In partnership with  logo
အသက်မွေးဝမ်းကြောင်းအလုပ်ကို ပြောင်းလဲလုပ်ကိုင်ရမယ့်အချိန်ကို ကျရောက်လာပါပြီ။

လူတိုင်း လူတိုင်းမှာ တစ်ခါတရံတော့ အသက်မွေးဝမ်းကြောင်းမှုကို လွဲမှားစွာရွေးချယ်ခဲ့မိတာမျိုးတွေ ရှိနေနိုင်တတ်ပါတယ်။ ကိုယ် ကျွမ်းကျင်စွာ ကျင်လည်လာခဲ့တဲ့ အသက်မွေးဝမ်းကြောင်းနယ်ပယ်က ကိုယ့်အတွက် မဟုတ်ဘူးဆိုတာမျိုး ခံစားလာရတဲ့သူတွေရှိနေနိုင်ပါတယ်။

အသက်မွေးဝမ်းကြောင်းနယ်ပယ်ကို ပြောင်းလဲဖို့ဆိုတာ ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်သလို တစ်ခါတလေမှာတော့ ပြောင်းကိုပြောင်းရမယ့် အခြေအနေမျိုးတွေ ကြုံတွေ့လာရတတ်ပါတယ်။



ကျင်လည်လုပ်ကိုင်နေတဲ့ အသက်မွေးဝမ်းကြောင်းကို စွန့်ခွာဖို့ သင့်ပြီဆိုတာကို အချက် ( ၅) ချက် နဲ့ သိနိုင်ပါတယ်။

၁။စိတ်ပါဝင်စားမှုမရှိတော့တဲ့အခါ

အလုပ်လုပ်လာရင်းနဲ့ ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်ကို စိတ်ပါဝင်စားမှုမရှိတော့တဲ့အခါမျိုးတွေ တစ်ကြိမ်ထက်မက ထပ်တလဲလဲ ဖြစ်လာပြီဆိုရင်တော့ အသက်မွေးဝမ်းကြောင်းအသစ်ကို ပြောင်းလဲ လုပ်ကိုင်ဖို့ လိုအပ်လာပါပြီ။ နေ့စဉ်ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်အပေါ် ကိုယ်က စိတ်ဝင်စားမှု လျော့နည်းလာတာဟာ ဒီအသက်မွေးမှုနဲ့ ကိုယ်ဟာ မကိုက်ညီကြောင်း ပြသနေတဲ့ အချက်ပဲဖြစ်ပါတယ်။

ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်ကို စိတ်ပါဝင်စားမှုမရှိတော့တဲ့အခါမျိုးတွေ တစ်ကြိမ်ထက်မက ထပ်တလဲလဲ ဖြစ်လာပြီဆိုရင်တော့ အသက်မွေးဝမ်းကြောင်းအသစ်ကို ပြောင်းလဲ လုပ်ကိုင်ဖို့ လိုအပ်လာပါပြီ။

၂။စိတ်ရောကိုယ်ပါ လက်ပန်းကျလာတဲ့အခါ

အလုပ်ကြောင့် စိတ်ဖိစီးမှုများတာ ၊ လုပ်ငန်းခွင်အတွင်း ပြဿနာတွေ ရင်ဆိုင်ရတာက သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်ပါ။ ဒါပေမယ့် လတွေ ၊ နှစ်တွေနဲ့ ချီနေအောင် ကိုယ်ဟာစိတ်ရောကိုယ်ပါ ချုံးချုံးကျပြီး ပင်ပန်းလာတယ်၊ ကျင်လည်ရာ အသက်မွေးဝမ်းကြောင်းလောကဟာ ကိုယ်နဲ့ မသက်ဆိုင်တော့သလို ခံစားလာရတယ်ဆိုရင်တော့ ဒါဟာ သင့်ရဲ့ အသက်မွေးဝမ်းကြောင်းအသစ်ကို ရှာဖွေဖို့ လိုပြီဆိုတာ အချက်ပြနေတာပါပဲ။

၃။ဝင်ငွေနဲ့ ဘဝ တိုးတက်လာခြင်းမရှိတဲ့အခါ

ဒီအချက်ကတော့ အရေးကြီးပါတယ်။ ကိုယ်က နှစ်နဲ့ချီအောင် အလုပ်အပေါ် အချိန်တွေ ၊ လုပ်အားတွေ နှစ်မြှုပ်ခဲ့ပေမယ့်လည်း ကိုယ့်အတွက် ဝင်ငွေ တိုးတက်မှုရော ဘဝအတွက် တိုးတက်မှုပါ ရှာမတွေ့တဲ့ အသက်မွေးဝမ်းကြောင်းမျိုးဖြစ်နေပြီဆိုရင်လည်း စွန့်ခွာဖို့ ပြင်ဆင်ရပါမယ်။ ကိုယ်စိတ်ဝင်စားတာ ဘာလဲ၊ ကိုယ့်ရဲ့ တိုးတက်လမ်းကြောင်းကို ရရှိနိုင်စေမယ့် အသက်မွေးဝမ်းကြောင်းဟာ ဘာဖြစ်မလဲဆိုတာကို စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။

