင်နှမများ ၊ မန်းမြေမှ Bikerများ ၊ စတူဒီယိုတေးသံရှင် အောင်ထက် တို့မှ အပ်ချုပ်စက်ငါးလုံးစာ ခုနှစ်သိန်း(၇၀၀,၀၀၀)သွားရောက်လှူဒါန်းခဲ့ကြပါတယ်" ဆိုပြီး စက်တင်ဘာ(၁၀)ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo :ထူးအယ်လင်း FB

အကြီးမားဆုံး အမှတ်တရတစ်ခုကို ပြန်ပြောပြလာတဲ့ အောင်ထက် 

မေတ္တာစံအိမ်ပရဟိတဖောင်ဒေးရှင်းကလည်း ပန်းတနော်မြို့နယ်မှာရှိတဲ့ ထူးအယ်လင်းတို့ သွားလှူမယ့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်း လေး အတွက် စာရေးကိရယာများကို ပြန်လည်လှူဒါန်းပေးခဲ့တာကြောင့် အဖွဲ့သားတွေအနေနဲ့ ပီတီဝေဖြာ သာဓုတွေ ခေါ်ဆိုခဲ့တာ တွေ့ ရပါတယ်။

"မေတ္တာစံအိမ်မှလည်း ပန်းတနော်မြို့နယ် အေးရွာရှိ ကိုယ်ထူကိုယ်ထမူလတန်းစာသင်းကျောင်းသား/သူ ကလေးငယ်များအတွက် ကျောင်းသုံး စာအုပ်နှင့်စာရေးကရိယာများကို ပြန်လည်လှူဒါန်းခြင်းကိုလက်ခံယူပေးခဲ့ပါတယ်ဗျ .... မင်္ဂလာရှိသောနေ့ထူးနေ့မြတ်လေးပါဗျာ ။ ယခုအလှူ အတွက် နတ် လူ ဘီလူး မုဒိတာပွားများ၍သာဓုခေါ်ဆိုနိုင်ကြပါစေ   သာဓု သာဓု သာဓု" ဆိုပြီး ထူးအယ်လင်းက ဆက်လက်ရေးသား ထားပါတယ်။

Photo :ထူးအယ်လင်း FB

 

အဆိုတော် ထူးအယ်လင်းက ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ အေးရွာမှာရှိတဲ့ ကိုယ်ထူကိုယ်ထ အခြေခံပညာမူလတန်းစာ သင်ကျောင်းလေး အတွက် အလှူရှင်တွေ ဖိတ်ခေါ်လို့ နေပါတယ်။ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောင်တွေကို ပြုပြင်မွမ်းမံခြင်း၊ အိမ်သာများ ပြုပြင်ခြင်း၊ ကလေးတွေအတွက် သောက်သုံးရေးအဆင်ပြေစေဖို့ ရေလှောင်စတီးရေကန်နဲ့ ကျောင်းဝတ်စုံများ၊ အခြားလိုအပ်သော ပစ္စည်းများကို သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ကြေညာခဲ့ဖူးပါတယ်။

ယင်းအလှူကိုလည်း စက်တင်ဘာ(၁၆) ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တယ်ဆိုပြီး ပြောထားပါသေးတယ်။အလှူအတွက် ကုန်ကျတဲ့ ငွေမှာ (၆၅)သိန်းခန့် ကုန်ကျမှာ ဖြစ်သလို ယခုလက်ရှိမှာ (၇) ရက်သားသမီးများက တစ်ဆယ့်ငါးသိန်းမတည်လှူဒါန်းထားတာကြောင့် ကျန်ငွေများအတွက် ဆက်လက်လှူဒါန်းပေးကြဖို့ အလှူရှင်များကို ဖိတ်ခေါ်ထားတာတွေ့ရပါတယ်။

Photo :ထူးအယ်လင်း FB

 

အောင်ထက်က လတ်တလော ဖျော်ဖြေပွဲတွေ သွားဖြစ်နေတယ်လို့သိရပါတယ်။သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေကိုလည်း လုပ်နေတဲ့သူက နှစ် Album လေးအတွက် MTV စရိုက်နေပြီလို့ ဆိုပါတယ်။

သူ့အနေနဲ့ အိမ်မက်ဆုံရာ ရာသက်ပန် သီချင်းဆိုပြိုင်ပွဲကြီးပြီးတဲ့နောက် ဟေ့...မိတ်ဆွေဆိုတဲ့ တစ်ကိုယ်တော်တေးစီးရီးကို ပထမဆုံးအကြိမ် ထွက်ရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက်တစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ နှစ် Album Audio CD ကိုလည်း ၂၀၁၇ ခုနှစ်ထဲမှာ ထွက်ရှိထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က