In partnership with  logo
သင်က အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေနေတဲ့ သူတစ်ယောက်ဆိုရင် ဒီနေရာတွေမှာ သွားရောက်ရှာဖွေပါ။

ဒီဘက်ခေတ်မှာ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရတာ လွယ်ကူလို့လာပါပြီ။ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဘယ်နေရာမှာ ရှာရမှန်းမသိဖြစ်နေကြတဲ့သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေနိုင်တဲ့ နေရာ (၇) နေရာကို ဖော်ပြပေးချင်ပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေတယ်လို့ ထင်ကြသူတွေအတွက် အဲဒီရှေးရိုးစွဲအမြင်ကြီးကို စွန့်ပစ်လိုက်ဖို့ ပြောချင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းမှာ ဒီဘက်ခေတ်မှာ ကိုယ့်အိမ်ကနေ ထိုင်ပြီး ရှာဖွေနိုင်သလို ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းနဲ့ ပြပွဲတွေကနေတစ်ဆင့်လည်း ရှာဖွေလို့ ရနေပါပြီ။



(၁) ဆိုရှယ်မီဒီယာ

ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ Facebook, Viber နဲ့ LinkedIn တို့ဟာ ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရာ နေရာတစ်ခုဖြစ်လို့လာပါပြီ။ အလုပ်အကိုင်ရှာဖွေပေးနေတဲ့ Page တွေ၊ အလုပ်အကိုင်ခေါ်ယူနေတဲ့ Page တွေအပြင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တဲ့ အစုအဖွဲ့ ဂရုတွေ များစွာ ဆိုရှယ်မီဒီယာပေါ်မှာ ရှိနေတဲ့အတွက် ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို လွယ်လွယ်ကူကူ အွန်လိုင်းကနေတစ်ဆင့် ရှာဖွေလို့ရနိုင်ပါတယ်။

(၂) အလုပ်အကိုင်ပြပွဲ

အိမ်ယာပြပွဲ၊ ကားပြပွဲတွေလိုပဲ နောက်ပိုင်းမှာ ခေတ်စားလာတာကတော့ အလုပ်အကိုင်ပြပွဲတွေပါ။ ဒီလိုပြပွဲတွေကို သွားမယ်ဆိုရင် ကိုယ့်ရဲ့ CV Form တစ်ထပ်ကြီး သယ်ဆောင်သွားရုံပါပဲ။ ကိုယ်အလုပ်လျှောက်လိုတဲ့ ကုမ္ပဏီ၊ ရာထူးကို တွေ့ပြီဆိုရင် တစ်ခါတည်းလျှောက် ၊ တစ်ခါတည်း အလုပ်အင်တာဗျူးပြီး တစ်ခါတည်း ခန့်အပ်လိုက်တဲ့အထိ အလုပ်အကိုင်ပြပွဲတွေက အခွင့်အလမ်းတွေ အများကြီးပေးပါတယ်။ လက်ရှိမှာတော့ ကိုဗစ်ကာလဖြစ်နေတဲ့အတွက် အလုပ်အကိုင်ပြပွဲတွေကို အွန်လိုင်းကနေ ကျင်းပတာမျိုး ပြုလုပ်နေတာကိုလည်း

တွေ့ရပါတယ်။ ဒါ့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းလိုချင်တဲ့သူတွေအနေနဲ့ အလုပ်အကိုင်ပြပွဲ ကျင်းပမယ့် အချိန် ၊ နေရာတွေကို မျက်ခြေမပြတ် နားစွင့်ထားဖို့ လိုအပ်ပါတယ်။

ကိုယ် လျှောက်လိုတဲ့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုဒ်ကိုလည်း ကိုယ် မျက်ခြေမပြတ် စောင့်ကြည့်ရမယ့်စာရင်းထဲမှာ ထည့်ထားဖို့ လိုအပ်ပါတယ်။

(၃)ကုမ္ပဏီဝက်ဘ်ဆိုဒ်

အခုနောက်ပိုင်းတွေမှာ ကုမ္ပဏီတွေက ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွေ တည်ထောင်လာပြီး အဲဒီ ဝက်ဘ်ဆိုဒ်တွေကနေတစ်ဆင့် အလုပ်အကိုင်တွေ ခေါ်ယူနေတာမျိုး ပြုလုပ်လာကြပါတယ်။ ဒါ့ကြောင့် ကိုယ် လျှောက်လိုတဲ့ ကုမ္ပဏီရဲ့ ဝက်ဆိုက်ကိုလည်း ကိုယ် မျက်ခြေမပြတ် စောင့်ကြည့်ရမယ့်စာရင်းထဲမှာ ထည့်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ်ကို ခေါ်ယူပြီဆိုတာနဲ့ ချက်ချင်း လျှောက်ထားလို့ ရနိုင်မှာဖြစ်ပါတယ်။