၄။လူတွေရဲ့ လိုအပ်ချက်၊ ရေစီးကြောင်းတွေအရ ပြောင်းလဲလာတဲ့အခါ

တစ်ခါတရံ ကိုယ် အသက်မွေးဝမ်းကြောင်း အလုပ် ပြောင်းလဲဖို့ လိုအပ်လာတာတွေဟာ ကိုယ့်ကြောင့်မဟုတ်ဘဲ လူတွေရဲ့ လိုအပ်ချက်၊ စီးပွားရေးလောကရဲ့ ပြောင်းလဲမှု နဲ့ ခေတ်အလိုက် ပြောင်းလဲလာမှုတွေကြောင့် ဖြစ်လာတတ်ပါတယ်။ လူတွေရဲ့ လူနေမှုစတိုင်တွေ ပြောင်းလဲလာတာ ၊ ခေတ်အလိုက် ကုန်စည်စီးဆင်းမှုတွေ၊ စီးပွားရေးနယ်ပယ်ရဲ့ ပြောင်းလဲလာတဲ့ ရေစီးကြောင်းတွေကိုလိုက်ပြီး ကိုယ့်ရဲ့ စားဝတ်နေရေးပြေလည်စေဖို့ ၊ ဘဝရပ်တည်နိုင်ဖို့ ၊ ဝင်ငွေရရှိနိုင်ဖို့အတွက် အသက်မွေးဝမ်းကြောင်းအသစ်ကို ပြောင်းလဲလုပ်ကိုင်ကြရပါတယ်။

၅။မဖြစ်မနေပြောင်းလဲဖို့ ကြုံတွေ့လာရတဲ့အခါ

နောက်ဆုံးအချက်ကတော့ ဒီကာလကြီးနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။ မဖြစ်မနေ ပြောင်းလဲဖို့ ကြုံတွေ့လာရတဲ့ အချိန်ဆိုတာ ဥပမာပြောရရင် ခုလို ကိုဗစ်အကြပ်အတည်းကာလတွေကိုဆိုလိုတာပါ။ ကိုဗစ်ကြောင့် တစ်ချို့သူတွေဟာ အလုပ်မရှိတော့တာ၊ အလုပ်က ထွက်လိုက်ရတာ ၊ အလုပ်ထုတ်ပယ်ခံရတာတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ကိုယ် ကျင်လည်လုပ်ကိုင်ခဲ့တဲ့ အသက်မွေးမှုဟာ ဒီလို ကိုဗစ်ကာလမှာ လုပ်ကိုင်လို့ မရတော့တဲ့ အခြေအမျိုးကြောင့် မဖြစ်မနေ အသက်မွေးမှုအသစ်ကို ပြောင်းလဲလုပ်ကိုင်လိုက်ရတာမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။

ဘာ့ကြောင့်ပဲ အသက်မွေးဝမ်းကြောင်းအလုပ်ကို စွန့်ခွာရ စွန့်ခွာရ အရေးကြီးတာက ကိုယ်ပြောင်းလဲလုပ်ကိုင်ရမယ့် အသက်မွေးဝမ်းကြောင်းအလုပ်ဟာ ကိုယ့်အတွက် တကယ်ကိုက်ညီမှုရှိရဲ့လား၊ ကိုယ် တကယ် စိတ်ပါဝင်စားရဲ့လား၊ ကိုယ့်အတွက် တိုးတက်ရာတိုးတက်ကြောင်းတကယ်ရှိရဲ့လားဆိုတာကို သေသေချာချာ စဉ်းစားဆုံးဖြတ်ဖို့တော့လိုအပ်ပါတယ်။

ဒါတင်မက ကိုယ်နဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကြောင်းဟုတ်မဟုတ် ဆန်းစစ်ဖို့ အဆင့် (၅)ဆင့် ကို သေချာဆန်းစစ်ပြီး ကိုဗစ်ကာလမှာ သင်ရင်ဆိုင်ကျော်ဖြတ်ရမယ့် လုပ်ငန်းခွင်စိန်ခေါ်မှု ၄ ခု ကဘာတွေလဲဆိုတာ သိရင်တော့ ကိုယ့်အသက်မွေးဝမ်းကြောင်းအမှုမှာ အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ 

အလုပ်လျှောက်ထားလိုသူတွေအတွက်လည်း https://bit.ly/342kQ9b ကနေတစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ 

လူတိုင်း မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်နိုင်ပြီး အောင်မြင်တိုးတက်ကြပါစေ။ 


Share

Loading Next Article...
က္က