(၄)ဂျာနယ်

အလုပ်အကိုင်အခွင့်အလမ်းတွေကို ဂျာနယ်တွေ၊ သတင်းစာတွေကနေတစ်ဆင့်လည်း ရှာဖွေနိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ "အခွင့်အလမ်း" ဂျာနယ်လိုမျိုး အလုပ်အကိုင်အခွင့်အလမ်းတွေ သီးသန့် ကြည့်ရှူနိုင်တဲ့ ဂျာနယ်တွေရှိသလို တချို့ ဂျာနယ်တွေ ၊ သတင်းစာတွေကနေ တစ်ဆင့်လည်း ကိုယ့်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေနိုင်ပါသေးတယ်။

(၅)အလုပ်အကိုင်အေဂျင်စီဝက်ဘ်ဆိုဒ်များ

အလုပ်အကိုင်အခွင့်အလမ်းတွေကို သီးသန့်တင်ပေးနေတဲ့ အလုပ်အကိုင်အေဂျင်စီဝက်ဘ်ဆိုဒ်တွေမှာ ဝင်ရောက်ကြည့်ရှူပြီးတော့လည်း ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေနိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ Myjobs တို့လို အေဂျင်စီဝက်ဘ်ဆိုဒ်တွေမှာ ကိုယ့်အိမ်ကနေ ထိုင်ရာမထတမ်း တစ်ခါတည်း အလုပ်အကိုင် ရှာဖွေနိုင်သလို ကိုယ်နဲ့ ကိုက်ညီတဲ့ အလုပ်ကို တွေ့ပြီဆိုရင်လည်း တစ်ခါတည်းလျှောက်ထားနိုင်ဖို့အတွက် စီစဉ်ထားတာဖြစ်လို့ အရမ်းကို လွယ်ကူပါတယ်။

(၆) အလုပ်အကိုင်အေဂျင်စီများ

အပေါ်က ပြောခဲ့တာကတော့ Digital တွေ၊ အွန်လိုင်းတွေကို အသုံးပြုပြီး လျှောက်ထားရတဲ့ နေရာဖြစ်ပြီး အခု ပြောပြချင်တာကတော့ အွန်လိုင်းကနေမဟုတ်ဘဲ လူကိုယ်တိုင် တိုက်ရိုက်ချိတ်ဆက်ရမယ့် အလုပ်အကိုင် အေဂျင်စီတွေပဲဖြစ်ပါတယ်။ ဒီအလုပ်အကိုင်အေဂျင်စီတွေကတော့ ကိုယ့်ရဲ့ CV Form ကို ကြည့်ရှူပြီး ကိုယ်နဲ့ ကိုက်ညီမယ့် အလုပ်ရာထူးတွေကို ကုမ္ပဏီဆီ ပေးပို့လျှောက်ထားပေးမယ့် အလုပ်အေဂျင်စီလုပ်ငန်းတွေဖြစ်ပါတယ်။

(၇) မိတ်ဆွေအပေါင်းအသင်းများ

ဒါကတော့ ကိုယ်ကျင်လည်ရာ လုပ်ငန်းခွင်ကနေတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေနိုင်တယ်လို့ ဆိုလိုတာပါ။ ကိုယ်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ မိတ်ဆွေတွေကနေတစ်ဆင့် ကိုယ့်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေလို့ရနိုင်ပါတယ်။ တစ်ဆင့်စကား တစ်ဆင့်နားကနေတစ်ဆင့် ဘယ်ကုမ္ပဏီက ဘယ်ရာထူးတွေ ခေါ်နေသလဲဆိုတာကို နားစွင့်ထားဖို့လိုအပ်သလို ကိုယ်တိုင်ကလည်း အလုပ်ခေါ်ဆိုမှုတွေရှိခဲ့ရင် ကိုယ့်ဆီ အကြောင်းကြားဖို့ တောင်းဆိုထားဖို့ လိုအပ်ပါတယ်။

ဒီ (၇)နေရာကတော့ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေလိုသူတွေအတွက် ထိထိရောက်ရောက်နဲ့ လွယ်လွယ်ကူကူ သွားရောက်(ဝင်ရောက်) ရှာဖွေလျှောက်ထားနိုင်တဲ့ နေရာတွေဖြစ်ပါတယ်။

ပြီးရင်တော့ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ အွန်လိုင်းကနေ အလုပ်ရှာလို့ရမယ့် နေရာ (၄) ခု နဲ့ အကြပ်အတည်း ကာလမှာ သင်နဲ့ကိုက်ညီတဲ့အလုပ်ရဖို့ ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာတွေကိုပါ တစ်ဆက်တည်း လေ့လာဖတ်ရှူနိုင်ပါတယ်။ 

လစာဝင်ငွေကောင်းမွန်ပြီး တိုးတက်မှုတွေ အများကြီးရရှိနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို https://bit.ly/330KX0Bတွေကတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 


Share

Loading Next Article...
က္က